Connect with us

China

တရုတ်ရုပ်ရှင် နှစ် (၁၂၀) ပြည့် အထိမ်းအမှတ် အနုပညာပြပွဲ ရှန်ဟိုင်းတွင် ကျင်းပ

ရုပ်ရှင်အနုပညာပြပွဲတွင် လှည့်လည်ကြည့်ရှုနေသော ပရိသတ်များအား ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
“အိပ်မက်များ ဖန်တီးသည့်နေရာ” ရုပ်ရှင်အနုပညာပြပွဲ- တရုတ်ရုပ်ရှင် နှစ် (၁၂၀) ပြည့် အထူးပြပွဲကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Shanghai Film Art Center တွင် ဇွန် ၁၃ ရက်မှ ဇူလိုင် ၂၇ ရက်အထိ ကျင်းပလျက်ရှိသည်။ ပြပွဲတွင် ပြခန်းခေါင်းစဉ် ၈ ခု စီစဉ်ထားပြီး ယင်းတို့တွင် ရုပ်ရှင်သမိုင်း၊ တရုတ်သိုင်း၊ အန်နီမေးရှင်း၊ သိပ္ပံစိတ်ကူးယဉ်၊ ရိုက်ကူးရေးအနုပညာ၊ VR စသည့်နယ်ပယ်များ ပါဝင်ကာ ရုပ်ရှင်အချက်အလက်နှင့် ရိုက်ကူးရေးလက်ရာ စသည်တို့မှတစ်ဆင့် တရုတ်ရုပ်ရှင် ဖြတ်သန်းခဲ့သော နှစ် ၁၂၀ ကြာ “အိပ်မက်များ ဖန်တီးခြင်း” ခရီးကို ပြသခဲ့သည်။ ၂၇ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်သည် ယခုအကြိမ်ပြပွဲ၏ အထူးကူညီထောက်ပံ့ပေးသောဌာနဖြစ်သည်။ (Xinhua)

ရုပ်ရှင်အနုပညာပြပွဲတွင် ပြသမှုများကို ဓာတ်ပုံရိုက်ကူးနေသော ပရိသတ်အား ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
纪念中国电影诞生120周年艺术展在沪举办
新华社照片,上海,2025年6月14日
6月13日至7月27日,“造梦现场”电影艺术展——中国电影120周年特展在上海影城举行。展览设置8大主题展区,涵盖影史、武侠、动画、科幻、摄影艺术、VR等领域,通过电影资料和摄影作品等,呈现中国电影走过的120年“造梦”历程。第二十七届上海国际电影节是本次展览的特别支持单位。
图说1:6月14日,观众在电影艺术展上参观。 新华社发(陈浩明摄)
图说2:6月14日,观众在电影艺术展上拍摄展品。新华社发(陈浩明摄)