Connect with us

Africa & Middle East

အစ္စရေးက အီရန်နိုင်ငံခြားရေးဝန်ကြီးအား ပစ်မှတ်ထားသည့် လုပ်ကြံမှုကို ပျက်ပြားအောင် ဆောင်ရွက်ခဲ့ဟု အီရန် ပြောကြား

အစ္စရေးကာကွယ်ရေးတပ်က ၂၀၂၅ ဇွန် ၁၃ ရက်တွင် ထုတ်ပြန်သည့် ဓာတ်ပုံ၌ အစ္စရေးလေတပ် တိုက်လေယာဉ်များက အီရန်အား လေကြောင်းတိုက်ခိုက်မှုပြုရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အစ္စရေးကာကွယ်ရေးတပ်)

တီဟီရန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
မကြာမီရက်ပိုင်းက အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi အား ပစ်မှတ်ထားသည့် လုပ်ကြံမှုကို အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပျက်ပြားအောင် ဆောင်ရွက်ခဲ့ကြောင်း Abbas Araghchi ၏ အကြံပေး Mohammad Hossein Ranjbaran က ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

Ranjbaran က Abbas Araghchi ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာသို့ သွားရောက်၍ ဥရောပနိုင်ငံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမည့် သတင်းထုတ်ပြန်ပြီးနောက် ၎င်းအနေဖြင့် ဖုန်းခေါ်ဆိုမှုများစွာ လက်ခံခဲ့ရရာ Abbas Araghchi ကို ပစ်မှတ်ထား လုပ်ကြံရန် အစ္စရေး အစီအစဉ်ရေးဆွဲမည်ကို အားလုံးက စိုးရိမ်ကြကြောင်း လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။

“တကယ်တော့ ဒီလိုခြိမ်းခြောက်မှုမျိုးက အရင်တုန်းကလည်း ရှိခဲ့တယ်။ အခုလည်း ရှိနေဆဲပဲ” ဟု Ranjbaran က ရေးသားဖော်ပြခဲ့သည်။

“အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က လုံခြုံရေးအစီအမံတွေ လုပ်ဆောင်ထားလို့သာပဲ။ နို့မို့ဆိုရင် ပြီးခဲ့တဲ့ရက်အနည်းငယ်က တီဟီရန်မှာ သူ့ (Abbas Araghchi) ကို ပစ်မှတ်ထားတဲ့ အစ္စရေးရဲ့ ကြံစည်မှုကြီးက အကောင်အထည်ဖော်ပြီးနေလောက်ပြီ၊ တော်သေးတာက ဒီကိစ္စပျက်ပြားခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Abbas Araghchi က ၎င်းအနေဖြင့် ဇွန် ၂၀ ရက်တွင် ဆွီဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၊ ဥရောပသမဂ္ဂကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုသည် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ သုံးနိုင်ငံ၏ တောင်းဆိုချက်အရ စီစဉ်ခြင်းဖြစ်ကြောင်း ဇွန် ၁၉ ရက်တွင် IRNA သတင်းအေဂျင်စီ၏ မေးမြန်းမှုကို လက်ခံဖြေကြားရာ၌ ပြောကြားခဲ့သည်။

အီရန်နျူကလီးယားစီမံကိန်းနှင့်စပ်လျဉ်း၍ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့သည် Abbas Araghchi နှင့် ဇွန် ၂၀ ရက်တွင် ဂျီနီဗာ၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဗြိတိန်မီဒီယာ၏ ဇွန် ၁၈ ရက် သတင်းအရ သိရသည်။ အကယ်၍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါက ယင်းမှာ အစ္စရေးက ဇွန် ၁၃ ရက်မှစ၍ စတင်တိုက်ခိုက်သူ အနေဖြင့် အီရန်အား အကြီးအကျယ်ထိုးစစ်ဆင်လာပြီးနောက် အနောက်နိုင်ငံများနှင့် အီရန် အဆင့်မြင့် အရာရှိ၏ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှု ဖြစ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————–
(Chinese Version)
伊朗说挫败以色列针对伊外长的暗杀行动
新华社德黑兰6月19日电 伊朗外交部长阿拉格齐的顾问穆罕默德·侯赛因·兰杰巴兰19日说,伊朗伊斯兰革命卫队日前挫败一起以色列针对阿拉格齐的暗杀行动。
兰杰巴兰在社交媒体上表示,阿拉格齐将赴瑞士日内瓦与欧洲国家代表会谈的消息公布后,他接到大量来电,均担忧以色列可能策划针对阿拉格齐的暗杀行动。
“确实,这种威胁过去存在,现在依然存在,”兰杰巴兰写道,“若非伊斯兰革命卫队采取安保措施,或许数日前以色列在德黑兰针对他(阿拉格齐)的重大阴谋就已被实施,所幸它被挫败。”
阿拉格齐19日在接受伊朗伊斯兰共和国通讯社采访时表示,他将于20日在瑞士日内瓦与英国、法国、德国三国外长及欧盟代表举行会谈。此次会谈是应英、法、德三方请求安排的。
据英国媒体18日报道,英、法、德将于20日在日内瓦与阿拉格齐就伊朗核项目举行会谈。如果会谈举行,这将是以色列13日对伊朗实施大规模“先发制人打击”以来,西方国家与伊朗高级官员的首次面对面会谈。(完)
1. 这张6月13日由以色列国防军发布的照片显示,以色列空军战机准备前往伊朗实施空袭。新华社发(以色列国防军供图)