China
တစ်ဖက်သတ် အတင်းအဓမ္မ အကျပ်ကိုင်သည့် အစီအမံများက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အခြေခံအုတ်မြစ်ကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း တရုတ်ကိုယ်စားလှယ် ပြောကြား

ကုလသမဂ္ဂ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
တစ်ဖက်သတ် အတင်းအဓမ္မ အကျပ်ကိုင်ဆောင်ရွက်သည့် အစီအမံများသည် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် အခြေခံမူများကို ချိုးဖောက်ခြင်း ဖြစ်ရာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အခြေခံအုတ်မြစ်ကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇွန် ၁၆ ရက် ကုလသမဂ္ဂညီလာခံ တစ်ဖက်သတ် အတင်းအဓမ္မ အကျပ်ကိုင်သည့် အစီအမံများဆိုင်ရာ အချေအတင်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
တစ်ဖက်သတ် အတင်းအဓမ္မ အကျပ်ကိုင်ဆောင်ရွက်သည့် အစီအမံသည် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းဥပဒေက နိုင်ငံတကာဥပဒေနှင့် အခြားနိုင်ငံ၏ ဥပဒေအပေါ် တင်စီးခြင်း ဖြစ်ရာ အချုပ်အခြာအာဏာ တန်းတူညီမျှဖြစ်သည့် အခြေခံမူကို ပြောင်ပြောင်တင်းတင်း နင်းချေခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီ ခွင့်ပြုခြင်း မရှိသည့် အခြေအနေတွင် ပိတ်ဆို့အရေးယူမှုကို အလွဲသုံးခြင်းသည် လုံခြုံရေးကောင်စီ၏ အဖွဲ့လိုက် ဆုံးဖြတ်ချက်ချမှု ယန္တရား၏ ဩဇာအရှိန်အဝါကို မျက်ကွယ်ပြုခြင်း ဖြစ်သလို ခြိမ်းခြောက်အကျပ်ကိုင်မှု၊ အာဏာအင်အားဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုကို အစားထိုးခြင်း ဖြစ်ရာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်နှင့် ဆန့်ကျင်နေကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
တစ်ဖက်သတ် အတင်းအဓမ္မ အကျပ်ကိုင်သည့် အစီအမံများသည် အခြားနိုင်ငံ၏ အခြေခံလူ့အခွင့်အရေးကို ထိပါးရာ စနစ်အသွင် လူသားချင်းစာနာမှုကပ်ဘေးကို ဖြစ်ပွားစေကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ဘဏ္ဍာရေး ပိတ်ဆို့မှု၊ ကုန်သွယ်ရေး ကန့်သတ်မှု၊ “လက်တံရှည်လှမ်း စီမံမှု” စသည့် တစ်ဖက်သတ် အကျပ်ကိုင်သည့် အစီအမံများသည် နိုင်ငံတကာကုန်သွယ်စီးပွားနှင့် သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို ဆိုးရွားစွာ အနှောင့်အယှက်ဖြစ်စေသလို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ဗဟိုပြုသည့် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစည်းစနစ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မှု ဖြစ်စေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းနှင့်ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုကို ဆိုးရွားစွာ ခြိမ်းခြောက်ကာ စားနပ်ရိက္ခာ၊ စွမ်းအင် စသည့် ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းများကို ပို၍ ဆိုးရွားစေပြီး ဆင်းရဲ၊ ချမ်းသာ ကွာဟချက်နှင့် ကမ္ဘာ့ တောင်ဘက်ခြမ်း-မြောက်ဘက်ခြမ်း ခြားနားမှုကို ပို၍ ကြီးမားစေကြောင်း ၎င်းက ပြောကြားခဲ့သည်။
