Connect with us

China

“လူ့အသက်က ကျွန်တော် အလေးထားရဆုံးအရာ ဖြစ်တယ်”… အသက်ပေးကာ လူ့အသက်ကယ်ဆယ်ခဲ့သည့် တန်ဇန်းနီးယားနိုင်ငံ၌ ဆေးကုသမှုအကူအညီပေးနေသော တရုတ်ဆရာဝန် ကျန်းကျွင်းချောင်

တန်ဇန်းနီးယားနိုင်ငံ ဒါအက်စ် ဆယ်လန်းမြို့ ပင်လယ်ကမ်းခြေတွင် ရေနစ်သူ ဒေသခံအမျိုးသမီးအား ကယ်ဆယ်နေသော ကျန်းကျွင်းချောင် (ဝဲဘက်) အား ၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
“ဘယ်နိုင်ငံ၊ ဘယ်လူမျိုးဆိုပြီး ခွဲခြားမှုတွေမရှိဘဲ လူ့အသက်က ကျွန်တော် အလေးထားရဆုံးအရာ ဖြစ်တယ်”
၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက် အဖေများနေ့တွင် တန်ဇန်းနီးယားနိုင်ငံ အကူအညီပေးရေး တရုတ်ဆေးကုသမှုအဖွဲ့ အဖွဲ့ခေါင်းဆောင် ကျန်းကျွင်းချောင်သည် ၎င်း၏ အယူအဆနှင့် မျှော်မှန်းရာကို အသက်ဖြင့်လဲ၍ ဖော်ဆောင်ခဲ့သည်။

ဇွန် ၁၅ ရက် ညနေပိုင်းတွင် တန်ဇန်းနီးယားအမျိုးသမီးတစ်ဦးသည် ဒါအက်စ် ဆယ်လန်းမြို့ ပင်လယ်ကမ်းခြေ၌ ရေနစ်ခဲ့သည်။ ကျန်းကျွင်းချောင်သည် ပင်လယ်ထဲတွင် ရေနစ်သူကို ကြိုးစားပြီး အပေါ်သို့ ပင့်ထားသည်ကို မျက်မြင်သက်သေတစ်ဦးက သတင်းထောက်အား ပေးပို့သည့် ဓာတ်ပုံတွင် မြင်တွေ့ရသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ရေနစ်သူကို ကယ်ဆယ်ကာ ကမ်းစပ်သို့ ခေါ်ဆောင်လာပြီးနောက် ကျန်းကျွင်းချောင်သည် အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်မှုကြောင့် ရေနစ်ခဲ့သည်။ အရေးပေါ် ကယ်ဆယ်ခဲ့သော်လည်း အသက် ၃၈ နှစ်သာရှိသေးသော ၎င်းမှာ ကြေကွဲဖွယ် အသက်ဆုံးရှုံးခဲ့ရသည်။

“သူတို့ကို မဖြစ်မနေ တတ်မြောက်အောင် သင်ပေးရမယ်၊ နည်းပညာစွမ်းရည် မဖြစ်မနေ ထားခဲ့ပေးရမယ်”

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျန်းကျွင်းချောင် ဦးဆောင်သည့် ၂၇ သုတ်မြောက် တန်ဇန်းနီးယားနိုင်ငံ အကူအညီပေးရေး တရုတ်ဆေးကုသမှုအဖွဲ့သည် ဒါအက်စ် ဆယ်လန်းမြို့သို့ ရောက်ရှိကာ မိုဟင်ဘီလီ အစိုးရဆေးရုံတွင် အမြဲတမ်းအခြေစိုက်ကာ မေ့ဆေး ကုသရေးနှင့် သင်ကြားရေးမွမ်းမံသင်တန်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ကျန်းကျွင်းချောင် မတော်တဆဖြစ်သွားသည့်သတင်း ထွက်လာသည့်အခါ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲကြရသည်။

“သူ ကျွန်တော်တို့ကို ခွဲခွာသွားပြီဆိုတာ ဒီနေ့ထိတိုင် ကျွန်တော်မယုံနိုင်အောင်ပါပဲ ” ဟု မေ့ဆေးဌာန သူနာပြု အဲရစ်ဝက်ခ်တွန်ဂျရာက ဝမ်းနည်းဆို့နစ်စွာဖြင့် ပြောသည်။
“သူက ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သလို ကျွန်တော်ရဲ့ ဆရာဆိုလည်း ဟုတ်တယ်။ ကျွန်တော် တိုးတက်လာအောင် သူကိုယ်တိုင် ကျွန်တော့်ကို သင်ကြားပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

