Europe
ရုရှားက အီရန်ရှိလူပုဂ္ဂိုလ်များ ရွှေ့ပြောင်းမှု ဆက်လက်လုပ်ဆောင်ကာ အီရန်နိုင်ငံအခြေစိုက် သံရုံးနှင့် ကောင်စစ်ရေးရာဝန်ဆောင်မှုများ ယာယီရပ်နား

မော်စကို၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံဘက်က ဇွန် ၁၅ ရက်တွင် စုစုပေါင်း ၂၃၈ ဦးရှိသည့် ဒုတိယအသုတ် ဆုတ်ခွာရွှေ့ပြောင်းသူများကို ကုန်းလမ်းနယ်စပ်မှတစ်ဆင့် အီရန်နိုင်ငံမှ အဇာဘိုင်ဂျန်နိုင်ငံသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
ဒုတိယအသုတ် ဆုတ်ခွာရွှေ့ပြောင်းသူများတွင် ပြည်ပအခြေစိုက် ရုရှားအဖွဲ့အစည်း ဝန်ထမ်းမိသားစုဝင်များ၊ Tchaikovsky သံပြိုင်ဂီတအဖွဲ့မှ အနုပညာရှင်များနှင့် ဘီလာရုဇ်နှင့် တာဂျကစ္စတန်နိုင်ငံသားများ ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အီရန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဇွန် ၁၅ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ လက်ရှိအခြေအနေကြောင့် အီရန်နိုင်ငံဆိုင်ရာ ရုရှားသံရုံး၏ ကောင်စစ်ရေးရာဝန်ဆောင်မှုကို ယာယီရပ်နားလိုက်ပြီဖြစ်ကြောင်း၊ ရုရှားနိုင်ငံသားများအနေဖြင့် Hotline ဖုန်း၊ လူမှုမီဒီယာနှင့် အီးမေးလ်မှတစ်ဆင့် သံရုံးထံ စုံစမ်းမေးမြန်းမှု လုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။
အဇာဘိုင်ဂျန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဇွန် ၁၄ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပထမအသုတ် ဆုတ်ခွာရွှေ့ပြောင်းသူ ၈၆ ဦး (ကလေးငယ် ၂ ဦး အပါအဝင်) ကို ထိုနေ့တွင် အီရန်နိုင်ငံမှ အဇာဘိုင်ဂျန်နိုင်ငံသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်ကြောင်း၊ ဆုတ်ခွာရွှေ့ပြောင်းသူများတွင် ရုရှားနိုင်ငံကျော်ဒါရိုက်တာ Fyodor Bondarchuk ၏ ရိုက်ကူးရေးအဖွဲ့နှင့် ဘီလာရုဇ်၊ လတ်ဗီးယား၊ ဆားဘီးယား၊ ဥဇဘက်ကစ္စတန်နှင့် တာဂျကစ္စတန် နိုင်ငံသားများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ဇွန် ၁၃ ရက် နံနက်ပိုင်းမှစ၍ အစ္စရေးသည် အီရန် ဒေသအများအပြားသို့ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ် လုပ်ဆောင်ခဲ့ပြီး အီရန်နျူကလီးယား အဆောက်အဦများနှင် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံးဒဏ်ရာရမှုဖြစ်ခဲ့သည်။ လက်တုံ့ပြန်သည့်အနေဖြင့် အီရန်ဘက်က အစ္စရေးနယ်နိမိတ်အတွင်းရှိ ပစ်မှတ်အမျိုးမျိုးကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် အကြိမ်များစွာ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ (Xinhua)
———————–
(Chinese Version)
俄继续撤离在伊人员 暂停驻伊朗使馆领事服务
新华社莫斯科6月16日电(记者黄河)俄罗斯外交部16日发布通报说,15日,俄方已将第二批撤离人员共238人通过陆路边界从伊朗撤离至阿塞拜疆。
通报说,第二批撤离人员包括俄驻外机构人员家属、柴可夫斯基交响乐团艺术家以及白俄罗斯和塔吉克斯坦公民。
此外,俄罗斯驻伊朗大使馆15日在社交媒体发文说,鉴于当前局势,俄驻伊大使馆领事服务已暂停,俄公民可通过热线电话、社交媒体和邮箱向使馆咨询。
俄罗斯驻阿塞拜疆大使馆14日在社交媒体发文说,首批86人(含2名儿童)当天已从伊朗撤离至阿塞拜疆,撤离人员包括俄著名导演邦达尔丘克的摄制组以及白俄罗斯、拉脱维亚、塞尔维亚、乌兹别克斯坦和塔吉克斯坦公民。
自13日凌晨以来,以色列对伊朗多地发动大规模空袭,轰炸伊朗核设施和军事目标,造成大量人员伤亡。作为报复,伊朗向以色列境内不同目标发动多轮导弹和无人机袭击。(完)