International Organizations
“တစ်ဖက်သတ် အတင်းအဓမ္မအကျပ်ကိုင်ဆောင်ရွက်သော အစီအမံများ ကန့်ကွက်ရေး အပြည်ပြည်ဆိုင်ရာနေ့” သတ်မှတ်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံ အတည်ပြု

ကုလသမဂ္ဂ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန် ၁၆ ရက်တွင် ဆုံးဖြတ်ချက်တစ်ရပ်ကို မဲခွဲဆုံးဖြတ်မှုဖြင့် အတည်ပြုခဲ့ပြီး နှစ်စဉ် ဒီဇင်ဘာ ၄ ရက်အား “တစ်ဖက်သတ် အတင်းအဓမ္မအကျပ်ကိုင်ဆောင်ရွက်သော အစီအမံများ ကန့်ကွက်ရေး အပြည်ပြည်ဆိုင်ရာနေ့” အဖြစ်သတ်မှတ်လိုက်ကြောင်း ကြေညာခဲ့သည်။
ဆုံးဖြတ်ချက်သည် ထောက်ခံမဲ ၁၁၆ မဲ၊ ကန့်ကွက်မဲ ၅၁ မဲနှင့် ကြားနေမဲ ၆ မဲ ရလဒ်ဖြင့် အတည်ပြုမှုကို ရရှိခဲ့သည်။
တစ်ဖက်သတ် အတင်းအဓမ္မ အကျပ်ကိုင်ဆောင်ရွက်သော အစီအမံများ၊ နိုင်ငံတကာ ဥပဒေနှင့် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” အား ချိုးဖောက်နေသော သက်ဆိုင်ရာ ဥပဒေများ၊ နိုင်ငံများအကြား ငြိမ်းချမ်းသည့်ဆက်ဆံရေး လမ်းညွှန်မှုရှိသော စံနှုန်းများနှင့် အခြေခံမူများအား ချိုးဖောက်ခြင်းများကို အဆိုပါ ဆုံးဖြတ်ချက်တွင် ထောက်ပြခဲ့သည်။
နိုင်ငံအသီးသီးအနေဖြင့် နိုင်ငံတကာဥပဒေ၊ “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” နှင့် ဆီလျော်မှုမရှိသော၊ နိုင်ငံအသီးသီးအား တားဆီးမှု သို့မဟုတ် ထိခိုက်နစ်နာစေမှုရှိသော မည်သည့် အစီအမံများကိုမဆို အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများက စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဘက်စုံအကောင်အထည်ဖော်သော တစ်ဖက်သတ်စီးပွားရေး၊ ဘဏ္ဍာရေး သို့မဟုတ် ကုန်သွယ်မှု အစီအမံများကို မချမှတ်၊ မထုတ်ပြန်၊ မဖော်ဆောင်ရန် ဆုံးဖြတ်ချက်တွင် တိုက်တွန်းခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်တွင် ၂၀၂၅ ခုနှစ်မှစ၍ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော မျက်နှာစုံညီအစည်းအဝေးကို တစ်နှစ်တစ်ကြိမ်ကျင်းပကာ အပြည်ပြည်ဆိုင်ရာနေ့ အထိမ်းအမှတ်နှင့် ကြော်ငြာခြင်း ပြုလုပ်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌအား တောင်းဆိုခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်က ဒီဇင်ဘာ ၄ ရက်ကို “တစ်ဖက်သတ် အတင်းအဓမ္မ အကျပ်ကိုင်ဆောင်ရွက်သော အစီအမံများ ကန့်ကွက်ရေး အပြည်ပြည်ဆိုင်ရာနေ့” အဖြစ်ရွေးချယ်ခဲ့ရာ အကြောင်းရင်းမှာ “ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့် တရားဝင်ကြေညာချက်” သည် ၁၉၈၆ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အတည်ပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ (Xinhua)
………………
(Chinese Version)
联大批准设立“反对单边强制措施国际日”
新华社联合国6月16日电(记者尚绪谦)联合国大会16日表决通过一项决议,宣布每年12月4日为“反对单边强制措施国际日”。
决议以116票赞成、51票反对、6票弃权的结果获得通过。
决议指出,单边强制措施和有关立法违背国际法和《联合国宪章》,违背指导国家间和平关系的规范和原则。决议敦促各国不采取、不颁布、不实行任何不符合国际法和《联合国宪章》、阻碍或损害各国,特别是发展中国家全面实现经济社会发展的单边经济、金融或贸易措施。
决议请联大主席自2025年起每年举办一次联大非正式全体会议,纪念和宣传该国际日。
决议选择12月4日作为“反对单边强制措施国际日”,是因为《发展权利宣言》于1986年12月4日在联大通过。(完)
图说:6月16日,在位于纽约的联合国总部,厄立特里亚常驻联合国代表索菲娅·约翰尼斯介绍决议草案。新华社发(联合国供图/曼努埃尔·埃利亚斯摄)