Africa & Middle East
အီရန်၏ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှ လူ ၃ ဦး သေဆုံးကာ လူ ၁၅၀ ကျော် ဒဏ်ရာရရှိ

တဲလ်အဗစ်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
အီရန်က အစ္စရေးအပေါ် ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှ လူ ၃ ဦး သေဆုံးကာ လူ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးမီဒီယာက ဇွန် ၁၄ ရက်တွင် ကယ်ဆယ်ရေးဌာနနှင့် ဆေးရုံအများအပြား၏ သတင်းများကို ကိုးကား၍ ဖော်ပြကြသည်။ ဇွန် ၁၃ ရက် နံနက်ပိုင်းမှစ၍ အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံ ဒေသအများအပြားသို့ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ် လုပ်ဆောင်ခဲ့ပြီး အီရန်၏ နျူကလီးယား အဆောက်အဦနှင့် စစ်ရေးပစ်မှတ်များအား တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံးဒဏ်ရာရမှုဖြစ်ခဲ့သည်။ အီရန်ဘက်ကလည်း အစ္စရေးဘက်သို့ တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

အစ္စရေးနိုင်ငံ အလယ်ပိုင်းတွင် ပြည်သူတစ်ဦးက ပျက်စီးသွားသော အဆောက်အဦအတွင်းမှ ထွက်ခွာလာသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ အလယ်ပိုင်းတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရသည့်နေရာသို့ ရောက်ရှိလာသော ဆေးကုသရေးဝန်ထမ်းများကို ၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
伊朗导弹袭击已致以色列3人死亡150余人受伤
新华社照片,特拉维夫,2025年6月14日
据以色列媒体14日援引救援部门和多家医院消息报道,伊朗对以色列发动的导弹袭击已导致以色列3人死亡、150余人受伤。自13日凌晨以来,以色列对伊朗多地发动大规模空袭,轰炸伊朗核设施和军事目标,造成大量人员伤亡。伊朗已对以色列发起反击。
1. 6月13日,在以色列中部,应急人员抵达导弹袭击现场。 新华社发(贾马尔·阿瓦德摄)
2. 6月13日,在以色列中部,一名居民从一栋受损的建筑中撤离。新华社发(贾马尔·阿瓦德摄)
3. 6月13日,在以色列中部,医护人员抵达导弹袭击现场。新华社发(贾马尔·阿瓦德摄)