China
စတုတ္ထအကြိမ်မြောက် တရုတ်-အာဖရိက စီးပွားရေးနှင့်ကုန်သွယ်မှု ကုန်စည်ပြပွဲ စာချုပ်ချုပ်ဆိုမှုတန်ဖိုး ၁၀.၆ ရာခိုင်နှုန်း တိုးတက်

ချန်ရှား၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
စတုတ္ထအကြိမ်မြောက် တရုတ်-အာဖရိက စီးပွားရေးနှင့်ကုန်သွယ်မှု ကုန်စည်ပြပွဲတွင် ပြပွဲဖြစ်မြောက်ရေး ကော်မတီက စိစစ်ထုတ်ပြန်ခဲ့သည့် စာချုပ်ချုပ်ဆိုထားသော စီမံကိန်း ၁၇၆ ခု၊ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၁.၃၉ ဘီလီယံရှိရာ ယခင်အကြိမ်နှင့် နှိုင်းယှဉ်ပါက စီမံကိန်းအရေအတွက် တိုးတက်မှု ၄၅.၈ ရာခိုင်နှုန်း၊ စီမံကိန်းတန်ဖိုး တိုးတက်မှု ၁၀.၆ ရာခိုင်းနှုန်းရှိကြောင်း သတင်းထောက်က ဇွန် ၁၅ ရက်တွင် ကျင်းပသော ယခုအကြိမ် ကုန်စည်ပြပွဲ ရလဒ်နှင့်စပ်လျဉ်းသော ရှင်းလင်းပွဲမှ သိရှိခဲ့သည်။
ဇွန် ၁၅ ရက် မွန်းတည့် ၁၂ နာရီ အထိ အဓိကပြခန်းများအတွင်း လာရောက်ကြည့်ရှုသူအကြိမ်ရေသည် ၂၀၀,၀၀၀ ကျော်ရှိခဲ့ရာ ယခင်အကြိမ်နှင့် နှိုင်းယှဉ်ပါက ဆတိုးမြင့်တက်ခဲ့ကြောင်း၊ ပြပွဲ၌ အရောင်းအဝယ်ဖြစ်ခဲ့သော သို့မဟုတ် အရောင်းအဝယ်ဖြစ်ရန် အလားလာရှိသောတန်ဖိုးမှာ ခန့်မှန်းခြေ တရုတ်ယွမ်ငွေ ၂.၅ ဘီလီယံအထိ ရှိနိုင်ကြောင်း စာရင်းအင်းများအရ သိရသည်။ ကောင်းချောင်ပြခန်းခွဲတွင် အခမ်းအနားအမျိုးအမျိုး၊ လှည့်လည်ကြည့်ရှုစစ်ဆေးမှုများ ၄၀ ကျော်ကို လက်ခံကျင်းပခဲ့ပြီး ဇမ်ဘီးယား၊ နမီးဘီးယားစသည့် အမြဲတမ်း ခင်းကျင်းပြသသည့် နိုင်ငံပြခန်းများကို ကောင်းချောင်ဈေးကြီး၌ တရားဝင်ဆိုင်းဘုတ်ဖွင့်လှစ်ခဲ့သည်။
ရှန်းထန်မြို့ ကျုံးပုနိုင်ငံတကာစက်ယန္တရားဥယျာဉ်တွင် ကျင်းပသော ဆောက်လုပ်ရေးစက်ယန္တရား ပြန်လည်ထုတ်လုပ်ရေးပြပွဲသည် ကုမ္ပဏီလုပ်ငန်း ၁၅၀ ကျော်ကို ပါဝင်ပြသရန်၊ ဝယ်ယူသူ ၂,၄၀၀ ကျော်အား ပြပွဲတွင် ညှိနှိုင်းရန်၊ လူ ၁၂,၀၀၀ ကျော်အား ပြပွဲသို့ လာရောက်ကြည့်ရှုရန် ဆွဲဆောင်နိုင်ခဲ့ပြီး အလားအလာရှိသော အမှာစာတန်ဖိုးမှာ ယွမ် သန်း ၂၀၀ ကျော်ရှိခဲ့သည်။
ယခုအကြိမ် ပြပွဲတွင် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု နာမည်ကြီး ကုန်အမှတ်တံဆိပ်ပြသမှု၊ အာဖရိကပစ္စည်းကောင်းများ ပြသမှု၊ တရုတ်-အာဖရိက ဖက်ရှင်လုပ်ငန်းပြသမှုစသည်တို့ကို ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ အာဖရိက ၂၆ နိုင်ငံနှင့် တရုတ်နိုင်ငံပြည်နယ်၊ ဒေသ၊ မြို့ ၂၃ ခုတို့က ပုံရိပ်ပြသမှုနေရာများ စီစဉ်ခဲ့သည်။ တရုတ်ပြည်တွင်း၊ ပြည်ပမှ ပါဝင်ပြသသော ကုမ္ပဏီလုပ်ငန်း ၂,၁၀၀ နီးပါးအနက် အာဖရိက ၄၃ နိုင်ငံမှ ပါဝင်ပြသသောသူပေါင်း ၇၆၄ ရှိရာ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်ရှိပြီး ပြည်တွင်းပြည်ပ ဝယ်ယူသူပေါင်း ၁၂,၀၀၀ ခန့်ရှိခဲ့သည်။
