Connect with us

North America

အီရန်နျူကလီးယားအဆောက်အဦများ ဖျက်ဆီးခံရခြင်းမရှိဟု အမေရိကန်မီဒီယာများဆို၊ “သတင်းတု” ဟု ထရမ့် ဒေါသတကြီး တုံ့ပြန်

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် တောင်ဘက်ခြမ်းမြက်ခင်းပြင်တွင် ရဟတ်ယာဉ်ပေါ်သို့ မတက်မီ သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားနေသော အမေရိကန် သမ္မတ ထရမ့်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းက ပံ့ပိုးပေးသည့် လျှို့ဝှက် ကနဦး ထောက်လှမ်းရေး အကဲဖြတ်မှုတစ်ခုအရ အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှုသည် အီရန် နျူကလီးယား အဆောက်အဦအား ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဘဲ အီရန်နျူကလီးယားစီမံကိန်း တိုးတက်မှုကို လအနည်းငယ်သာ နှောင့်နှေးစေနိုင်မည်ဟု ဖော်ပြထားကြောင်း အမေရိကန်မီဒီယာများ၏ ဇွန် ၂၄ ရက် သတင်းဖော်ပြချက်အရ သိရသည်။ အမေရိကန် သမ္မတ ထရမ့်က ထိုနောက်တွင် လူမှုမီဒီယာ၌ အဆိုပါသတင်းသည် “သတင်းတု” ဖြစ်ကြောင်း ဒေါသတကြီး တုံ့ပြန်ခဲ့သည်။

အမေရိကန် CNN သတင်းဌာနက “အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှုသည် အီရန် နျူကလီးယား အဆောက်အဦအား ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဟု ကနဦးအကဲဖြတ်မှုများက ဖော်ပြ” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ရာ အမေရိကန် ကာကွယ်ရေး ထောက်လှမ်းရေး အေဂျင်စီ (DIA) မှ တင်ပြသည့် အဆိုပါအကဲဖြတ်မှု အစီရင်ခံစာတွင် အမေရိကန်၏ ထိုမတိုင်မီ အီရန် နျူကလီးယား အဆောက်အဦ ၃ နေရာအား တိုက်ခိုက်မှုတွင် ၎င်း၏အဓိကအစိတ်အပိုင်းများအား ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဘဲ ယူရေနီယံ သန့်စင်မှုအတွက် အသုံးပြုသည့် centrifuges သည် “အကောင်းပကတိအတိုင်း ရှိနေဆဲ” ဟုပြောကြားခဲ့သည်။

The New York Times ကလည်း အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှုသည် နျူကလီးယား အဆောက်အဦနှစ်ခု၏ အဝင်ဝကိုသာ ပိတ်ဆို့လိုက်ပြီး ၎င်းမြေအောက်အဆောက်အဦကို ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိကြောင်း၊ အီရန်နျူကလီးယားစီမံကိန်း တိုးတက်မှုသည် နှောင့်နှေးသွားနိုင်သော်လည်း နှောင့်နှေးသွားမည့် ခန့်မှန်းခြေကြာချိန်သည် ၆ လထက် ကျော်မည်မဟုတ်ကြောင်း သတင်းဖော်ပြထားသည်။

ထို့နောက် ထရမ့်ကလည်း လူမှုမီဒီယာတွင် “သတင်းတု အမေရိကန် CNN သတင်းဌာနနဲ့ တစ်နေ့တခြား ဆုတ်ယုတ်လာနေတဲ့ The New York Times တို့ ပူးတွဲပြီး သမိုင်းမှာ အအောင်မြင်ဆုံး စစ်ရေးတိုက်ခိုက်မှုတွေထဲက တစ်ခုကို အမည်ဖျက်ဖို့ ကြိုးစားနေတယ်။ အီရန်ရဲ့ နျူကလီးယား အဆောက်အဦတွေကို လုံးဝဖျက်ဆီးပြီးသွားပြီ” ဟု တုံ့ပြန်ခဲ့သည်။

