Europe
ရုရှားနှင့် အမေရိကန်သမ္မတတို့ ဖုန်းဖြင့်ဆက်သွယ်၍ ယူကရိန်းနှင့် အစ္စရေး-အီရန်အရေး ဆွေးနွေး

မော်စကို၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့သည် ဇွန် ၁၄ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်၍ ယူကရိန်းအခြေအနေနှင့် အစ္စရေးက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က ထိုနေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် မိနစ် ၅၀ ကြာ ဆွေးနွေးခဲ့ပြီး ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုသည် “အကျိုးရှိကြောင်း” Yuri Ushakov က ဆိုသည်။ ပူတင်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာတွင် ရုရှားနှင့် ယူကရိန်းတို့ စစ်သုံ့ပန်းချင်း လဲလှယ်မှုအခြေအနေကို မိတ်ဆက်ပြောကြားခဲ့ပြီး ရုရှားအနေဖြင့် ဇွန် ၂၂ ရက် ပြီးနောက် ယူကရိန်းနှင့် ဆက်လက် ဆွေးနွေးညှိနှိုင်းလိုကြောင်း အတည်ပြုခဲ့သည်။ ပူတင်က အီရန်အပေါ် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကို ရှုတ်ချခဲ့ပြီး နှစ်နိုင်ငံအတွက် စေ့စပ်ညှိနှိုင်ပေးလိုကြောင်း ပြောကြားခဲ့သည်။
ထရမ့်က အစ္စရေးနှင့် အီရန်တို့၏ သက်ဆိုင်ရာအခြေအနေသည် “အလွန်အမင်း စိုးရိမ်ပူပန်စေ” ကြောင်း ပြောကြားခဲ့ပြီး တစ်ချိန်တည်းတွင် အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုသည် “ထိရောက်မှုရှိ” ကြောင်း၊ အမေရိကန် ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အနေဖြင့် အီရန်နှင့်အတူ အီရန်နျူကလီးယားအရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာလုပ်ငန်းများ ပြန်လည် လုပ်ဆောင်သွားလိုကြောင်းလည်း ပြောကြားခဲ့သည်။ ထရမ့်က ယူကရိန်းအကျပ်အတည်းအား ဆောလျင်စွာ အဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များက ဆွေးနွေးရာတွင် နှစ်နိုင်ငံက ဒုတိယကမ္ဘာစစ်ကာလအတွင်း ရဲဘော်ရဲဘက် သံယောဇဉ်အကြောင်းပြောကြားခဲ့ပြီး အပြန်အလှန်၏ “အပြုသဘောဆောင်သော ပုဂ္ဂိုလ်ရေးဆက်ဆံမှု” အပေါ် ကျေနပ်မှုရှိကြကြောင်း ပြောကြားခဲ့သည်ဟု Yuri Ushakov က ဆိုသည်။ (Xinhua)
——————-
(Chinese Version)
俄美总统通电话讨论乌克兰和以伊局势
新华社莫斯科6月14日电(记者陈汀)俄罗斯总统助理乌沙科夫14日对媒体表示,俄总统普京当天与美国总统特朗普通电话,讨论了乌克兰局势以及以色列对伊朗的军事行动。
乌沙科夫说,双方交谈50分钟,通话是“有益的”。普京在通话中介绍了俄罗斯与乌克兰交换俘虏情况,并确认俄罗斯愿意在6月22日后继续与乌克兰谈判。普京谴责以色列对伊朗的军事行动,愿意为两国提供调解。
特朗普表示,以色列与伊朗相关局势“非常令人担忧”,同时称以色列对伊朗的打击“有效果”,美国谈判代表愿与伊朗就伊核问题恢复工作。特朗普表示希望尽快结束乌克兰危机。
乌沙科夫说,两国领导人在会谈中提到两国在二战时期的战友情谊,并对彼此“积极的个人关系”表示满意。(完)
图说:这是2019年6月28日在日本大阪拍摄的参加G20峰会的美国总统特朗普(右)和俄罗斯总统普京。新华社/美联