Connect with us

Asia

အင်ဒိုနီးရှား မီးတောင်တစ်ခု ဆက်တိုက်ပေါက်ကွဲလျက်ရှိရာ ဘာလီကျွန်း အသွားအပြန်ခရီးစဉ်တချို့ ဖျက်သိမ်း

အင်ဒိုနီးရှားနိုင်ငံ အရှေ့နုဆာတင်ဂါရာပြည်နယ်၊ အရှေ့ဖလိုရ်စ်ခရိုင်တွင် လီဗိုတိုဘီ-ရာကီရာကီ (Lewotobi Laki-Laki) မီးတောင်ပေါက်ကွဲနေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အင်ဒိုနီးရှား မီးတောင်နှင့် ဘူမိဗေဒ ဘေးအန္တရာယ် လျှော့ချရေးစင်တာ)

အရှေ့နုဆာတင်ဂါရာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံရှိ လီဗိုတိုဘီ-ရာကီရာကီ (Lewotobi Laki-Laki) မီးတောင်သည် ဇွန် ၁၇ ရက်မှစ၍ ဆက်တိုက်ပေါက်ကွဲခဲ့သည်။ ယင်းသက်ရောက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ လေဆိပ်သုံးခုကို ဇွန် ၁၈ ရက်တွင် ယာယီပိတ်ထားခဲ့ပြီး ဘာလီကျွန်း အသွားအပြန် နိုင်ငံတကာလေကြောင်းခရီးစဉ်အချို့ကို ဖျက်သိမ်းခဲ့ရသည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း I Gusti Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လီဗိုတိုဘီ-ရာကီရာကီမီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ် နှောင့်နှေးကြန့်ကြာခဲ့သည့် ခရီးသည်များက မေးမြန်းစုံစမ်းနေကြသည်ကို ဇွန် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(Chinese Version)
印尼一火山持续喷发 部分往返巴厘岛航班取消
新华社照片,东努沙登加拉省(印度尼西亚),2025年6月18日
印度尼西亚勒沃托比-拉基拉基火山自17日起持续喷发。受此影响,印尼三座机场18日临时关闭,部分往返巴厘岛的国际航班被迫取消。
图说1:这是6月17日在印度尼西亚东努沙登加拉省东弗洛勒斯县拍摄的喷发中的勒沃托比-拉基拉基火山。 新华社发(印尼火山和地质减灾中心供图)
图说2:6月18日,在印度尼西亚巴厘岛伍拉莱国际机场,由于勒沃托比-拉基拉基火山喷发导致航班延误的乘客们询问信息。新华社发(比辛拉西摄)