Connect with us

Asia

ရှီကျင့်ဖိန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev တို့တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့၌ ဒုတိယအကြိမ်မြောက် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev နှင့် ဒေသစံတော်ချိန် ဇွန် ၁၇ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

အက်စ်တာနာ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့၌ ဒုတိယအကြိမ်မြောက် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev နှင့် ဒေသစံတော်ချိန် ဇွန် ၁၇ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က လွန်ခဲ့သည့်နှစ်တွင် မိမိတို့အနေဖြင့် ပေကျင်းမြို့နှင့် အက်စ်တာနာမြို့၌ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ မဟာဗျူဟာ အစီအစဉ်များရေးဆွဲခဲ့ပြီး တရုတ်-ဥဇဘက်ကစ္စတန် နယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်မှုမှာ ဘက်စုံပွင့်လန်းကာ နေ့စဉ်နှင့်အမျှ တိုးတက်ကောင်းမွန်လာသော အခြေအနေများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဥဇဘက်ကစ္စတန်နိုင်ငံနှင့်အတူ မဟာဗျူဟာချိတ်ဆက်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးရာ စီမံခန့်ခွဲမှု အတွေ့အကြုံများ ဖလှယ်ခြင်းတို့ကို အားဖြည့်ကာ ပိုမိုများပြားသော အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားရှိသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဖော်ဆောင်ရန်၊ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုအား အားဖြည့်ကူညီကာ ပိုမို အနှစ်သာရကြွယ်ဝသော၊ တက်ကြွမှုရှိသော တရုတ်- ဥဇဘက်ကစ္စတန် အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွ ဖွဲ့စည်းတည်ဆောက်ရန် ဆန္ဒရှိကြောင်း ထောက်ပြပြောကြားခဲ့သည်။

တရုတ်- ဥဇဘက်ကစ္စတန် နှစ်နိုင်ငံအနေဖြင့် ပိုမိုများပြားသော ကုန်သွယ်မှု လွတ်လပ်ရေး၊ အဆင်ပြေချောမွေ့ရေး အသွင်ပြောင်းမှု အစီအမံများ ပြဋ္ဌာန်းကာ နှစ်ဖက်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာကို ချဲ့ထွင်ရန်၊ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းအား အရည်အသွေးမြင့် တည်ဆောက်ကာ ရှုထောင့်စုံနှင့် အလွှာစုံချိတ်ဆက်မှု အခင်းအကျင်းများ ဖန်တီးပြီး ဉာဏ်ရည်တု၊ စွမ်းအင်သစ်၊ စမတ် လယ်ယာလုပ်ငန်း၊အများပြည်သူကျန်းမာရေး စသည့် ထွန်းသစ်စကဏ္ဍများ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့ဆောင်ရွက်ရန်၊ ယဉ်ကျေးမှုစင်တာ အပြန်အလှန်ထားရှိခြင်းကို တက်ကြွစွာ တွန်းအားပေးကာ ဒုတိယအကြိမ် စာသင်ကျောင်းရာကျော်ပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား ကောင်းမွန်စွာကျင်းပရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးပူးပေါင်းဆောင်ရွက်မှုအား စဉ်ဆက်မပြတ်အားဖြည့်ကာ နှစ်နိုင်ငံပြည်သူ စိတ်နှလုံးချင်းဆက်နွှယ်မှုအား မြှင့်တင်ရန်၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက် နက်ရှိုင်းစေပြီး “အကြမ်းဖက်အင်အား၊ လူမျိုးရေးခွါပြဲမှုအင်အား၊ ဘာသာရေးအစွန်းရောက်အင်အား ဟူသောအင်အားစု ၃ ရပ်” ကို အတူကကွ တိုက်ဖျက်ကာ ခြိမ်းခြောက်မှုအသစ်များ၊ စိန်ခေါ်မှုအသစ်များကို အတူလက်တွဲ ရင်ဆိုင်ဖြေရှင်းပြီး ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအား ထိန်းသိမ်းစောင့်ရှောက်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

