Asia
ထိုင်းလယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ဝင်ခွင့်တားမြစ်မည်ဟု ကမ္ဘောဒီးယား သတိပေး

ဖနွမ်းပင်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
ထိုင်းစစ်တပ်ဘက်က ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ကို ၂၄ နာရီအတွင်း ပုံမှန်သွားလာခွင့်မပြုသေးပါက ကမ္ဘောဒီးယားနေဖြင့် ဇွန် ၁၇ ရက်မှစ၍ ထိုင်းလယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ဝင်ခွင့်ကို ဘက်စုံတားမြစ်သွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်က ဇွန် ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
ဟွန်ဆန်က ၎င်းနှင့် ဝန်ကြီးချုပ် ဟွန်မန်နက်သည် ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်နှင့် သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံဘက်ကို ၂၄ နာရီ ကန့်သတ်ကာလကို အဆိုပြုပြီး ထိုင်းနိုင်ငံဘက်က နယ်စပ်ဂိတ် ပုံမှန်သွားလာမှုများကို ချက်ချင်းပြန်လည်ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း၊ သို့မဟုတ်ပါက ကမ္ဘောဒီးယားဘက်က တန်ပြန်အစီအမံများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား အမျိုးသား ရုပ်မြင်သံကြားဌာန၏ တိုက်ရိုက်ထုတ်လွှင့်မှု၌ ပြောကြားခဲ့သည်။
ထိုင်းစစ်တပ်ဘက်က ဦးစွာ တစ်ဖက်သတ် နယ်စပ်ဂိတ်ကို ပိတ်ခဲ့ကြောင်း ဟွန်ဆန်က ပြစ်တင်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည် မလွှဲသာသည့်ရင်ဆိုင်မှုသာ ဖြစ်ပြီး ပုံမှန်နယ်စပ်ဖြတ်သန်းသွားလာမှုကို ထိုင်းစစ်တပ်ဘက်မှ ဦးစွာ ပြန်လည်စတင်ရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ကမ္ဘောဒီးယားဘက်က ထိုင်းဘက်နှင့် စေ့စပ်ညှိနှိုင်းမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
柬埔寨警告禁止泰国农产品入境
新华社金边6月16日电(记者吴长伟)柬埔寨人民党主席、参议院主席洪森16日发表声明说,如果24小时内泰国军方仍未恢复柬泰边境正常通行,柬埔寨将从17日起全面禁止泰国农产品入境。
洪森在柬埔寨国家电视台直播的讲话中表示,他和首相洪玛奈分别与泰国总理佩通坦通话,向泰方明确提出24小时期限,要求泰方立即恢复边境口岸正常通行,否则柬方将采取反制措施。
洪森指责泰国军方单方面率先关闭口岸。他说,柬方只是被迫应对,恢复正常通关应由泰国军方先行启动。他还表示,柬方不会就这一问题与泰方谈判。(完)
1. 这是6月8日在柬埔寨班迭棉吉省波贝市拍摄的位于柬泰边境的波贝检查站。新华社发(棉吉摄)