Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၇ ဦး သေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်း တောင်တန်းဒေသ ဥတ္တရာခန်းပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်နှင့် ကူညီကယ်ဆယ်ရေးသမားများက လုပ်ငန်းများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Indo-Asian News Service)

နယူးဒေလီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ္တရာခန်းပြည်နယ်တွင် လူ ၇ ဦးလိုက်ပါသည့် ရဟတ်ယာဉ်တစ်စင်း ဇွန် ၁၅ ရက် နံနက်ပိုင်းက ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လူအားလုံးသေဆုံးခဲ့ကြောင်း Hindustan Times သတင်းအရ သိရသည်။

ပျက်ကျသွားသည့် ရဟတ်ယာဉ်ပေါ်တွင် ခရီးသည် ၆ ဦးနှင့် လေယာဉ်မှူး ၁ ဦး ပါရှိကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။ လေယာဉ်ပေါ်ပါ လူအားလုံး သေဆုံးခဲ့ကြောင်း အိန္ဒိယနိုင်ငံ အမျိုးသားအဆင့် ကပ်ဘေးတုံ့ပြန်ရေးဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

ထိုစဉ်က ရာသီဥတုဆိုးရွားပြီး မြင်နိုင်ခြေ နည်းပါးကြောင်း၊ ရဟတ်ယာဉ်သည် တောထဲတစ်နေရာသို့ ပျက်ကျခဲ့ကြောင်း The Times of India သတင်းအရ သိရသည်။

အဆိုပါမတော်တဆမှုမှာ “ဝမ်းနည်းကြေကွဲဖွယ်” ဖြစ်ကြောင်း၊ သက်ဆိုင်ရာက နောက်ဆက်တွဲလုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိကြောင်း ဥတ္တရာခန်းပြည်နယ် ဝန်ကြီးချုပ် Pushkar Singh Dhami က လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ဇွန် ၁၂ ရက် ကလည်း ဆိုးရွားလှသည့် လေယာဉ်ပျက်မှုဖြစ်ပွားခဲ့ကြောင်း၊ အိန္ဒိယမှ ဗြိတိန်သို့ ပျံသန်းသည့် ဘိုးရင်း ၇၈၇-၈ ခရီးသည်တင်လေယာဉ်သည် ပျံသန်းပြီးမကြာမီတွင်ပင် ပျက်ကျခဲ့ရာ ဇွန်လ ၁၄ ရက်အထိ သေဆုံးသူ ၂၇၄ ဦးအထိ မြင့်တက်လာပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း တောင်တန်းဒေသ ဥတ္တရာခန်းပြည်နယ်တွင် လေယာဉ်ပျက်ကျရာ အချင်းဖြစ်နေရာအား ၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Indo-Asian News Service)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း တောင်တန်းဒေသ ဥတ္တရာခန်းပြည်နယ်တွင် ကူညီကယ်ဆယ်ရေးသမားများ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Indo-Asian News Service)

 

———————-
(Chinese Version)
印度一直升机坠毁致7人遇难
新华社新德里6月15日电 据《印度斯坦时报》报道,一架载有7人的直升机15日清晨在印度北部北阿肯德邦坠毁,机上人员全部遇难。
报道说,坠毁的直升机上有6名乘客和1名飞行员。印度国家灾难响应部队证实说机上人员已全部遇难。
另据《印度时报》报道,当时天气恶劣、能见度低,直升机坠落到一处森林中。
北阿肯德邦首席部长普什卡尔·达米在社交媒体上表示,这起事故“令人痛心”,相关方面正在积极开展后续工作。
12日,印度刚发生一起严重坠机事故,一架从印度飞往英国的波音787-8型客机起飞后不久坠毁,截至14日遇难人数已升至274人。(完)
1. 6月15日,警察和救援人员在印度北部山区北阿肯德邦开展工作。新华社发(印亚新闻社供图)
2. 这是6月15日在印度北部山区北阿肯德邦拍摄的直升机坠毁现场。新华社发(印亚新闻社供图)
3. 6月15日,救援人员在印度北部山区北阿肯德邦开展工作。新华社发(印亚新闻社供图)