Africa & Middle East
အီရန်က အစ္စရေးကို ၈ ကြိမ်မြောက် ဒုံးကျည်များဖြင့် တိုက်ခိုက်

တီဟီရန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
အီရန်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် အစ္စရေးကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအသစ်ပြုလုပ်ခဲ့ကြောင်း အီရန် Tasnim သတင်းအေဂျင်စီ၏ ယင်းနေ့ သတင်းအရ သိရသည်။ ယင်းမှာ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ “Operation True Promise 3” လှုပ်ရှားမှု၏ ၈ ကြိမ်မြောက် ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်။
အစ္စရေးရှိ ဟိုင်ဖာ၊ တဲလ်အဗစ်၊ Petah Tikva နှင့် Bnei Brak စသည့် ဒေသများကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ ဒုံးကျည်အများအပြားမှာ ဟိုင်ဖာ ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံများကို ထိမှန်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဇွန် ၁၃ ရက် နံနက်ပိုင်းမှစ၍ အစ္စရေးသည် အီရန်နိုင်ငံ နေရာအများအပြားကို လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်ပြီး အီရန် နျူကလီးယားအဆောက်အဦနှင့် စစ်ရေးပစ်မှတ်များကို ဗုံးကြဲခဲ့ခြင်းကြောင့် လူအများအပြား သေဆုံးဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။ ယင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အီရန်သည် အစ္စရေးနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များစွာကို ဒုံးကျည်၊ ဒရုန်းများဖြင့် ကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ (Xinhua)

အစ္စရေးနိုင်ငံ အလယ်ပိုင်း Bat Yam မြို့တွင် အီရန် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦအား ၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ အလယ်ပိုင်း Bat Yam မြို့တွင် အီရန် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦများကြား အစ္စရေးလုံခြုံရေးနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
伊朗对以色列发动第八轮导弹袭击
新华社德黑兰6月16日电(记者陈霄 沙达提)据伊朗塔斯尼姆通讯社16日报道,伊朗当天凌晨对以色列发动了新一轮导弹袭击。这是伊朗伊斯兰革命卫队“真实承诺-3”行动的第八轮导弹袭击。
报道说,导弹袭击了以色列的海法、特拉维夫以及佩塔提克瓦、布内布拉克等地区,多枚导弹击中了海法发电厂和炼油厂。
自13日凌晨以来,以色列对伊朗多地发动大规模空袭,轰炸伊朗核设施和军事目标,造成大量人员伤亡。作为报复,伊朗向以色列境内不同目标发动多轮导弹和无人机袭击。(完)
1,2. This photo taken on June 15, 2025 shows a building damaged by a missile fired from Iran in Bat Yam, central Israel. (Xinhua/Chen Junqing)
3. Israeli security and rescue forces work at the scene where buildings were damaged by a missile fired from Iran in Bat Yam, central Israel, on June 15, 2025. (Xinhua/Chen Junqing)