North America
ထရမ့်က အမေရိကန်စစ်တပ် အီရန်ကို တိုက်ခိုက်ရန်အစီအစဉ်အား ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း လတ်တလောတွင် အမိန့်မထုတ်ပြန်သေးကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာဆို

ဝါရှင်တန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် အမေရိကန်စစ်တပ် အီရန်ကို တိုက်ခိုက်ရန်အစီအစဉ်အား ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ သို့သော် အီရန်အနေဖြင့် နျူကလီးယားစီမံကိန်းများကို စွန့်လွှတ်မည်/မစွန့်လွှတ်မည်ကို စောင့်ကြည့်ရန် လတ်တလောတွင် အမိန့်မထုတ်ပြန်သေးကြောင်း ဇွန် ၁၇ ရက် ညပိုင်းက ၎င်း၏ အကြီးတန်းလက်ထောက်အား ပြောကြားခဲ့သည်ဟု The Wall Street Journal က အဆိုပါကိစ္စနှင့်နီးစပ်သူ သုံးဦး၏ ပြောကြားချက်ကို ကိုးကား၍ ဇွန် ၁၈ ရက်တွင် ဖော်ပြထားသည်။
အီရန်အပေါ် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်မည်ဟု ခြိမ်းခြောက်ခြင်းမှတစ်ဆင့် နျူကလီးယားစီမံကိန်း စွန့်လွှတ်ရန် အီရန်ကို ထရမ့်က ဖိအားပေးလိုကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထရမ့်သည် ဇွန် ၁၇ ရက် ညနေပိုင်းက အိမ်ဖြူတော်တွင် အမျိုးသားလုံခြုံရေးအဖွဲ့ အစည်းအဝေးကျင်းပခဲ့ပြီး အစ္စရေးနှင့် အီရန် ဆက်တိုက်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအကြောင်း ဆွေးနွေးခဲ့သည်။ အီရန်အပေါ် အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွင် ပါဝင်ခြင်း အပါအဝင် ရွေးချယ်စရာများစွာကို ထရမ့် စဉ်းစားနေကြောင်း အမေရိကန်မီဒီယာများက ဖော်ပြထားသည်။
အမေရိကန်က အရှေ့အလယ်ပိုင်းဒေသ၌ ၎င်း၏ “ကာကွယ်ရေးအနေအထား” ကို အားဖြည့်ရန်အတွက် ယင်းဒေသတွင် ပိုမိုများပြားသော စစ်ရေးအင်အား ဖြန့်ကြက်လျက်ရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ဇွန် ၁၃ ရက် နံနက်ပိုင်းမှစ၍ အစ္စရေးသည် အီရန် ဒေသအများအပြားသို့ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ် လုပ်ဆောင်ခဲ့ပြီး အီရန်နျူကလီးယား အဆောက်အဦများနှင့် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံးဒဏ်ရာရမှုဖြစ်ခဲ့သည်။ လက်တုံ့ပြန်သည့်အနေဖြင့် အီရန်ဘက်က အစ္စရေးနယ်နိမိတ်အတွင်းရှိ ပစ်မှတ်အမျိုးမျိုးကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် အကြိမ်များစွာ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ (Xinhua)
——————–
(Chinese Version)
美媒:特朗普称已批准美军打击伊朗计划但暂不下达命令
新华社华盛顿6月18日电 美国《华尔街日报》18日援引三名知情人士的话报道说,美国总统特朗普17日晚告诉其高级别助理,他已批准美军对伊朗的打击计划,但暂不下达最后命令,以观察伊朗是否会放弃核项目。
报道说,特朗普希望通过威胁加入以色列对伊朗的军事行动,来迫使伊朗放弃核项目。
特朗普17日下午在白宫召集国家安全团队开会,讨论以色列与伊朗正在持续的军事冲突。多家美国媒体报道,特朗普正考虑一系列选项,包括加入以色列对伊朗的空袭。 美国国防部长赫格塞思16日表示,美国正在中东地区部署更多军事力量,以强化其在这一地区的“防御态势”。
自13日凌晨以来,以色列对伊朗多地发动大规模空袭,轰炸伊朗核设施和军事目标,造成大量人员伤亡。作为报复,伊朗向以色列境内不同目标发动多轮导弹和无人机袭击。(完)
1. 6月15日,在美国华盛顿白宫,美国总统特朗普准备登机。新华社记者胡友松摄