မိုဟင်ဘီလီ အစိုးရဆေးရုံသည် တန်ဇန်းနီးယား နိုင်ငံတော်အဆင့်ဆေးရုံဖြစ်ရာ ခွဲစိတ်ခန်းများစွာ ရှိသော်ငြားလည်း မေ့ဆေးဆရာဝန်လိုအပ်သည့် အခက်အခဲကို ကာလကြာရှည်စွာ ကြုံတွေ့နေရပေသည်။

ကျန်းကျွင်းချောင်က ဤအခြေအနေကို ၎င်းအနေဖြင့်သတိထားမိကြောင်း၊ “သူတို့ကို မဖြစ်မနေ တတ်မြောက်အောင် သင်ပေးရမယ်၊ နည်းပညာစွမ်းရည် မဖြစ်မနေ ထားခဲ့ပေးရမယ်” ဟု ၎င်းသက်ရှိထင်ရှားရှိစဉ်က ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုတွင် ပြောကြားခဲ့ဖူးသည်။

၎င်းသည် သင်ကြားရေးမှစ၍ ကြပ်မတ်ဆောင်ရွက်ခဲ့ရာ ဒေသခံ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကျောင်းသားများကို မျက်နှာမူသည့် မေ့ဆေးနည်းပညာ အထူးမွမ်းမံသင်တန်းများစွာကို စီစဉ်ဆောင်ရွက်ခဲ့သည်။ ၎င်း ဦးဆောင်သည့် “Ultrasound-Guided Nerve Blocks” မွမ်းမံသင်တန်းကို တန်ဇန်းနီးယား ဆေးပညာရှင်များက “တန်ဇန်းနီးယား ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကျောင်းသားများ အရေးတကြီး တတ်မြောက်ရန် လိုအပ်သည့် ဆေးပညာဗဟုသုတ” အဖြစ် ရှုမြင်ကြသည်။ အတန်းတွင် ကျန်းကျွင်းချောင်သည် မည်သည့်အခါမျှ စာအုပ်ကြီးအတိုင်း ပို့ချလေ့မရှိဘဲ အကြိမ်ပေါင်းများစွာ နမူနာပြ၊ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့သင်ကြားပေးလေ့ရှိသည်။

မိုဟင်ဘီလီအစိုးရဆေးရုံရှိ တန်ဇန်းနီးယား ကျန်းမာရေးဝန်ထမ်းများ၏ ရင်ထဲတွင် တရုတ်နိုင်ငံမှလာသော ဆရာဝန် ကျန်းကျွင်းချောင်သည် ၎င်းတို့၏ “နည်းပေးလမ်းပြသူ” ဖြစ်သည်။

“ဆရာဝန်ကျန်း ကျွန်တော်တို့ကို ပေးတာက နည်းလမ်းသာမက နွေးထွေးမှုတွေလည်း ရှိတယ်” ဟု ဆေးရုံ မေ့ဆေးဌာန ဌာနမှူး ဒိုင်နရော မူနူဘီက ဆိုသည်။
“သူက ပေါင်းကူးတံတားပါ၊ နှစ်နိုင်ငံဆရာဝန်တွေအကြား ဗဟုသုတ၊ တာဝန်ဝတ္တရားနဲ့ သံယောဇဉ်တွေကို ချိတ်ဆက်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ယခုအခါတွင် ကျန်းကျွင်းချောင် ခွဲခွာသွားပြီဖြစ်သော်ငြားလည်း ၎င်းသင်ကြားပေးခဲ့သည့် ပိုက်ထည့်မည့်လက်ဟန်၊ ၎င်းသင်ကြားပေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများသည် လူနာဆောင်တွင် လူ့အသက်များကို ကယ်ဆယ်နေဆဲဖြစ်သည်။ ၎င်း၏ စိတ်ဓာတ်သည် ယင်းနေရာတွင် ကျန်ရစ်ခဲ့သလို တန်ဇန်းနီးယားနိုင်ငံအတွက် “မရွှေ့ပြောင်းသည့် ဆေးကုရေးအဖွဲ့” တစ်ဖွဲ့ ကိုလည်း ထားရှိခဲ့သည်။

