Connect with us

International Organizations

အီရန်နျူကလီးယားအရေး နိုင်ငံရေးအရ ဖြေရှင်းသည့် လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေး တွန်းအားပေးရန် တရုတ်ကိုယ်စားလှယ် တိုက်တွန်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (အရှေ့အလယ်) က လုံခြုံရေးကောင်စီ၏ အီရန်နျူကလီးယားအရေး အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
အီရန်နျူကလီးယားအရေး နိုင်ငံရေးအရ ဖြေရှင်းသည့် လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေးအား နိုင်ငံတကာ အသိုင်းအဝိုင်းက တွန်းအားပေးရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက လုံခြုံရေးကောင်စီ၏ အီရန် နျူကလီးယားအရေး တံခါးဖွင့်အစည်းအဝေးတွင် ဇွန် ၂၄ ရက်က ပြောကြားခဲ့သည်။

အီရန် နျူကလီးယားအရေး၏ သံတမန်ရေးနည်းလမ်းမှာ လမ်းဆုံးမရောက်သေးသလို ငြိမ်းချမ်းစွာ ဖြေရှင်းရေးမှာ မျှော်လင့်ချက်ရှိဆဲပင်ဖြစ်သည်ဟု တရုတ်နိုင်ငံက ယူဆကြောင်း၊ ဘက်အသီးသီးအနေဖြင့် သင်ခန်းစာယူ၍ တန်းတူညီမျှမှုကို အရင်းခံကာ ဆွေးနွေးမှု ပြန်လည်စတင်ပြီး အီရန်နျူကလီးယားအရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေးအား တွန်းအားပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပထမအနေဖြင့် အပစ်ရပ်၊ စစ်ပွဲရပ်ရေးကို အာမခံပေးရန်မှာ လက်ရှိအရေးကြီးဆုံး ကိစ္စရပ်ဖြစ်ကြောင်း၊ လက်နက်အင်အားသုံးမှုသည် နိုင်ငံတကာအငြင်းပွားမှုကို ဖြေရှင်းရန် မှန်ကန်သော နည်းလမ်း မဟုတ်သလို အီရန် နျူကလီးယားအရေးအား မဖြေရှင်းနိုင်သည်ကိုလည်း ဖြစ်ရပ်မှန်က သက်သေထူခဲ့ကြောင်း၊ လက်ရှိအခြေအနေတိုးတက်မှုကို တရုတ်နိုင်ငံက သတိပြုမိရာ စစ်မှန်သော အပစ်ရပ်ရေး လက်တွေ့ကျ ထိရောက်စွာ ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း၊ သက်ဆိုင်သူများက လက်တွေ့ကျသည့်အစီအမံများဖော်ဆောင်ကာ အခြေအနေထပ်မံဆိုးရွားလာမှုကို တားဆီးသင့်ကြောင်း၊ နိုင်ငံတကာအနေဖြင့် အခြေအနေပြေလျော့ရေး၊ ဆွေးနွေးစေ့စပ်ညှိနှိုင်းရေးအား တွန်းအားပေးရန်အတွက် ကြိုးပမ်းမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် နိုင်ငံရေးအရ ဖြေရှင်းမှုကို အခိုင်အမာလက်ကိုင်ထားခြင်းသည် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း၊ အီရန်နျူကလီးယားဘက်စုံသဘောတူညီချက် (JCPOA) နှင့် ယင်းသဘောတူညီချက်ကို စိစစ်ခွင့်ပြုခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၂၃၁ က အတည်ပြုထားသော အဓိက ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များသည် အီရန် နျူကလီးယားအရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး နောက်တစ်ဆင့် လုပ်ငန်းစဉ်တွင် ဆက်လက်၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ သံတမန်ရေးအရ ဖြေရှင်းသည့် ဦးတည်ချက်ကြီးအား အခိုင်အမာ ထိန်းသိမ်းထားပြီး လက်နက်အင်အားသုံးမှုနှင့် တရားမဝင် ပိတ်ဆို့အရေးယူမှုများအား ကန့်ကွက်ရမည်ဖြစ်ကြောင်း၊ နျူကလီးယား မပြန့်ပွားရေးနှင့် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးချရေး ရည်မှန်းချက်ကို တစ်စုတစ်စည်းတည်း စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အီရန်အနေဖြင့် နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်အောင် မပြုခြင်း ကတိကဝတ်ကို ဆက်လက်၍ အခိုင်အမာ လိုက်နာထိန်းသိမ်းသင့်ကြောင်း၊ ဘက်အသီးသီးအနေဖြင့် “နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်” အဖွဲ့ဝင်နိုင်ငံဖြစ်သော အီရန်၏ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးချခွင့်ကို အပြည့်အဝလေးစားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် ဆွေးနွေးစေ့စပ်ညှိနှိုင်းမှု