Asia
ပထမဆုံး လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရန် ဗီယက်နမ်အစိုးရ အတည်ပြု

ဟနွိုင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
ဗီယက်နမ်အစိုးရက ၎င်းနိုင်ငံအလယ်ပိုင်းရှိ ဗဟိုမှ တိုက်ရိုက်အုပ်ချုပ်သောမြို့ ဒါနန်း (Da Nang) မြို့တွင် ဗီယက်နမ်၏ ပထမဆုံး လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရန် ဇွန် ၁၃ ရက်က အတည်ပြုခဲ့ကြောင်း ဗီယက်နမ်မီဒီယာ၏ ဇွန် ၁၆ ရက် သတင်းဖော်ပြမှုအရ သိရသည်။
ဒါနန်း လွတ်လပ်သော ကုန်သွယ်ရေးဇုန်ဧရိယာသည် ၁,၈၈၁ ဟက်တာရှိပြီး ထုတ်လုပ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်ထုတ်ကုန်လုပ်ငန်း၊ အချက်အလက်နည်းပညာစသည့် စွမ်းဆောင်မှုဧရိယာအများအပြားရှိကြောင်း၊ ဒါနန်းအဆင့်မြင့်နည်းပညာဥယျာဉ်နှင့် စက်မှုလုပ်ငန်းဇုန်အသီးသီး စီမံခန့်ခွဲရေးကော်မတီအား အမျိုးသား စီမံခန့်ခွဲမှုတာဝန် တိုက်ရိုက်ထမ်းဆောင်သော အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားကြောင်း သတင်းဖော်ပြမှုအရ သိရသည်။
ဗီယက်နမ်နိုင်ငံ ၁၅ ကြိမ်မြောက် အမျိုးသားလွှတ်တော်၏ နဝမအကြိမ်မြောက် အစည်းအဝေးက ပြည်နယ်အဆင့် စီမံအုပ်ချုပ်ရေးဌာနများ ပေါင်းစည်းရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ဇွန် ၁၂ ရက်၌ မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ရာ နိုင်ငံတစ်ဝန်း ပြည်နယ်အဆင့် စီမံအုပ်ချုပ်ရေးဌာန ၆၃ ခုမှ ၃၄ ခုအထိ ကျစ်လစ်စွာ ဖွဲ့စည်းခဲ့သည်။ ယင်းအနက် ဒါနန်းမြို့နှင့် ကွမ်နန် (Quang Nam) ပြည်နယ် ပေါင်းစည်းကာ ဒါနန်းမြို့ အသစ်ဧရိယာမှာ ၁၁,၀၀၀ စတုရန်းကီလိုမီတာ ရှိသည်။
ဒါနန်းမြို့၌ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရန် ရွေးချယ်ရခြင်းသည် နှစ်များစွာ အစီအစဉ်ရေးဆွဲခြင်း၊ စေ့စပ်သေချာစွာပြင်ဆင်ခြင်း ရလဒ်ဖြစ်ကြောင်း၊ ဒါနန်း လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်သည် တံခါးဖွင့် စီးပွားရေးပုံစံတစ်မျိုးဖြစ်သည်သာမက စည်းစနစ်ဆိုင်ရာ စမ်းသပ်ခန်းအဖြစ် ဖြစ်လာရန်၊ ရင်းနှီးမြှုပ်နှံမှု၊ အခွန်စည်းကြပ်မှု၊ အကောက်ခွန်၊ သိပ္ပံနည်းပညာ၊ ဘဏ္ဍာရေး၊ လူအရင်းအမြစ်စွမ်းအားနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေးစသည့် မူဝါဒအသစ်များအတွက် စမ်းသပ်ကျင့်သုံးရာနေရာဖြစ်လာရန်၊ ဗီယက်နမ်အလယ်ပိုင်း ကုန်းမြင့်ဒေသမှ နိုင်ငံတစ်ဝန်း တိုးတက်မှုဝင်ရိုးစွန်းအသစ်ဖြစ်လာရန် ပို၍ အလားအလာရှိကြောင်း Voice of Vietnam (VOV) ရေဒီယိုလိုင်း သတင်းဖော်ပြမှုအရ သိရသည်။ (Xinhua)
………………
(Chinese Version)
越南政府批准设立首个自贸区
新华社河内6月17日电(记者胡佳丽 邹学冕)据越南媒体16日报道,越南政府13日批准在位于该国中部的直辖市岘港市设立越南首个自贸区。
据报道,岘港自贸区面积约1881公顷,涵盖生产、物流、贸易服务、数字产业、信息技术等多个功能区。岘港高科技园区和各工业区管理委员会被指定为直接履行国家管理职能的机构。
越南第十五届国会第九次会议12日表决通过关于省级行政单位合并的决议,将全国63个省级行政单位精简至34个,其中岘港市与广南省合并,新的岘港市面积超过1.1万平方公里。
据越南之声广播电台报道,选择在岘港设立自贸区是经过多年规划和周密筹备的结果。岘港自贸区不仅是一种开放的经济模式,更有望作为制度实验室,成为投资、税收、海关、科技、金融、人力资源和数字化转型等新政策的试验场,成为越南西原地区乃至全国新的增长极。(完)
图说:这是2017年9月30日拍摄的越南岘港傍晚景色。新华社记者吕小炜摄