“လူ့အသက်တိုင်းကို ကယ်ဆယ်ဖို့က ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်ပါ”
ဒေသစံတော်ချိန် ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် မိုဟင်ဘီလီ အစိုးရဆေးရုံက ဆရာဝန် ကျန်းကျွင်းချောင်အတွက် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကျင်းပခဲ့ရာ ဆေးရုံဝန်ထမ်း၊ တန်ဇန်းနီးယားပြည်သူများနှင့် တန်ဇန်းနီးယားရှိ တရုတ်နွယ်ဖွား ၃၀၀ ကျော် တက်ရောက်ခဲ့သည်။

ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားခန်းမ၏အလယ်တွင် ကျန်းကျွင်းချောင်၏ ရုပ်ကလာပ်ကို ပန်းများဖြင့် ဝန်းရံထားသည်။ ဓာတ်ပုံတွင် ကျန်းကျွင်းချောင်က အစိမ်းရောင်ခွဲစိတ်ဝတ်စုံဝတ်ထားပြီး ရင်ဘတ်တွင် ကြယ်ငါးပွင့် တရုတ်နိုင်ငံအလံ ရင်ထိုးကို တပ်ဆင်ထားသည်။ ၎င်း၏ အေးချမ်းလှသောအပြုံးက ရိုးသား၍ နွေးထွေးမှုရှိလှသည်။

ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားကြသည်။ ကျန်းကျွင်းချောင်းနှင့်အတူ အလုပ်လုပ်ကိုင်ခဲ့ကြဖူးသော ဤလုပ်ဖော်ကိုင်ဖက်များက ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းကာ အလေးပြု၊ နှုတ်ဆက်၊ တိတ်တဆိတ်မျက်ရည်ကျခဲ့ကြသည်။

“သူက တရုတ်ပြည်သူပါ၊ ကျွန်တော်တို့ တန်ဇန်းနီးယားပြည်သူတွေရဲ့ ထာဝရ မိသားစုဝင်လည်းဖြစ်ပါတယ်” ဟု သူနာပြုတစ်ဦးကာ ဝမ်းနည်းစွာဖြင့် သတင်းထောက်အား ပြောကြားခဲ့သည်။

ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွင် တန်ဇန်းနီးယား ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးနှင့် အရှေ့အာဖရိက ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အာဖရိကဒေသ တာဝန်ခံတို့က အမှာစကားပြောကြားပြီး ဤတရုတ်ဆရာဝန်အား အရိုအသေပေးခဲ့ကြသည်။

တန်ဇန်းနီးယား ကူညီပေးရေး ဆေးကုသမှုအဖွဲ့ အဖွဲ့ဝင်များ၏ အမြင်တွင် ကျန်းကျွင်းချောင်သည် အလုပ်ကို အစဉ်အမြဲ အလွန်လေးစားသော စိတ်ဓာတ်ရှိပေသည်။ ဆန်းတုန်းပြည်နယ် အမှတ် ၂ ဆေးတက္ကသိုလ် ဆေးရုံ မေ့ဆေးဌာန တွဲဖက်သမားတော်လည်းဖြစ်သူ ကျန်းကျွင်းချောင်သည် ၂၀၀၉ ခုနှစ်တွင် အလုပ်စတင်လုပ်ကိုင်သည့်အချိန်မှစ၍ “ဝေဖောင် သူတော်ကောင်း”၊ “ဆန်းတုန်း သူတော်ကောင်း”၊ “ဆန်းတုန်းပြည်နယ် လူငယ်ပရဟိတဝန်ဆောင်မှု ရှေ့ဆောင်ပုဂ္ဂိုလ်”၊ “ဝေဖောင်မြို့ အမှန်တရားအတွက် ရဲဝံ့စွာရပ်တည်သည့် ရှေ့ဆောင်ပုဂ္ဂိုလ်”၊ “ဝေဖောင်မြို့၏ နှလုံးသားကို ထိမိစေသည့် ရှေ့ဆောင်ပုဂ္ဂိုလ် ၁၀ ဦး” စသည့် ဂုဏ်ထူးဆောင်ဘွဲ့ ၁၀ ခုကျော် ရရှိခဲ့သည်။