စတင်ခြင်းသည် အခြေခံထွက်လမ်းဖြစ်ကြောင်း၊ အီရန်နျူကလီးယားဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုအတွက် လုပ်ဆောင်ခဲ့သော ကြိုးပမ်းမှုအားလုံးကို တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ လုံခြုံရေးကောင်စီက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကာ စေ့စပ်ညှိနှိုင်းမှုပြန်လည်စတင်ရန်အတွက် အကျိုးရှိသော အခြေအနေများ ဖန်းတီပေးရန် သက်ဆိုင်ရာဘက်အသီးသီးက ယုံကြည်မှုတည်ဆောက်ရန်၊ သဘောထားကွဲလွဲမှုများ ရင်ကြားစေ့လာစေရန် ကူညီဆောင်ရွက်ပေးသင့်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများသည် “အလျင်ပြန်လည်ပိတ်ဆို့အရေးယူမှု” ယန္တရားကို စတင်မည်ဟူသော အကြိမ်ကြိမ် အလွယ်တကူခြိမ်းခြောက်သည့် လုပ်ရပ်ကို စွန့်လွှတ်သင့်ကြောင်း၊ ထိုသို့မဟုတ်ပါက တင်းမာသော ထိပ်တိုက်ရင်ဆိုင်မှုများသာ ဆိုးရွားလာပြီး သံတမန်ရေးအရ ကြိုးပမ်းမှုများကိုပါ တစ်ဆင့်တိုး ပျက်ပြားစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်နျူကလီးယားအရေးအား ကောင်းမွန်ဆီလျော်စွာ ဖြေရှင်းရေးသည် နိုင်ငံတကာ နျူကလီးယားမပြန့်ပွားရေးစနစ်၏ ဩဇာအရှိန်အဝါနှင့် ထိရောက်မှုအပေါ် သက်ရောက်မှုရှိသည့်အပြင် အရှေ့အလယ်ပိုင်းဒေသ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက်လည်း အလွန်အရေးပါကြောင်း၊ လက်ရှိတွင် ဒေသတွင်းအခြေအနေမှာ အဓိကကျသော၊ အရေးကြီးသော အခိုက်အတန့်တွင် ရှိနေကြောင်း၊ ဘက်အသီးသီးအနေဖြင့် အရေးတကြီးဖြစ်နေသော အသိစိတ်ကို အားကောင်းစေပြီး တာဝန်ယူမှုတာဝန်ခံမှုကို ပြသကာ ဒေသတွင်းအခြေအနေ ပြေလည်ပြေလျော့ရေးအား ဆောလျင်စွာ တွန်းအားပေး၍ ပြန်လည်ဆွေးနွေးရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာ စတင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် အီရန်နျူကလီးယားဘက်စုံသဘောတူညီချက် (JCPOA) တွင် ပါဝင်သည့်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသည့် ရပ်တည်ချက်ကို ဆက်လက် လက်ကိုင်ထားကာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းမှု ပြန်လည်ရရှိရန်၊ အီရန်နျူကလီးယားအရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ် တွန်းအားပေးရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ဘက်အသီးသီးနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ စုပေါင်းအင်အားများ စုစည်းကာ တရားမျှတမှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီက အီရန်နျူကလီးယားအရေး အရေးပေါ်တံခါးဖွင့်အစည်းအဝေး ခေါ်ယူကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(Chinese Version)
中国代表敦促推动伊核问题重返政治解决轨道
新华社联合国6月24日电 中国常驻联合国代表傅聪24日在安理会伊朗核问题公开会上发言,敦促国际社会推动伊核问题重返政治解决轨道。
他说,中方认为,解决伊核问题的外交手段尚未穷尽,和平解决仍有希望。各方应汲取教训,在平等基础上重启对话,推动伊核问题重返政治解决轨道。
第一,确保停火止战是当务之急。事实证明,武力不是解决国际争端的正确方式,也解决不了伊核问题。中方注意到当前局势发展,期待实现真正停火切实有效落地。有关方面应采取切实措施,防止局势再次升级。国际社会必须为推动局势降温、推动对话谈判作出努力。
第二,坚持政治解决是唯一途径。伊核全面协议和核可该协议的安理会第2231号决议所确立的核心目标和宗旨,在伊核问题下一步政治解决进程中依然有效。要坚持政治外交解决大方向,反对诉诸武力和非法制裁。要统筹核不扩散与和平利用核能目标。伊朗应继续恪守不发展核武器的承诺。各方应充分尊重伊朗作为《不扩散核武器条约》缔约国享有的和平利用核能的权利。
第三,开启对话谈判是根本出路。中方支持一切为重启伊核谈判所作的努力。安理会应发挥建设性作用,协助有关各方建立信任、弥合分歧,为重启谈判创造有利条件。相关国家应摒弃动辄威胁启动“快速恢复制裁”机制的做法,否则只会加剧紧张对立,甚至进一步破坏外交努力。
他说,伊核问题的妥善解决事关国际防扩散体系的权威性和有效性,对中东地区和平稳定至关重要。当前,地区局势处在关键和紧要时刻。中方呼吁各方增强紧迫意识,体现责任担当,尽早推动局势缓和降温,尽早启动复谈进程。作为安理会常任理事国和伊核全面协议参与方,中方将继续秉持客观公正立场,同各方加强沟通协调,凝聚合力,主持公道,为恢复中东地区和平、推进伊核问题政治解决进程发挥建设性作用。(完)
图说1:6月24日,在位于纽约的联合国总部,中国常驻联合国代表傅聪(前中)在安理会伊朗核问题公开会上发言。新华社记者 谢锷 摄
图说2:6月24日,在位于纽约的联合国总部,安理会召开伊朗核问题公开会。新华社记者 谢锷 摄