North America
အမေရိကန် စစ်ရေးပြပွဲကျင်းပသည့်နေ့တွင် ဒေသအများအပြား၌ အကြီးအကျယ် စီတန်းလှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွား

ဝါရှင်တန်/နယူးယောက်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
အမေရိကန် ဖက်ဒရယ်အစိုးရသည် ဇွန် ၁၄ ရက်တွင် အမေရိကန်ကြည်းတပ် တည်ထောင်ခြင်း နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ဝါရှင်တန်အထူးဒေသ၌ စစ်ရေးပြပွဲအခမ်းအနား ကျင်းပခဲ့သည်။ ထိုနေ့တွင် အမေရိကန်နိုင်ငံတစ်ဝန်း ဒေသအများအပြား၌ စီတန်းလှည့်လည်ဆန္ဒပြမှု ၂,၀၀၀ ခန့်ဖြစ်ပွားခဲ့ပြီး လူပေါင်းသန်းနှင့်ချီ ပါဝင်ခဲ့ကြသည်။
ယင်းသည် ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲပြီးဆုံးသည့်အချိန်မှစ၍ အမေရိကန်က ပထမဆုံးအကြိမ် စစ်ရေးပြပွဲ ကျင်းပခြင်းဖြစ်သည်။ ဇွန် ၁၄ ရက်သည် အမေရိကန်သမ္မတ ထရမ့်၏ ၇၉ နှစ်ပြည့် မွေးနေ့လည်းဖြစ်သည်။ စစ်ရေးပြတပ်ဖွဲ့သည် ပင်တဂွန်အဆောက်အဦမှ စတင်ထွက်ခွာပြီး Constitution Avenue အတိုင်းလျှောက်လှမ်းလာရာ အချိန် ၂ နာရီကျော် ကြာမြင့်ခဲ့သည်။ စစ်သည်အရာရှိပေါင်း ၆,၀၀၀ ကျော်၊ တင့်ကားနှင့် စစ်သည်တင်သံချပ်ကာယာဉ်များ၊ အမြောက်နှင့် တိုက်လေယာဉ်စသည်တို့ အစင်းရေရာနှင့်ချီ ပါဝင်ခဲ့သည်။ ထရမ့်က စစ်ရေးပြပွဲအား ကြည့်ရှုခဲ့ပြီးနောက် အမှာစကားပြောကြားကာ ကြည်းတပ်ကို ဂုဏ်ပြုခဲ့သည်။
ထိုနေ့တွင်ပင် အမေရိကန်နိုင်ငံတစ်ဝန်း ဒေသအများအပြား၌ ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍများဆိုင်ရာမူဝါဒများအား ဆန့်ကျင်ကန့်ကွက်သည့် စီတန်းလှည့်လည် ဆန္ဒပြလှုပ်ရှားမှုပေါင်း ၂,၀၀၀ ခန့် ဖြစ်ပွားခဲ့ရာ လှုပ်ရှားမှုအမည်မှာ “ဘုရင်အလိုမရှိ (No Kings)” ဖြစ်သည်။ နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ ဟူစတန် စသည့်ဒေသများတွင် လူများက လမ်းမထက်သို့ တက်လာကာ “တရားဥပဒေစိုးမိုးမှုမရှိလျှင် ငြိမ်းချမ်းရေးမရှိ” ၊ “အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန ပိတ်သိမ်းရေး” စသည့်ဆောင်ပုဒ်များ ကြွေးကြော်ခဲ့ကြသည်။
ဆန္ဒပြလှုပ်ရှားမှု စတင်ဖော်ဆောင်သူက “သူတို့ (အမေရိကန်အစိုးရ) က ကျွန်တော်တို့ရဲ့ တရားရုံးကို မထီမဲ့မြင်ပြုတယ်။ အမေရိကန်သားတွေကို နှင်ထုတ်တယ်။ လမ်းမပေါ်မှာ ထင်သလို လူတွေကိုဖမ်းတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံသားလုပ်ပိုင်ခွင့်ကို ချိုးဖောက်နေတယ်” ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် အကြီးစား စီတန်းလှည့်လည် ဆန္ဒပြမှုဖြင့် အစိုးရ၏ အဆိုပါမူဝါဒနှင့် အစီအမံများအား ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆန္ဒပြမှုကို ဇွန် ၁၄ ရက်၌ လုပ်ဆောင်ရသည်မှာ စစ်ရေးပြပွဲနှင့် အတိုက်အခံဖြစ်မှုကို ဖော်ပြလိုခြင်းကြောင့် ဖြစ်ကြောင်း၊ သို့သော် ဆန္ဒပြသူများက ဝါရှင်တန်အထူးဒေသ၌ သက်ဆိုင်ရာလှုပ်ရှားမှုများ လုပ်ဆောင်ခြင်း မရှိဟု အမေရိကန်မီဒီယာများက ဆိုကြသည်။ စစ်ရေးပြပွဲကျင်းပသည့်ကာလအတွင်း ဖြစ်ပွားသည့် မည်သည့် ဆန့်ကျင်ဆန္ဒပြမှုလှုပ်ရှားမှုမဆို ပြင်းပြင်းထန်ထန် ဖိနှိပ်မှုခံရမည်ဟု ထရမ့်က ထိုမတိုင်မီ ပြောကြားခဲ့သည်။