ကိန်းဂဏန်းအချက်အလက်များအရ ပြပွဲကာလအတွင်း အာဖရိကပစ္စည်းကောင်းများ အွန်လိုင်းရာသီလှုပ်ရှားမှုက အာဖရိက အရည်အသွေးကောင်းလယ်ယာစားသုံးကုန်ပစ္စည်းအမျိုးအစား ၂၀၀ ကျော်သည် “လိုက်ဖ်လွှင့်ရောင်းချမှု” နှင့် ကုန်တိုက်ကြီးများသို့ ဝင်ရောက်စေခဲ့ရာ အာဖရိက အရည်အသွေးကောင်းထုတ်ကုန်များ တရုတ်ဈေးကွက်ရောက်ရှိမှုကို အားပေးကူညီခဲ့သည်။ တရုတ်-အာဖရိက ပုဂ္ဂလိက စီးပွားရေးဖိုရမ်၊ တရုတ်-အာဖရိက ရုပ်ရှင်သီတင်းပတ်စသည့် အခမ်းအနား ၆ ခုကိုလည်း တစ်ချိန်တည်းတွင် ကျင်းပခဲ့သည်။ ရဝမ်ဒါ၊ အင်ဂိုလာစသည့် အာရိကနိုင်ငံ ၁၄ နိုင်ငံက အထူးကုန်သွယ်စီးပွားရေးဖလှယ်မှု၊ မြှင့်တင်ရေးနှင့် ညှိနှိုင်းရေး လှုပ်ရှားမှုများ ကျင်းပခဲ့သည်။
ယခုအကြိမ် ပြပွဲတွင် ထုတ်ပြန်ခဲ့သော ချိတ်ဆက်စီမံကိန်း ၂၉၃ ခု၊ တန်ဖိုးမှာ ကန်ဒေါ်လာ ၄၃.၁၅၆ ဘီလီယံရှိရာ ယခင်အကြိမ်နှင့် နှိုင်းယှဉ်ပါက အရေအတွက်အားဖြင့် ၂၀၈ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၄၁၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ နမီးဘီးယားနိုင်ငံစသည့် အာဖရိကနိုင်ငံ ၁၀ နိုင်ငံက စီမံကိန်းပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက် ၂၀၀ ခုကို ထုတ်ပြန်ခဲ့ရာ အရေအတွက်မှာ ယခင်အကြိမ်များထက် သိသိသာသာ များပြားလှကြောင်း၊ တရုတ်အကောက်ခွန်နှင့် အာဖရိကနိုင်ငံများက တရုတ်နိုင်ငံသို့ လယ်ယာစားသုံးကုန် တင်သွင်းခွင့်ပြုရေး ပရိုတိုကောလ် (Protocol) လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်မှု ခုံသမာဓိ ကော်မတီ၏ တရုတ်-အာဖရိက ကြားနာစစ်ဆေးရေးစင်တာကို ချန်ရှားမြို့တွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။
“တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စက္ကူပြာစာတမ်း- တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ (၂၀၂၅ ခုနှစ်)” စသည့် ရလဒ် ၂၈ ချက်ကို စုစည်း၍ ထုတ်ပြန်ခဲ့သည်။