နှစ်ဖက်သည် တရုတ်-ဗဟိုအာရှယန္တရား၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) စသည့် နိုင်ငံစုံပလက်ဖောင်းများတွင် ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ကာ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို အတူတကွ ကာကွယ်ပြီး နိုင်ငံတကာကုန်သွယ်စီးပွားရေးစနစ်ကို ထိန်းသိမ်းကာကွယ် ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမ္မတ Mirziyoyev က သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ့ ထူးချွန်နိုင်ငံရေးသမားဖြစ်ပြီး တရုတ်နိုင်ငံအား အောင်မြင်ထိရောက်မှုရှိသော ပြည်တွင်း၊ ပြည်ပ မူဝါဒများကို ဦးဆောင်အကောင်အထည်ဖော်ခဲ့ရာ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရာတွင် ကြွယ်ဝသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ပြီး တရုတ်နိုင်ငံ စီးပွားရေးသည် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော မောင်းနှင်အားဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ယနေ့ကမ္ဘာပေါ်ရှိ မည်သည့် အရေးကြီးပြဿနာများ၏ ဖြေရှင်းမှုမဆိုတွင် တရုတ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်ပေးမှုနှင့် ကင်းကွာ၍မရကြောင်း၊ ဥဇဘက်ကစ္စတန်နှင့် တရုတ်တို့သည် ညီအစ်အကိုအရင်းအချာများကဲ့သို့ အလွှာအဆင့်အသီးသီးတွင် နီးကပ်စွာ ကူးလူးဆက်ဆံကာ ကဏ္ဍအသီးသီး၌ ခိုင်မာအားကောင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ဥဇဘက်ကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးအား တန်ဖိုးထားပြီး ဥဇဘက်ကစ္စတန်နိုင်ငံ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ကာလရှည်ကြာစွာ ကိုယ်ကျိုးမဖက် ထောက်ခံပေးမှုအား ကျေးဇူးတင်ရှိကာ တရုတ်တစ်နိုင်ငံတည်းအခြေခံမူအား မဆုတ်မနစ် အခိုင်အမာ လက်ကိုင်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေးရာစီမံအုပ်ချုပ်မှု အတွေ့အကြုံဖလှယ်မှုအား အားဖြည့်ကာ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အတွေ့အကြုံအား နက်နက်ရှိုင်းရှိုင်းလေ့လာရန်၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုအတိုင်းအတာ တိုးချဲ့ကာ အဆင့်မြင့် နည်းပညာအသစ်၊ အပြန်အလှန်ချိတ်ဆက်မှု၊ လယ်ယာလုပ်ငန်း၊ အစိမ်းရောင်စွမ်းအင်စသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုအား အားဖြည့်ကာ နှစ်နိုင်ငံဆက်ဆံရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအားဖြည့်ကာ “အကြမ်းဖက်အင်အား၊ လူမျိုးရေးခွါပြဲမှုအင်အား၊ ဘာသာရေးအစွန်းရောက်အင်အား ဟူသောအင်အားစု ၃ ရပ်” ကို အခိုင်အမာ တိုက်ဖျက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး ၃ ရပ်မှာ အရေးပါသော ခေတ်ကာလ၏အနက်အဓိပ္ပာယ်ရှိပြီး ဥဇဘက်ကစ္စတန်နိုင်ငံအနေဖြင့် အထူးလေးစားချီးကျူးသလို တရုတ်နိုင်ငံနှင့်အတူ နက်နက်ရှိုင်းရှိုင်း လက်တွေ့ဆောင်ရွက်ကာ “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် အခြေခံမူများအား အတူတကွ ထိန်းသိမ်းကာကွယ်လိုကြောင်း၊ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို ထိန်းသိမ်းကာကွယ်ကာ ကမ္ဘာ့ငြိမ်ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား တွန်းအားပေးသော တိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် လက်ရှိ အရှေ့အလယ်ပိုင်းအခြေအနေနှင့် စပ်လျဉ်း၍ အမြင်သဘောထားချင်းလဲလှယ်ခဲ့သည်။