အီရန်ပြည်သူများ၏ ရဲရဲတောက်ခုခံတော်လှန်မှုဖြင့် အစ္စရေးက စတင်ခဲ့သည့် အဆိုပါ ၁၂ ရက်ကြာ တိုက်ပွဲကို အဆုံးသတ်လိုက်ကြောင်း၊ ရန်သူက အီရန်နျူကလီးယားအဆောက်အဦများကို ဖျက်ဆီးရန် မဖြစ်နိုင်သည့် ကြိုးပမ်းမှု၊ လူမှုအသိုင်းအဝိုင်း ကယောက်ကယက်ဖြစ်စေရန် လုပ်ဆောင်မည့် အကြံအစည်သည် လုံးဝရှုံးနိမ့်ခဲ့ကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်၏ ဇွန် ၂၄ ရက် အီရန်ပြည်သူများသို့ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထိုနေ့တွင်ပင် အီရန် အဏုမြူစွမ်းအင်အဖွဲ့အစည်း ခေါင်းဆောင် မိုဟာမက် အက်စ်လန်မီက အီရန်နျူကလီးယားစီမံကိန်းသည် အစ္စရေးနှင့် အီရန်၏ စစ်ရေးအရ တိုက်ခိုက်မှုခံရပြီးနောက် ဆက်လက်လုပ်ဆောင်နိုင်ရေးအား အာမခံပေးနိုင်ရန်အတွက် အီရန်အစိုးရသည် လိုအပ်သောအစီအမံကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်သည် အီရန်၏ ဖော်ဒိုး၊ နာတန့်ဇ်၊ အက်စ်ဖာဟန်ဟူသည့် နျူကလီးယား အဆောက်အဦနေရာ ၃ ခုအား “အပြည့်အဝ ဖယ်ရှားပြီး” ဖြစ်သည်ဟု အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဇွန် ၂၁ ရက် ညပိုင်းတွင် ထရမ့်က ကြေညာခဲ့သည်။ (Xinhua)

——————
(Chinese Version)
美媒称伊朗核设施未被摧毁 特朗普怒斥“假新闻”
新华社华盛顿6月24日电 据美国媒体24日报道,一份由美国国防部下属机构提供的机密初步情报评估显示,美军打击未能摧毁伊朗核设施,或许只让伊朗核项目发展延迟数月。美国总统特朗普随后在社交媒体上怒斥报道为“假新闻”。
美国有线电视新闻网以《初步评估显示美军打击未摧毁伊朗核设施》为题报道说,这份由美国国防情报局提供的评估报告认为,美国此前对伊朗三处核设施的打击未摧毁其核心部分,用于铀浓缩的离心机“依然完整”。《纽约时报》也报道说,美军的打击仅封住了两个核设施的入口,并没有摧毁其地下建筑。伊朗核项目发展或将延迟,但预计延迟时间不会超过6个月。
特朗普随后在社交媒体上回应:“假新闻美国有线电视新闻网和日渐衰落的《纽约时报》联手,企图诋毁历史上最成功的军事打击之一。伊朗的核设施已被彻底摧毁!” 伊朗总统佩泽希齐扬24日在致伊朗人民的公开信中表示,经过伊朗人民英勇抵抗,这场由以色列挑起、持续12天的战争宣告结束,敌人妄图摧毁伊朗核设施、引发社会动乱的阴谋彻底失败。同日,伊朗原子能组织主席穆罕默德·伊斯拉米说,伊朗政府已经采取必要措施,确保伊朗核项目在遭受以色列和美国军事打击后能够继续。
美国东部时间21日晚,特朗普宣布美军已“彻底清除”伊朗福尔道、纳坦兹和伊斯法罕三处核设施。(完)
图说:6月24日,在美国华盛顿白宫,美国总统特朗普在南草坪登机前回答记者提问。新华社记者 胡友松 摄