အနောက်နိုင်ငံ အနည်းစုက တစ်ဖက်သတ် အတင်းအဓမ္မ အကျပ်ကိုင်သည့် အစီအမံများကို ကိရိယာအသွင်၊ လက်နက်အသွင် ပြောင်းပြီး ကြီးနိုင်ငယ်ညှဉ်းသည့် သဘာဝစည်းမျဉ်း (The Law of Jungle) ကို ကျိုးကြောင်းဆီလျော်သည့်အသွင်၊ တရားဝင်အသွင် ဖြစ်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ ယင်းမှာ လုံးဝဥဿုံဖြစ်သော တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် အာဏာအင်အားသုံး နိုင်ငံရေး ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
အနည်းစုသော အနောက်နိုင်ငံများက နိုင်ငံတကာအသိုက်အဝန်း၏ တရားမျှတရေးအတွက် တိုက်တွန်းသံကို နားဆင်ရန်၊ တစ်ဖက်သတ် အတင်းအဓမ္မ အကျပ်ကိုင်သည့်အစီအမံများအား ချက်ချင်း ခြွင်းချက်မရှိ လုံးဝ ဖယ်ရှားရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရေးကြီးသည့် အဖွဲ့ဝင်နှင့် တစ်ဖက်သတ် အတင်းအဓမ္မ အကျပ်ကိုင်သည့် အစီအမံများကြောင့် နစ်နာသူအနေဖြင့် တရားမျှတမှု၊ သမာသမတ်ကျမှုဘက်တွင် အစဉ်အမြဲရပ်တည်သလို နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒဘက်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ဘက်တွင် ရပ်တည်နေကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် သက်ဆိုင်ရာ ဘက်ပေါင်းစုံနှင့်အတူ တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျစိုးမိုးမှုဝါဒ ဟူသော ခေတ်ရေစီးကြောင်းအား ဆန့်ကျင်မှုကို အတူတကွ ဟန့်တားသွားလိုကြောင်း၊ ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်၊ နိုင်ငံတကာဥပဒေကို အခြေခံသည့် နိုင်ငံတကာ စည်းစနစ်အား အတူတကွ ကာကွယ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများ ပို၍ တရားမျှတမှု၊ ကျိုးကြောင်းဆီလျော်မှု ရှိသည့် ဦးတည်ချက်ဆီသို့ တိုးတက်စေရန် အတူတကွ တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်သလို ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်၊ စည်ပင်ဝပြောရေးကို လူသားမျိုးနွယ်တစ်ရပ်လုံး မျှဝေခံစားရေးအား မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအထွေထွေညီလာခံသည် တစ်ဖက်သတ် အတင်းအဓမ္မ အကျပ်ကိုင်သည့် အစီအမံများရေးရာ အချေအတင်ဆွေးနွေးပွဲအပြီးတွင် ဆုံးဖြတ်ချက်တစ်ရပ်အား အတည်ပြုခဲ့ရာ နှစ်စဉ် ဒီဇင်ဘာ ၄ ရက်ကို “တစ်ဖက်သတ် အတင်းအဓမ္မ အကျပ်ကိုင်သည့် အစီအမံများ ကန့်ကွက်ရေး အပြည်ပြည်ဆိုင်ရာနေ့” အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)
———————–
(Chinese Version)
中国代表:单边强制措施破坏多边主义和国际法治根基
新华社联合国6月16日电 中国常驻联合国代表傅聪16日在联大单边强制措施问题辩论上发言,指出单边强制措施违背《联合国宪章》宗旨与原则,破坏多边主义和国际法治根基。
傅聪在发言中说,单边强制措施将一国国内法凌驾于国际法和他国法律之上,公然践踏主权平等原则,在未经安理会授权的情况下滥施制裁,无视安理会集体决策机制权威,以胁迫、强权代替对话协商,同多边主义和国际合作精神背道而驰。
他说,单边强制措施侵犯别国基本人权,造成系统性人道灾难。金融封锁、贸易限制、“长臂管辖”等单边强制措施严重干扰国际经贸与科技合作,严重冲击以世界贸易组织为核心的多边贸易体制和全球经济秩序,严重威胁全球产供链稳定,加剧粮食、能源等全球危机,拉大贫富差距和南北鸿沟。
傅聪表示,少数西方国家将单边强制措施工具化、武器化,妄图将弱肉强食、丛林法则合理化、合法化,这是彻头彻尾的单边主义、霸权主义和强权政治。中方呼吁少数西方国家听从国际社会的正义呼声,立即、无条件、彻底取消单边强制措施。
他说,中国作为全球南方的重要成员和单边强制措施的受害者,始终站在公平正义一边,站在多边主义一边,站在发展中国家一边。中方愿同有关各方一道,共同抵制单边主义、霸权主义逆流,共同维护以联合国为核心的国际体系、以国际法为基础的国际秩序,共同推动全球治理朝着更加公正合理的方向发展,促进全人类共享和平稳定与发展繁荣。 联大在单边强制措施问题辩论后通过决议,宣布每年12月4日为“反对单边强制措施国际日”。(完)
1. 这是6月16日在瑞士日内瓦拍摄的万国宫。新华社记者 连漪 摄