ရှီကျင့်ဖိန်က အီရန်အပေါ် အစ္စရေး စစ်ရေးလှုပ်ရှားမှုများကြောင့် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအခြေအနေ ရုတ်တရက်ဆိုးရွားခဲ့ရာ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံက အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် အခြားသောနိုင်ငံ၏ အချုပ်အခြာအာဏာလုံခြုံမှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကျူးကျော်သော မည်သည့်လုပ်ရပ်ကိုမဆို ကန့်ကွက်ကြောင်း၊ စစ်ရေးပဋိပက္ခသည် ပြဿနာကိုဖြေရှင်းသော နည်းလမ်းမဟုတ်ကြောင်း၊ ဒေသတွင်းအခြေအနေ ဆိုးရွားလာခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်း ဘုံအကျိူးစီးပွားနှင့် မကိုက်ညီကြောင်း၊ ဘက်အသီးသီးအနေဖြင့် တင်းမာမှုအခြေအနေ တစ်ဆင့်တိုး ဆိုးရွားလာခြင်းကို ရှောင်ရှားရန် ပဋိပက္ခ အမြန်ဆုံးလျှော့ချရန် တွန်းအားပေးသင့်ကြောင်း၊ တရုတ်နိုင်ငံသည် ဘက်အသီးသီးနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားရန် ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုအပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် ဥဇဘက်ကစ္စတန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်ရောက်ခြင်းဆိုင်ရာ နှစ်ဖက် သဘောတူစာချုပ် လက်မှတ်ရေးထိုး ကြေညာမှုအား အတူတကွ မျက်မြင်သက်သေပြုခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ချိုက်ချီ၊ ဝမ်ရိ စသည်တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………
(Chinese Version)
习近平会见乌兹别克斯坦总统米尔济约耶夫
新华社阿斯塔纳6月17日电(记者郝薇薇 赵冰)当地时间6月17日上午,国家主席习近平在阿斯塔纳出席第二届中国-中亚峰会期间会见乌兹别克斯坦总统米尔济约耶夫。   习近平指出,去年我们在北京和阿斯塔纳两度会晤,就发展两国关系作出战略规划,中乌各领域合作呈现全面铺开、蒸蒸日上的良好局面。中方愿同乌方加强发展战略对接和治国理政经验交流,实施更多互利共赢的合作项目,助力各自国家发展,携手构建更加富有内涵和活力的中乌命运共同体。
习近平强调,中乌双方要出台更多贸易自由化便利化举措,扩大双边贸易和投资规模,高质量建设中吉乌铁路,打造立体化联通格局,拓展人工智能、新能源、智慧农业、公共卫生等新兴领域务实合作;积极推进互设文化中心,办好第二届百校合作论坛,持续加强减贫合作,促进两国民心相通;继续深化执法安全合作,共同打击“三股势力”,携手应对新威胁新挑战,维护地区和平稳定。双方要在中国-中亚机制、上海合作组织等多边平台加强协作,共同捍卫国际公平正义,维护国际经贸秩序。
米尔济约耶夫表示,习近平主席是世界杰出政治家,领导中国实施卓有成效的内外政策,推动经济社会发展取得丰硕成果,中国经济成为世界经济的重要引擎。当今世界任何重大问题的解决都离不开中国。乌中亲如兄弟,各层级交往密切,各领域合作强劲,两国关系达到历史上最高水平。乌方珍视同中国的友好关系,感谢中方长期以来为乌经济社会发展提供的无私支持,将坚定不移奉行一个中国原则。乌方愿同中方加强治国理政经验交流,深入学习中国脱贫攻坚经验;扩大贸易、投资规模,加强高新技术、互联互通、农业、绿色能源等领域合作,推动两国关系高质量发展;加强执法安全合作,坚定打击“三股势力”。习近平主席提出的三大全球倡议具有重大时代意义,乌方高度赞赏,愿与中方深入践行,共同维护联合国宪章宗旨原则,维护国际公平正义,促进世界和平和发展的进步事业。
两国元首就当前中东局势交换意见。习近平表示,以色列发动对伊朗军事行动,造成中东地区紧张局势骤然加剧,中方对此深感担忧。我们反对任何侵犯别国主权安全和领土完整的行为。军事冲突不是解决问题之道,地区局势升温不符合国际社会共同利益。各方应该推动冲突尽快降温,避免紧张事态进一步升级。中方愿同各方一道努力,为恢复中东地区和平稳定发挥建设性作用。
会见后,两国元首共同见证双方宣布签署关于乌兹别克斯坦加入世贸组织双边议定书。
蔡奇、王毅等参加上述活动。(完)
图说:当地时间6月17日上午,国家主席习近平在阿斯塔纳出席第二届中国-中亚峰会期间会见乌兹别克斯坦总统米尔济约耶夫。 新华社记者 翟健岚 摄