China
ဖုဟွာနှင့် Rossiyskaya Gazeta သတင်းစာ အကြီးအကဲ Pavel Negoitsa တွေ့ဆုံဆွေးနွေး

စိန့်ပီတာစဘတ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသို့ ခရီးစဉ်ရောက်ရှိနေသော ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် Rossiyskaya Gazeta သတင်းစာ အကြီးအကဲ Pavel Negoitsa နှင့် ဇွန် ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဖုဟွာက ဆင်ဟွာသတင်းဌာနသည် Rossiyskaya Gazeta သတင်းစာနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တန်ဖိုးထားသလို နှစ်ဖက် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို အထူး အလေးထားကြောင်း၊ လူပုဂ္ဂိုလ်များ အပြန်အလှန်ခရီးစဉ်သွားရောက်မှု၊ ပူးတွဲအင်တာဗျူးနှင့် ပူးတွဲဓာတ်ပုံပြပွဲ စသည့် ကြွယ်ဝစုံလင်လှသော အစီအစဉ်များကို တစ်ဆင့်တိုးမြှင့် စူးစမ်းဆောင်ရွက်သွားလိုကြောင်း၊ အကြောင်းအရာဖြန့်ချိရေး စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ တရုတ်-ရုရှား နှစ်ဖက်ဆက်ဆံရေး အဆင့်မြင့်တိုးတက်ဖွံ့ဖြိုးစေရန် ကူညီအားဖြည့် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
Pavel Negoitsa က နှစ်ဖက် ရေရှည် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးအား အထူးချီးကျူးပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနသည် ဉာဏ်ရည်တုစွမ်းရည် (AI)၊ Big Data စသည့် နည်းပညာသစ်နည်းလမ်းများဖြင့် သတင်းရယူရေးသားသည့်ကဏ္ဍတွင် အတွေ့အကြုံ ကြွယ်ဝကြောင်း၊ ဆင်ဟွာသတင်းဌာနနှင့်အတူ နည်းပညာဖလှယ်မှုများ တစ်ဆင့်တိုး နက်ရှိုင်းစေရန်၊ လူပုဂ္ဂိုလ်ကူးလူးဖလှယ်မှုများ တိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်မှုပုံစံများ ကြွယ်ဝစေရန် ဆောင်ရွက်ကာ ရုရှား-တရုတ် နှစ်နိုင်ငံပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်၍ ခေတ်အဆက်ဆက်ချစ်ကြည်ရင်းနှီးရေးကို အတူတကွ မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————
傅华会见《俄罗斯报》社长涅戈伊察
新华社圣彼得堡6月20日电(记者黄河 刘恺)正在俄罗斯访问的新华社社长傅华20日会见《俄罗斯报》社长涅戈伊察。
傅华表示,新华社珍视与《俄罗斯报》的友好关系,高度重视双方交流合作,希望进一步探索开展人员互访、联合采访、联合图片展等丰富多样的活动,加强内容推广等领域合作,助力中俄双边关系高水平发展。
涅戈伊察高度评价双方长期友好合作关系。他表示,新华社在利用人工智能、大数据等新技术手段赋能新闻采编领域经验丰富,愿与新华社进一步深化技术交流、增进人员往来、丰富合作模式,共同促进俄中两国民心相通和世代友好。(完)
1. 6月20日,正在俄罗斯访问的新华社社长傅华会见《俄罗斯报》社长涅戈伊察。 新华社记者 曹阳 摄