ကျန်းကျွင်းချောင်း၏ ဆုံးပါးသွားမှုကလည်း တန်ဇန်းနီးယားပြည်သူများကို ထိတ်လန့်အံ့အားသင့်မှုနှင့် ဝမ်းနည်းကြေကွဲမှု ဖြစ်စေခဲ့သည်။
“ဆရာဝန်ပီသသူ တစ်ဦး၊ အခက်အခဲကို ရေဆန်တက်သူတစ်ဦး ကျွန်တော်တို့ဆုံးရှုံးသွားပြီ။ သူက ကိုယ့်အသက်နဲ့ သူများရဲ့အသက်ကိုလဲပြီး ကယ်ဆယ်ခဲ့တယ်” ဟု အွန်လိုင်းအသုံးပြုသူတစ်ဦးက ကျန်းကျွင်းချောင်၏ကိစ္စကို သိရှိပြီးနောက် လူမှုကွန်ရက်မီဒီယာတွင် ရေးသားခဲ့သည်။ ယင်းပို့စ်သည် like နှင့် share ထောင်ချီရှိခဲ့ပြီး အများ၏ရင်တွင်းဖြစ်ခံစားချက်ကို ပဲ့တင်ထပ်စေခဲ့သည်။

“သူက ကျွန်တော်တို့နိုင်ငံကလူ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံကလူအတွက် အသက်ပေးသွားတယ်”
“ဆရာဝန်ကျန်း ကျွန်တော်တို့အတွက် ဆောင်ရွက်ပေးခဲ့တာမှန်သမျှကို ကျွန်တော်တို့ မမေ့ဘူး”

“ကောင်းကင်ဘုံမှာ ဆက်ပြီး ဆေးကုသနိုင်ပါစေ၊ အဲဒီမှာလည်း ဆရာ့လိုလူ သေချာပေါက်လိုအပ်မှာပါ”

၎င်းသက်ရှိထင်ရှားရှိစဉ်က ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုတွင် ကျန်းကျွင်းချောင်က “လူတိုင်းရဲ့အသက်ကို ကယ်ဆယ်နိုင်ဖို့၊ လူတွေရဲ့ လူနေမှုဘဝ ပိုပြီး ကောင်းမွန်လာစေဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး နည်းလမ်းရှာတယ်။ ဒါက ကျွန်တော်တို့ ဆရာဝန်တွေရဲ့တာဝန်ဖြစ်သလို ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်” ဟု ပြောကြားခဲ့ဖူးသည်။
 
“ကျွန်တော် ဒီတစ်သက်လုံး ဆရာဝန်ပဲ၊ ဒါကို ကျွန်တော်ကောင်းအောင်လုပ်ကို လုပ်မယ်”

တန်ဇန်းနီးယား၌ တာဝန်ထမ်းဆောင်စဉ်ကာလတွင် နေ့စဉ်ခွဲစိတ်မှုနှင့် သင်ကြားပို့ချရေးများအပြင် ကျန်းကျွင်းချောင်သည် အဖွဲ့ဖွဲ့စည်းကာ နေရာအသီးသီးသို့ သွားရောက်၍ ပရဟိတဆေးကုသရေး အစီအစဉ်များ တက်ကြွစွာလုပ်ဆောင်ခဲ့သလို အနားယူချိန်ကို အသုံးချပြီး ဒေသန္တရ ပရဟိတနှင့် စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုများတွင် ပါဝင်ခဲ့ရာ တရုတ်ဆရာဝန်၏ မေတ္တာတရားကို အာဖရိက၏ ပိုမိုများပြားသော တစ်ထောင့်တစ်နေရာသို့ လက်ဆင့်ကမ်းပေးခဲ့ပေသည်။

တစ်ခါက မိဘမဲ့ကလေးသူငယ် ၈၀ ကျော်အတွက် ကျန်းကျွင်းချောင်က ပရဟိတဆေးကုမှုနှင့် ဆေးပေးဝေမှုများ လုပ်ဆောင်ခဲ့သလို ကျန်းမာရေးကာကွယ်ထိန်းသိမ်းရန် ဗဟုသုတများကို ပို့ချပေးခဲ့ကြောင်း ဒါအက်စ် ဆယ်လန်းမြို့ ဆင်ခြေဖုံးရှိ မိဘမဲ့ဂေဟာတစ်ခု၏ တာဝန်ခံ ဟားဆန်က ပြန်ပြောင်းအောက်မေ့ကာ ပြောသည်။