စတုတ္ထအကြိမ်မြောက် တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်သွယ်မှု ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ပြည်သူ့အစိုးရနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့က ပူးတွဲ ကြီးမှူး၍ ဇွန် ၁၂ ရက်မှ ဇွန် ၁၅ ရက်အထိ ချန်ရှားမြို့တွင် ကျင်းပခဲ့သည်။ အာဖရိကနိုင်ငံ ၅၃ နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်း ၁၁ ခု၊ တရုတ်နိုင်ငံရှိပြည်နယ်၊ ဒေသ၊ မြို့ ၂၇ ခုနှင့် တရုတ်-အာဖရိက ကုမ္ပဏီလုပ်ငန်း၊ စီးပွားရေးအသင်းအဖွဲ့နှင့် ဘဏ္ဍာရေးအဖွဲ့အစည်း ၄,၇၀၀ ကျော်မှ ပြပွဲသို့ ပါဝင်တက်ရောက်ရန်၊ ပြသရန် လူ ၃၀,၀၀၀ ကျော် နာမည်စာရင်းသွင်းခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ချန်ရှားနိုင်ငံတကာကွန်ဗင်းရှင်းစင်တာတွင် တောင်အာဖရိကပြခန်းနေရာတွင် မေးမြန်းဆွေးနွေးနေသော လှည့်လည်ကြည့်ရှုသူများအား ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချန်ရှားနိုင်ငံတကာကွန်ဗင်းရှင်းစင်တာတွင် ပါဝင်ပြသသူက ရဝမ်ဒါငရုတ်ထုတ်ကုန်များအား မြှင့်တင်မိတ်ဆက်ပေးနေသည်ကို ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(Chinese Version)
第四届中非经贸博览会签约金额增长10.6%
新华社长沙6月15日电(记者张玉洁、王腾)记者从15日举行的第四届中国—非洲经贸博览会成果通报会上获悉,本届博览会经组委会审核发布的签约项目176个、金额113.9亿美元,较上一届,项目数量增长45.8%、项目金额增长10.6%。
据统计,截至15日12时,主展馆内观展人次已突破20万,较上届翻倍。现场成交或意向成交额预计将达25亿元人民币。高桥分展馆接待各类活动、巡馆考察40余场,赞比亚、纳米比亚等常设国家馆在高桥大市场正式揭牌。在湘潭中部国际机械园举办的工程机械再制造展吸引150余家企业参展,2400余名采购商现场洽谈,超1.2万人观展,意向订单金额突破2亿元人民币。
本届博览会首次举办中非合作知名品牌展、非洲好物展、中非时尚产业展等。26个非洲国家和23个国内省区市设立形象展位。中外参展企业近2100家,其中来自非洲43个国家的参展商764家,占比超30%,境内外采购商约1.2万人。
数据显示,会期内,非洲好物网购季活动推动200余款非洲优质农食产品“走进”直播间和商超,助力非洲优质产品进入中国市场。中非民营经济论坛、中非电影周等6场活动同期举办。卢旺达、安哥拉等14个非洲国家举办专场经贸交流和推介洽谈活动。
据介绍,本届博览会发布对接项目293个、金额431.56亿美元,较上一届,数量增长208%、金额增长410%,纳米比亚等10个非洲国家共发布200个项目合作需求,数量远超往届。中国海关与非洲国家签署5份农食产品输华准入议定书,中国国际经济贸易仲裁委员会中非庭审中心在长沙揭牌。《中非经贸合作蓝皮书:中非经贸合作发展报告(2025)》等28项成果集中发布。
第四届中国—非洲经贸博览会由湖南省人民政府和商务部共同主办,于6月12日至15日在长沙举行。53个非洲国家、11个国际组织、27个国内省区市和4700多家中非企业、商协会、金融机构等3万余人报名参会参展。(完)
图说:6月12日,在长沙国际会议中心,与会嘉宾在开幕式前交谈。新华社记者 金良快 摄
图说:6月12日,在长沙国际会展中心,参观者在南非展台咨询。新华社记者 王婧嫱 摄
图说:6月12日,在长沙国际会展中心,参展商推介卢旺达辣椒产品。新华社记者 金马梦妮 摄