Connect with us

Africa & Middle East

အစ္စရေး ဆက်လက်တိုက်ခိုက်နေပါက အီရန်-အမေရိကန် စေ့စပ်ညှိနှိုင်းရေး ရှိလာမည်မဟုတ်ကြောင်း အီရန်သမ္မတ ပြောကြား

အီရန် မြို့တော် တီဟီရန်တွင် ပေါက်ကွဲမှုအပြီး မီးခိုးလိပ်များ လွင့်ပျံတက်လာသည်ကို ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ/အေပီ)

တီဟီရန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
အီရန်အား အစ္စရေး ဆက်လက်တိုက်ခိုက်နေသရွေ့ အီရန်သည် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှု ပြန်လည်စတင်မည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က ဇွန် ၁၄ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့သည်။

အီရန်သည် မည်သည့်အခါကမျှ စစ်ပွဲကို မရှာဖွေခဲ့သော်လည်း မိမိကိုယ်ကိုကာကွယ်မှုအား မဆုတ်မရွံ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အီရန်သည် ယုတ္တိမရှိသော တောင်းဆိုချက်များနှင့် ဖိနှိပ်မှုအောက်တွင်ရှိသော စံနှစ်မျိုးထားခြင်းကို လက်ခံမည်မဟုတ်သလို အစ္စရေးက ဆက်လက်တိုက်ခိုက်မှုပြုနေစဉ် စေ့စပ်ညှိနှိုင်းရေးစကားဝိုင်းရှေ့သို့ ရောက်လာမည်မဟုတ်ကြောင်း ပါဇက်ရှ်ကီရမ်က ဖုန်းခေါ်ဆိုမှုတွင် အလေးအနက်ထား ပြောကြားခဲ့သည်ဟု အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းအေဂျင်စီ (IRNA) ၏ သတင်းဖော်ပြမှုအရ သိရသည်။

မက်ခရွန်က ၎င်းနှင့် ပါဇက်ရှ်ကီရမ် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် အီရန်နျူကလီးယားအရေးသည် စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းရမည်ဟု အဆိုပြုခဲ့ကြောင်း၊ အီရန်အနေဖြင့် စေ့စပ်ညှိနှိုင်းရေးစကားဝိုင်းသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရန်၊ “ဒါက အခြေအနေပြေလျော့ရေးအတွက် အခုတည်းသော ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းဖြစ်တယ်” ဟု ၎င်းက တိုက်တွန်းခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ဘက်အသီးသီးအနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနေကာ အခြေအနေ ပိုမိုဆိုးရွားလာခြင်းကို ရှောင်ရှားရန် တိုက်တွန်းခဲ့ကြောင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

အိုမန် နိုင်ငံခြားရေးဝန်ကြီး Badr က အိုမန်နိုင်ငံ မြို့တော် မတ်စ်ကက်တွင် မူလက ဇွန် ၁၅ ရက်၌ ကျင်းပရန်စီစဉ်ထားသည့် ၆ ကြိမ်မြောက် အီရန်-အမေရိကန် စေ့စပ်ညှိနှိုင်းမှုမှာ “ကျင်းပတော့မည်မဟုတ်”ကြောင်း ဇွန် ၁၄ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

ဇွန် ၁၃ ရက် နံနက်အစောပိုင်းမှစ၍ အစ္စရေးက အီရန်အား လေကြောင်းတိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး နျူကလီးယားအဆောက်အဦနှင့် စစ်ရေး ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရသူ အများအပြားရှိခဲ့သည်။ အီရန်သည် အဆိုပါနေ့ ညပိုင်းတွင်ပင် ပဲ့ထိန်းဒုံးကျည်၊ ဒရုန်းများသုံး၍ တန်ပြန်တိုက်ခိုက်ခဲ့သည်။ ဇွန် ၁၄ ရက်တွင် နှစ်ဖက်သည် လေကြောင်းတိုက်ခိုက်မှုများ အပြန်အလှန် ဆက်လက်ပြုလုပ်ခဲ့ကြသည်။ (Xinhua)

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ အဆောက်အဦတစ်လုံး ဇွန် ၁၃ ရက်က ဒုံးကျည်ထိမိစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
伊朗总统:若以色列继续袭击就不会有伊美谈判
新华社德黑兰6月14日电 伊朗总统佩泽希齐扬14日与法国总统马克龙通电话时表示,只要以色列继续袭击伊朗,伊朗就不会恢复与美国的谈判。
据伊朗伊斯兰共和国通讯社报道,佩泽希齐扬在通话中强调,伊朗从未寻求战争,但将毫不犹豫地进行自卫。伊朗不会接受无理要求和施压下的双重标准,也不会在以色列继续发动攻击时坐在谈判桌前。
马克龙在社交媒体发文说,他在与佩泽希齐扬通话时提出伊朗核问题必须通过谈判解决。他呼吁伊朗尽快重返谈判桌,“这是缓和局势唯一可能的途径”。他同时呼吁各方保持最大限度克制,避免事态升级。
阿曼外交大臣巴德尔14日在社交媒体发文说,原定于15日在阿曼首都马斯喀特举行的伊朗与美国第六轮谈判“将不再举行”。
13日凌晨以来,以色列持续大规模空袭伊朗,轰炸核设施和军事目标,造成大量人员伤亡。伊朗当晚动用弹道导弹、无人机发起反击。14日,双方继续相互发动空袭。(完)
图说:这是6月13日在伊朗首都德黑兰拍摄的爆炸后升起的浓烟。新华社/美联
图说:6月13日,在以色列特拉维夫,一栋大楼被导弹击中。新华社发(托默·诺伊贝格摄/基尼图片社)