Connect with us

Asia

ဂျပန်နိုင်ငံရှိ အမေရိကန်စစ်တပ်ဆိုင်ရာ ပြဿနာများအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဂျပန်နိုင်ငံ အိုကီနာဝါခရိုင် ဒေသခံများက ကျေနပ်မှုမရှိ

ဂျပန်နိုင်ငံ အိုကီနာဝါခရိုင်တွင် ကျင်းပသည့် အိုကီနာဝါစစ်ပွဲအတွင်း ကျဆုံးခဲ့သူများအား အောက်မေ့ဖွယ် အခမ်းအနား၌ အမှာစကားပြောကြားနေသော ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာကို ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီတိုမန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက ၎င်းသည် အိုကီနာဝါဒေသတွင် အမေရိကန်စစ်စခန်းများ ခက်စိပ်စိပ်အခြေစိုက်မှုကြောင့် ဒေသခံများအပေါ် လေးလံသော ဝန်ထုပ်ဝန်ပိုးများ ယူဆောင်လာခြင်းကို လျှော့ချရန် စိတ်ပိုင်းဖြတ်ထားကြောင်း ဇွန် ၂၃ ရက် အိုကီနာဝါစစ်ပွဲအတွင်း ကျဆုံးခဲ့သူများအား အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်စဉ် ပြောကြားခဲ့သည်။ သို့သော် ဒေသခံများက ဂျပန်အစိုးရ၏ ဂျပန်နိုင်ငံရှိ အမေရိကန်စစ်တပ်ဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပုံနှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်သည် အိုကီနာဝါစစ်ပွဲ ပြီးဆုံးသည့် နှစ် ၈၀ ပြည့်ဖြစ်ရာ အောက်မေ့ဖွယ်အခမ်းအနားကို အဆိုပါနေ့တွင် အိုကီနာဝါခရိုင် အီတိုမန်မြို့ရှိ ငြိမ်းချမ်းရေးအထိမ်းအမှတ်ဥယျာဉ်တွင် ကျင်းပခဲ့သည်။ အိုကီနာဝါသည် ယင်းဒေသတွင် အမေရိကန်စစ်စခန်းများ အများအပြားစုဝေးတည်ရှိနေမှုကြောင့် ကြီးမားသော ဖိစီးမှုများနှင့် ရင်ဆိုင်နေရကာ အမေရိကန်စစ်တပ်စသည့် သက်ဆိုင်ရာလူများမှ ဖြစ်ပွားသည့် မှုခင်းများနှင့် မတော်တဆမှုများ၊ အမေရိကန်စစ်အခြေစိုက်စခန်းများမှ ဖြစ်ပွားလာသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ ဟီနိုကိုအခြေစိုက်စခန်းအသစ် တည်ဆောက်ရေး အငြင်းပွားမှုများစသည့် ပြဿနာများသည် ယနေ့အထိတိုင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အိုကီနာဝါခရိုင်အုပ်ချုပ်ရေးမှူး Denny Tamaki က အခမ်းအနားတွင် ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ် အိုကီနာဝါမှ လုံးဝထွက်ခွာစေရန် မျှော်လင့်ကြောင်း၊ “နှစ် ၈၀ ကာလတစ်လျှောက် အမေရိကန်စစ်တပ် အိုကီနာဝါမှာ လာအခြေစိုက်တယ်၊ ကျွန်တော်တို့ကို ကြီးမာတဲ့ ထိခိုက်မှုတွေ ပေးတယ်။ နောက်မျိုးဆက်ကို ဒီလိုအခြေအနေမျိုး ချန်မသွားပေးချင်ဘူး” ဟူ၍ ဒေသခံတစ်ဦးဖြစ်သော တာကာမတ်ဆူ ဂူရှီကန်က ဆင်ဟွာသတင်းထောက်ထံ ပြောကြားခဲ့သည်။

အောက်မေ့ဖွယ်အခမ်းအနား မကျင်းပမီ တစ်ရက်အလိုတွင် ဒေသခံတချို့သည် ငြိမ်းချမ်းရေးအထိမ်းအမှတ်ဥယျာဉ်တွင် စုဝေးခဲ့ကြပြီး ပင်လယ်ရေပြင်တွင် မြေပြင်တည်ဆောက်ရေး၊ အမေရိကန်စစ်တပ်၏ ဂျပန်နိုင်ငံရှိ ဟီနိုကိုစစ်အခြေစိုက်စခန်းတည်ဆောက်မှုအား မြှင့်တင်ရေးတွင် အသုံးပြုရန် အိုကီနာဝါကျွန်း တောင်ပိုင်းတွင် ဂျပန်အစိုးရက မြေကြီးနှင့် သဲများတူးဖော်စုဆောင်းခဲ့ခြင်းကို အစာငတ်ခံဆန္ဒပြခဲ့ကြသည်။

