China
ယူနန်ပြည်နယ် အယ်ယွမ်တွင် ပြင်းအား ၅.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ငလျင်လှုပ်ခတ်မှု သိသိသာသာ ခံစားရ

အယ်ယွမ် (ယူနန်)၊ ဇွန် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ အယ်ယွမ်ခရိုင်တွင် ဇွန် ၅ ရက် နံနက် ၄ နာရီ ၃၁ မိနစ်က (မြောက်လတ္တီတွဒ် ၂၆.၂၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၀၀.၀၃ ဒီဂရီ) ပြင်းအား ၅.၀ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင်ဗဟိုအနက် ၁၀ ကီလိုမီတာရှိကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ၏ တရားဝင် တိုင်းတာမှုအရ သိရသည်။
ငလျင်လှုပ်ခတ်မှု ဖြစ်ပွားစဉ်တွင် တာ့လီပြည်နယ်ခွဲ အယ်ယွမ်ခရိုင်၊ တာ့လီမြို့၊ ဟယ့်ချင့်ခရိုင်စသည့် ဒေသအများအပြားတွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားရပြီး လူတချို့မှာ ငလျင်လှုပ်ခတ်မှုကြောင့် အိပ်ရာမှနိုးလာရကြောင်း သတင်းထောက်က ထိုဒေသများမှ သိရသည်။ ငလျင်လှုပ်ခတ်မှုအပြီး အယ်ယွမ်ခရိုင်သည် တုံ့ပြန်မှုများ လျင်မြန်စွာ လုပ်ဆောင်ခဲ့ပြီး ကျေးလက်မြို့နယ်အသီးသီးတွင် ငလျင်သက်ရောက်မှုအခြေအနေများကို စစ်ဆေးလျက် အိမ်ခြေပျက်စီးမှုနှင့် လူသေဆုံးဒဏ်ရာရမှု အခြေအနေများကို တစ်ဆင့်တိုး စုံစမ်းစစ်ဆေးလျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ အယ်ယွမ်ခရိုင် ဆန်းရင်မြို့နယ် ပိုင်ချောင်ကျေးရွာတွင် ယာယီမိုးကာတဲတပ်ဆင်နေသော မီးသတ်တပ်ဖွဲ့ဝင်များအား ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(Chinese Version)
云南洱源发生5.0级地震 震感明显
新华社照片,洱源(云南),2025年6月5日
据中国地震台网正式测定,6月5日4时31分,在云南省大理白族自治州洱源县(北纬26.26度,东经100.03度)发生5.0级地震,震源深度10公里。
记者从当地获悉,地震发生时大理州洱源县、大理市、鹤庆县等多地有明显震感,部分人被地震晃醒。地震发生后,洱源县已迅速响应,各乡镇正排查地震影响情况,房屋受损和人员伤亡情况正在进一步了解中。
图说1:6月5日,消防救援队员在云南省大理白族自治州洱源县三营镇白草村搬运物资,准备搭建临时帐篷。新华社发(罗新才 摄)
图说2:6月5日,消防救援队员在云南省大理白族自治州洱源县三营镇白草村搭建临时帐篷。 新华社发(罗新才 摄)