China
တရုတ်နိုင်ငံရှိ မြို့ပေါင်း ၁၂၈ မြို့တွင် တရုတ်-ဥရောပ ရထားလိုင်း ဖွင့်လှစ်ထားပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
တရုတ်-ဥရောပ ရထားသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်၏ အထင်ကရအောင်မြင်မှုဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံရှိ မြို့ပေါင်း ၁၂၈ မြို့၌ တရုတ်-ဥရောပ ရထားလိုင်း ဖွင့်လှစ်ထားပြီဖြစ်ရာ ဥရောပနိုင်ငံ ၂၆ နိုင်ငံရှိ မြို့ပေါင်း ၂၂၉ မြို့နှင့် အာရှနိုင်ငံ ၁၁ နိုင်ငံရှိ မြို့ပေါင်း ၁၀၀ ကျော်အထိ ရောက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် အတူညှိနှိုင်း၊ အတူတည်ဆောက်၊ အတူမျှဝေသော ပူးပေါင်းဆောင်ရွက်မှု အခြေခံမူကို ထိန်းသိမ်းသွားမည်ဖြစ်သလို ကမ္ဘာ့ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မှု၏ အဓိကမောင်းနှင်စွမ်းအားအဖြစ်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်-ဥရောပ ရထား၏ နှစ်ပေါင်းများစွာ စုစုပေါင်းပြေးဆွဲမှုမှာ ၁၁၀,၀၀၀ စင်းကျော်ရှိပြီး ပို့ဆောင်ခဲ့သော ကုန်စည်တန်ဖိုးမှာ ကန်ဒေါ်လာ ၄၅၀ ဘီလီယံကျော်ရှိကြောင်း နောက်ဆုံးစာရင်းအင်အချက်အလက်များက ဖော်ပြလျက်ရှိရာ တရုတ်-ဥရောပ ရထားသည် လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ “အရှိန်မြှင့်စက်” ဖြစ်သည်ဟု ယူဆသော မှတ်ချက်ရှိကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်ကဲ့သို့သုံးသပ်ပြောကြားလိုပါသနည်းဟု သတင်းထောက်က ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
တရုတ်-ဥရောပ ရထားသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်၏ အထင်ကရအောင်မြင်မှုဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံရှိ မြို့ပေါင်း ၁၂၈ မြို့၌ တရုတ်-ဥရောပ ရထားလိုင်း ဖွင့်လှစ်ထားပြီး ဥရောပနိုင်ငံ ၂၆ နိုင်ငံရှိ မြို့ပေါင်း ၂၂၉ မြို့နှင့် အာရှနိုင်ငံ ၁၁ နိုင်ငံရှိ မြို့ပေါင်း ၁၀၀ ကျော်အထိ ရောက်ရှိရာ ပျမ်းမျှအားဖြင့် နာရီဝက်မကြာမီတွင် ရထားတစ်စင်း ထွက်ခွာကြောင်း၊ တရုတ်-ဥရောပ ရထား ပြေးဆွဲမှုမှာ အထူးထိရောက်မှု၊ တည်ငြိမ်အဆင်ပြေချောမွေ့မှုရှိပြီး အာရှ-ဥရောပ စီးပွားရေးနှင့် ကုန်သွယ်ရေး ကူးလူးမှုအတွက် ပေါင်းကူးတံတားတစ်ခုတည်ဆောက်ပေးရုံသာမက လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများအတွက်လည်း ဖွံ့ဖြိုးတိုးတက်ရေးစွမ်းအင်များ ဖြည့်တင်းပေးကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
