Europe
“မပျောက်ပျက်သော အောင်မြင်မှုနှင့် ထာဝရအမှတ်တရ” ဓာတ်ပုံပြပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပ

ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
“မပျောက်ပျက်သော အောင်မြင်မှုနှင့် ထာဝရအမှတ်တရ” ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ဇွန် ၁၉ ရက်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ အဆိုပါဓာတ်ပုံပြပွဲကို ဆင်ဟွာသတင်းဌာနနှင့် TASS သတင်းဌာနတို့က ပူးတွဲကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် TASS သတင်းဌာန ဥက္ကဋ္ဌ Andrey Kondrashov တို့က အတူတကွဖွင့်လှစ်ပေးခဲ့သည်။
ဖုဟွာက အဆိုပါပြပွဲသည် သမိုင်းကို ပြန်လည်လေ့လာကြည့်ရှုပြီး အတိတ်သင်ခန်းစာများဖြင့် ကျဆုံးသွားသော သူရဲကောင်းများကို ဂါရဝပြုကာ ချစ်ကြည်ရေးကို လက်ဆင့်ကမ်းရန် ရည်ရွယ်ကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် TASS သတင်းဌာနနှင့်အတူ ကူးလူးဆက်ဆံမှုနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကာ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အခမ်းအနားများ ပိုမိုများပြားစွာ စူးစမ်းလေ့လာကျင်းပသွားပြီး ကမ္ဘာ့စင်မြင့်ထက်တွင် “တရုတ်-ရုရှား ချစ်ကြည်ရေးအသံများ” အတူတကွ ထုတ်ဖော်ပြောကြားသွားလိုကြောင်း ပြောကြားခဲ့သည်။
Andrey Kondrashov က TASS သတင်းဌာနနှင့် ဆင်ဟွာသတင်းဌာနတို့ ပူးပေါင်းဆောင်ရွက်မှုသည် သမိုင်းကြောင်းကြာရှည်ကာ ထိရောက်မှုရလဒ်များ သိသာထင်ရှားကြောင်း၊ ယခုအကြိမ်ဓာတ်ပုံပြပွဲ ကျင်းပခြင်းသည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ အဆင့်မြင့်မားမှုကို ထပ်မံဖော်ပြလိုက်သလို သတင်းဌာနနှစ်ခုက တူညီသောသမိုင်းအပေါ် အမှတ်ရမှုကိုလည်း ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဖွင့်ပွဲအခမ်းအနား တက်ရောက်ရာတွင် ပြသထားသောဓာတ်ပုံများသည် ကြီးမြတ်သောလူပုဂ္ဂိုလ်နှင့် ကိစ္စရပ်များကို မှတ်တမ်းတင်ထားပြီး မိမိတို့အား သမိုင်းကို မဖြစ်မနေအမှတ်ရရန် သတိပေးနေကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ခိုင်မာစွာရပ်တည်၍ သမိုင်းအမှတ်တရကို အတူတကွ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဓာတ်ပုံပြပွဲတွင် တရုတ်-ရုရှားနှစ်နိုင်ငံပြည်သူများက ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအတွင်း အတူလက်တွဲ တိုက်ပွဲဝင်ခဲ့မှု၊ အပြန်အလှန်ကူညီပေးမှုတို့၏ သက်ဝင်လှုပ်ရှားသောမြင်ကွင်းများကို ဖော်ပြထားပြီး နှစ်နိုင်ငံက ကမ္ဘာကြီးငြိမ်းချမ်းရေး ကာကွယ်ထိန်းသိမ်းရန်နှင့် လူသားမျိုးနွယ် တိုးတက်မှုလုပ်ငန်းအတွက် သမိုင်းဝင် အကျိုးထမ်းဆောင်ခဲ့မှုတို့ကို ပေါ်လွင်စေပေသည်။
ထိုနေ့တွင် ဖုဟွာက Andrey Kondrashov နှင့်လည်း တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ရာ နှစ်ဖက်က လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ (Xinhua)

“မပျောက်ပျက်သော အောင်မြင်မှုနှင့် ထာဝရအမှတ်တရ” ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲတွင် လေ့လာကြည့်ရှုသူများကို ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“မပျောက်ပျက်သော အောင်မြင်မှုနှင့် ထာဝရအမှတ်တရ” ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲတွင် လေ့လာကြည့်ရှုသူများကို ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“မပျောက်ပျက်သော အောင်မြင်မှုနှင့် ထာဝရအမှတ်တရ” ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲတွင် လေ့လာကြည့်ရှုသူများကို ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
“不朽的功勋 永恒的记忆”图片展在俄罗斯圣彼得堡开幕
新华社圣彼得堡6月19日电(记者黄河 刘恺)“不朽的功勋 永恒的记忆”——纪念世界反法西斯战争胜利80周年图片展19日在圣彼得堡开幕。图片展由新华社与塔斯社联合主办。新华社社长傅华和塔斯社社长孔德拉绍夫共同为图片展揭幕。
傅华表示,展览旨在重温历史、以史为鉴,缅怀先烈、传承友谊。新华社愿同塔斯社进一步加强交往与协作,探索举办更多人文交流活动,在全球舞台上共同发出“中俄好声音”。
孔德拉绍夫说,塔斯社与新华社合作历史悠久,成效显著。举办此次图片展,既再次体现了双方合作的高水平,也彰显了两社对共同历史的铭记。
俄外交部发言人扎哈罗娃出席开幕式时说,展出照片记录伟大人物与事件,提醒我们必须铭记历史。俄方将与中方坚定站在一起,共同捍卫历史记忆。
图片展展现中俄两国人民在世界反法西斯战争中并肩作战、相互支援的生动场景,彰显两国为维护世界和平与人类进步事业作出的历史贡献。
当天,傅华还与孔德拉绍夫举行会见。双方表示将进一步深化务实合作。(完)
1、6月19日,“不朽的功勋 永恒的记忆”——纪念世界反法西斯战争胜利80周年图片展在圣彼得堡开幕。图片展由新华社与塔斯社联合主办。新华社社长傅华和塔斯社社长孔德拉绍夫共同为图片展揭幕。 新华社记者 曹阳 摄
2-4、6月19日,参观者在“不朽的功勋 永恒的记忆”——纪念世界反法西斯战争胜利80周年图片展上参观。新华社记者 曹阳 摄