လတ်တလောကာလအတွင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာနက ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ခရိုင် ဒေသအများအပြားတွင် တရားမဝင်နေထိုင်သူများကို ဦးတည်သည့် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ရာ ဒေသခံပြည်သူများနှင့် ပဋိပက္ခ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ဒေသတွင်း၌ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ရှာဖွေဖမ်းဆီးမှုကြောင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခြင်းအား ရင်ဆိုင်ရန်အတွက် ထရမ့်က အမျိုးသားအစောင့်တပ်ဖွဲ့များ နေရာချထားရန် အမိန့်ချခဲ့သည်။ ဇွန် ၁၃ ရက်တွင် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် တပ်သားပေါင်း ၂၀၀ ခန့်သည် လော့စ်အိန်ဂျလိစ်သို့ ဝင်ရောက်တပ်စွဲခဲ့ပြီး ဖက်ဒရယ်ဌာနအဆောက်အဦပြင်ပ၌ လုံခြုံရေးယူသည့်တာဝန်ထမ်းဆောင်ခဲ့ကြသည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Midtown Manhattan ရှိ Bryant ပန်းခြံ၌ “ဘုရင်အလိုမရှိ (No Kings)” ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသူများကို ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ အမေရိကန်သမ္မတ ထရမ့်နှင့် သမ္မတကတော် မယ်လန်နီယာတို့ စစ်ရေးပြပွဲအခမ်းအနား တက်ရောက်နေသည်ကို ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ ကျင်းပသော စစ်ရေးပြပွဲအခမ်းအနားကို ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
美国阅兵式当天多地爆发大规模示威游行
新华社华盛顿/纽约6月14日电(记者夏林 胡友松)美国联邦政府14日在华盛顿特区举行阅兵式,纪念美国陆军建军250周年。同一天,全美多地爆发约2000场示威游行,数百万人参加。
这是自1991年海湾战争结束以来,美国首次举行阅兵式。14日也是美国总统特朗普79岁生日。阅兵队伍从五角大楼出发,沿宪法大道行进,持续两个多小时,超6000名官兵、逾百辆坦克和装甲运兵车、火炮及战机等参加。特朗普观看了阅兵式,随后发表讲话向陆军表示祝贺。
同一天,全美多地爆发反对特朗普政府移民、卫生、教育等方面政策的约2000场示威游行活动,活动名为“不要国王”。在纽约、洛杉矶、休斯敦等地,人们走上街头,高喊“没有法治就没有和平”“关闭美国移民与海关执法局”等口号。
抗议活动发起者表示,“他们(美国政府)藐视我们的法院,驱逐美国人,在街头肆意抓人,侵犯我们的公民权利”,因此通过大规模示威游行抗议政府的这些政策和措施。
美国媒体说,抗议之所以选择14日进行,是为同阅兵式形成对立之势,但抗议者并未在华盛顿特区组织相关活动。特朗普此前表示,在阅兵式期间发生任何抗议活动,都将面临强力镇压。
近期,美国移民与海关执法局等联邦机构在加利福尼亚州洛杉矶县多地展开针对非法移民的执法行动,与当地居民连续发生冲突。特朗普下令部署国民警卫队,应对当地搜捕非法移民引发的骚乱。13日,约200名美国海军陆战队士兵进驻洛杉矶,在联邦机构设施外执行警戒守卫任务。(完)
1、6月14日,在美国马萨诸塞州波士顿,人们参加 “不要国王”抗议活动。新华社发 (朱子于摄)
2、6月14日,在美国纽约市曼哈顿中城布赖恩特公园,人们参加 “不要国王”抗议活动。新华社记者 刘亚南 摄
3、6月14日,在美国首都华盛顿,美国总统特朗普和夫人梅拉尼娅出席阅兵式。新华社记者 胡友松 摄
4、这是6月14日在美国首都华盛顿拍摄的阅兵式。新华社记者 胡友松 摄