တရုတ်-ဥရောပ ရထားသည် တရုတ်နိုင်ငံက ကမ္ဘာကြီးနှင့်အတူ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်ရေး ပူးပေါင်းဆောင်ရွက်မှု၏ ပုံရိပ်ငယ်ဖြစ်ကြောင်း၊ တည်ငြိမ်စွာလည်ပတ်နေသော တရုတ်-လာအို မီးရထားလမ်းဖြစ်စေ၊ အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ် ရထားဖြစ်စေ၊ သို့မဟုတ် လက်ရှိတွင် ဆောက်လုပ်ဆဲဖြစ်သော တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် မီးရထားလမ်းဖြစ်စေ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ်များသည် နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းထိရောက်မှုကို မြှင့်တင်ပေးကာ လူပုဂ္ဂိုလ် ကူးလူးသွားလာမှုနှင့် ကုန်သွယ်မှုကို တွန်းအားပေးကြောင်း၊ ကုန်ထုတ်လုပ်ငန်း ဟန်ချက်ညီညီ ဆောင်ရွက်ရေးနှင့် တန်ဖိုးကွင်းဆက် (Value chain) ပေါင်းစည်းရေးကို နက်ရှိုင်းစေသလို သက်ဆိုင်ရာနိုင်ငံများ၏ ကုန်ထုတ်လုပ်ငန်း အသွင်ပြောင်းအဆင့်မြှင့်တင်မှုကို တွန်းအားပေးပြီး ဒေသခံပြည်သူများအား လက်တွေ့ကျသော အကျိုးအမြတ်များ ဆောင်ကြဉ်းပေးခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
အပြန်အလှန် ဆက်သွယ်ချိတ်ဆက်မှုသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်၏ အဓိကထား ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အတူညှိနှိုင်း၊ အတူတည်ဆောက်၊ အတူမျှဝေသော ပူးပေါင်းဆောင်ရွက်မှု အခြေခံမူကို ထိန်းသိမ်းသွားမည်ဖြစ်သလို ကမ္ဘာ့ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မှု၏ အဓိကမောင်းနှင်စွမ်းအားအဖြစ်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပင်ကိုဖွံ့ဖြိုးတိုးတက်မှုဖြင့် ကမ္ဘာကြီးအား အကျိုးပြုမည်ဖြစ်ပြီး နိုင်ငံစုံ ဘုံအကျိုးစီးပွားကို ဖော်ဆောင်မည်ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား ဇွန် ၁၃ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)
…………………………….
(Chinese Version)
外交部:中国已有128个城市开通中欧班列
新华社北京6月13日电(记者刘杨、袁睿)外交部发言人林剑13日表示,中欧班列是“一带一路”倡议的标志性成果。目前,中国已有128个城市开通了中欧班列,通达欧洲26个国家的229个城市以及亚洲11个国家的100余个城市。中国将坚持共商共建共享合作原则,继续做世界互联互通的重要驱动力量。
当日例行记者会上,有记者问:最新统计数据显示,中欧班列历年累计开行突破11万列,发送货值超4500亿美元。有评论认为,中欧班列已成为沿线国家经贸合作的“加速器”。发言人对此有何评论?
林剑表示,中欧班列是“一带一路”倡议的标志性成果。目前,中国已有128个城市开通了中欧班列,通达欧洲26个国家的229个城市以及亚洲11个国家的100余个城市,平均不到半小时就有1列发车。中欧班列运行高效稳定畅通,不仅架起亚欧经贸往来的桥梁,也为沿线国家注入发展动能。
他说,中欧班列是中国同世界开展互联互通合作的一个缩影。不论是平稳运行的中老铁路、西部陆海新通道班列,还是正在建设的中吉乌铁路,一条条物流新通道提高了跨境物流效率,促进了人员交流与贸易往来,深化了产业协同和价值链融合,带动相关国家产业转型升级,为当地民众带来实实在在的获得感。
林剑表示,互联互通是“一带一路”倡议重点合作领域。中国将坚持共商共建共享合作原则,继续做世界互联互通的重要驱动力量,以自身发展惠及世界,实现多方共赢。(完)
图说1:6月10日,75052次中欧班列从青岛胶州站缓缓驶出(无人机照片)。新华社记者 李紫恒 摄