Asia
အိန္ဒိယနိုင်ငံတွင် ပျက်ကျခဲ့သည့် ခရီးသည်တင်လေယာဉ်၏ Black Box နှစ်ခုလုံး ရှာဖွေတွေ့ရှိ

နယူးဒေလီ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
အိန္ဒိယလေကြောင်းလိုင်းကုမ္ပဏီ မတော်တဆမှုဖြစ်ပွားခဲ့သည် ခရီးသည်တင်လေယာဉ်၏ Black Box နှစ်ခုလုံးအား ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ်၏ ထိပ်တန်းအတွင်းရေးမှူး Mishra က ဇွန် ၁၅ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။
နောက်ဆုံးတွေ့ရှိသည့် Black Box မှာ လေယာဉ်မောင်းနှင်ခန်း၏အသံဖမ်းစက်ဖြစ်ပြီး ယခင်တွေ့ရှိရသည်မှာ ပျံသန်းမှုဆိုင်ရာ ဒေတာမှတ်တမ်းတင်စက် ဖြစ်ကြောင်း Hindustan Times သတင်းအရ သိရသည်။
အချင်းဖြစ်ပွားသည့် ခရီးသည်တင်လေယာဉ်၏ ပထမ Black Box ကို ဇွန် ၁၃ ရက်တွင် ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျမှုအကြောင်းရင်း စုံစမ်းစစ်ဆေးချက် အစီရင်ခံစာကို သုံးလအတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အိန္ဒိယလေကြောင်းရေးရာဝန်ကြီး Naiduက ပြောကြားခဲ့ဖူးသည်။
Black Box ဒေတာ ဒေါင်းလော့ခ်နှင့် ခွဲခြမ်းစိတ်ဖြာမှုမှာ လေးရက်မှ ငါးရက်အထိ ကြာမြင့်နိုင်ကြောင်း၊ လက်ရှိတွင် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းများ အချင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး အိန္ဒိယဘက်၏ စုံစမ်းစစ်ဆေးမှုများကို ကူညီဆောင်ရွက်နေပြီဖြစ်ကြောင်း The Hindu သတင်းအရ သိရသည်။
ဒေသစံတော်ချိန် ဇွန် ၁၂ ရက် ညနေပိုင်းတွင် အိန္ဒိယမှ ဗြိတိန်သို့ ပျံသန်းသော အိန္ဒိယလေကြောင်းလိုင်းကုမ္ပဏီ ဘိုးရင်း ၇၈၇-၈ ခရီးသည်တင်လေယာဉ်သည် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Ahmedabad လေဆိပ်မှ စတင်ပျံသန်းပြီးမကြာမီ ပျက်ကျပျက်စီးခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ ၂၇၄ ဦး အထိ မြင့်တက်လာကြောင်း၊ ၎င်းတို့အနက် ၃၃ ဦးမှာ မြေပြင်၌ရှိသူများ ဖြစ်ကြောင်း အိန္ဒိယမီဒီယာများ၏ ဇွန် ၁၄ ရက် သတင်းအရ သိရသည်။ (Xinhua)
———————–
(Chinese Version)
印度空难客机两个黑匣子均已找到
新华社新德里6月16日电 印度总理首席秘书米什拉15日晚发表声明说,印度航空公司失事客机的两个黑匣子均已找到。
据《印度斯坦时报》报道,最新发现的黑匣子为驾驶舱语音记录器,先前发现的为飞行数据记录器。印度航空部长奈杜此前曾表示,失事客机第一个黑匣子13日被找到,将在三个月内公布坠机事故调查报告。
另据《印度教徒报》报道,下载和分析黑匣子数据可能需要四到五天,目前已有多家国际调查机构抵达事发地协助印方调查。
当地时间12日下午,一架从印度飞往英国的印度航空公司波音787-8型客机在印度古吉拉特邦艾哈迈达巴德机场起飞后不久坠毁。据印度媒体14日报道,坠机事故遇难人数已升至274人,其中有33名地面人员。(完)
1. 6月12日,在印度古吉拉特邦艾哈迈达巴德,人们在客机失事现场进行救援。新华社发