အိုကီနာဝါခရိုင်သည် ဧရိယာတွက်ချက်မှုအရ ၇၀ ရာခိုင်နှုန်းခန့်ရှိသော ဂျပန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို လက်ခံထားသည်။ ကာလကြာရှည် ဂျပန်နိုင်ငံရှိ အမေရိကန်စစ်တပ် ကျူးလွန်ခဲ့သော ပြစ်မှုများ များပြားလှသည်။ အိုကီနာဝါခရိုင်စာရင်းဇယားအရ ၁၉၇၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်စစ်သားများနှင့် မိသားစုဝင်များသည် အိုကီနာဝါ၌ ရာဇဝတ်မှုပေါင်း ၆,၂၀၀ ခန့်တွင် ပါဝင်ပတ်သက်ခဲ့ပြီး ယင်းအနက် လူသတ်မှု၊ မုဒိမ်းမှုနှင့် ဓားပြတိုက်မှုစသည့် ဆိုးရွားသော ရာဇဝတ်မှုများ ပါဝင်သည်။

၁၉၄၅ ခုနှစ် မတ် ၂၆ ရက်တွင် အမေရိကန်စစ်တပ်က အိုကီနာဝါသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ပွဲသည် ၃ လနီးပါး ကြာမြင့်ခဲ့သည်။ အိုကီနာဝါစစ်ပွဲကြောင့် ထိုစဉ်က အိုကီနာဝါလူဦးရေ၏ လေးပုံတစ်ပုံခန့် သေဆုံးခဲ့ရသည်။ အိုကီနာဝါခရိုင်သည် နှစ်စဉ် ဇွန် ၂၃ ရက်တွင် အိုကီနာဝါစစ်ပွဲအတွင်း ကျဆုံးခဲ့သူများအား အောက်မေ့လေ့ရှိကြသည်။ (Xinhua)

ဂျပန်နိုင်ငံ အိုကီနာဝါခရိုင် အီတိုမန်မြို့ရှိ ငြိမ်းချမ်းရေးအထိမ်းအမှတ်ဥယျာဉ်တွင် ကန်တော့နေသော မိသားစုဝင်အား ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(Chinese Version)
日本冲绳民众不满政府处理驻日美军问题的方式
新华社日本丝满市6月23日电(记者陈泽安 杨智翔)日本首相石破茂23日在出席冲绳战殁者追悼仪式时说,他决心减轻冲绳民众因当地美军密集驻扎带来的沉重负担。但当地民众表示,不满日本政府处理驻日美军相关问题的方式。
今年是冲绳战役结束80周年,追悼仪式当天在冲绳县丝满市摩文仁的和平祈念公园举行。冲绳县知事玉城丹尼在仪式上讲话说,冲绳因当地美军基地高度集中承受重压,由美军等相关人员引发的案件和事故、美军基地衍生的环境问题,以及边野古新基地的建设争议等问题延续至今。
当地民众具志坚隆松对新华社记者说,希望美军完全离开冲绳,“80年来,美军驻扎在冲绳,给我们带来了巨大伤害。我不想把这种状态留给下一代。”
在追悼仪式举行前一天,部分民众还在和平祈念公园集会,绝食抗议日本政府从冲绳本岛南部采集土砂用于填海造地、推进驻日美军边野古基地建设。
冲绳县承接了按面积计算大约70%的驻日美军基地。长期以来,驻日美军犯罪高发。据冲绳县统计,1972年至2023年间,驻日美军及家属在冲绳共涉及约6200起刑事案件,其中不乏杀人、强奸、抢劫等恶性案件。
美军1945年3月26日进攻冲绳,战斗持续近3个月。冲绳战役造成当时冲绳人口约四分之一死亡。冲绳县每年6月23日悼念在冲绳战役中的死者。(完)
图说1:6月23日,在日本冲绳,日本首相石破茂在冲绳战殁者追悼仪式上发言。新华社记者 贾浩成 摄
图说2:6月23日,在日本冲绳,一位市民在丝满市摩文仁的和平祈念公园内祭奠亲属。新华社记者 贾浩成 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.