“သူနဲ့ ကလေးတွေက ရယ်လို့မောလို့၊ ပေါ့ပေါ့ပါးပါးပဲ ဒါပေမဲ့ သိပ်ပြီးဂရုစိုက်တတ်တာဗျာ။ ကလေးတွေ အားလုံးက အဲ့ဒီတရုတ်ဆရာဝန်ကြီးကို အမှတ်ရနေကြတယ်” ဟု ၎င်းက ဆိုသည်။

ဇွန်လ ၁၅ ရက်သည် တနင်္ဂနွေနေ့ဖြစ်သည်။ ကျန်းကျွင်းချောင်သည် အဖြူရောင် ဂျူတီကုတ်ကို ဝတ်ဆင်မထား၊ အရေးပေါ်ကုတင်တွင် ရပ်မနေသော်လည်း ၎င်းက ရေနစ်သူတစ်ဦးကို မြင်တွေ့သည့်အခါ တွန့်ဆုတ်ခြင်းမရှိ ရဲဝံ့စွာ ရှေ့သို့တက်လှမ်း၍ ကယ်ဆယ်ခဲ့သည်။ ရေခြားမြေခြား တိုင်းတစ်ပါးတွင် ၎င်းသည် “အခက်အခဲကို မကြောက်ရွံ့ခြင်း၊ ပေးဆပ်လိုခြင်း၊ အသက်အန္တရာယ်ရှိသူနှင့် ဒဏ်ရာရသူများအား ကူညီကယ်ဆယ်ခြင်း၊ နယ်စည်းမခြား မေတ္တာတရားထားခြင်း” ဟူသော တရုတ်ဆေးကုသရေးအဖွဲ့၏ စိတ်ဓာတ်ကို အသက်ပေးကာ ပြသခဲ့ပေသည်။

ကျန်းကျွင်းချောင်အတွက်ဆိုလျှင် အသက်ကယ် ဆေးကုသပေးခြင်းသည် တခမ်းတနား လုပ်ဆောင်ချက် မဟုတ်ဘဲ နေ့စဉ်လုပ်ငန်းဆောင်တာဖြစ်လို့နေပေသည်။

“တစ်ယောက်ကယ်နိုင်ရင် တစ်ယောက်ကို ကယ်ရမယ်” ဟု ကျန်းကျွင်းချောင်က လူငယ်လုပ်ဖော်ကိုင်ဖက်များကို မှာကြားခဲ့ဖူးသလို “ကျွန်တော် ဒီတစ်သက်လုံး ဆရာဝန်ပဲ၊ ဒါကို ကျွန်တော်ကောင်းအောင်လုပ်ကို လုပ်မယ်” ဟု ပြောကြားခဲ့ဖူးသည်။

ဇွန် ၈ ရက်တွင် ကျန်းကျွင်းချောင်က “ပြည်သူ့အတွက်ဝန်ဆောင်မှုက နယ်စည်းမခြားဘူး။ တရုတ်နိုင်ငံက ထွက်လာတဲ့ တရုတ်ဆရာဝန်တစ်ဦးအနေနဲ့ ကျွန်တော့်အမိတိုင်းပြည်နဲ့ ကျွန်တော့်လုပ်ငန်းအတွက် ကျွန်တော်ဂုဏ်ယူတယ်။ တန်ဇန်းနီးယားက လုပ်ငန်းတူတွေကို တရုတ်နိုင်ငံနဲ့ တရုတ်ဆရာဝန်တွေရဲ့ အင်အားကို သိရှိရမယ်” ဟု Moment တွင် ရေးသားခဲ့သည်။ ယင်းမှာ ၎င်းနောက်ဆုံးတင်လိုက်သည့်ပို့စ်ဖြစ်သည်။

၎င်းသည် အသက်အန္တရာယ်ရှိသူနှင့် ဒဏ်ရာရသူများအား ကူညီကယ်ဆယ်သည့် စင်ကြယ်သောဝတ်စုံအဖြူ ဝတ်ဆင်ထားသည့် သူရဲကောင်း၊ နှလုံးသားကို နွေးထွေးစေသည့် အညတရသူရဲကောင်းလည်းဖြစ်သလို တောတောင်၊ ပင်လယ်ကို ဖြတ်ကျော်၍ စေတနာ မေတ္တာတရားအား ဖြန့်ဝေပေးသည့် ငြိမ်းချမ်းရေးသံတမန် ပို၍ပင် ဖြစ်ပေသည်။ ၎င်းသည် နယ်စည်းမခြား မေတ္တာတရား ဟူသော စိတ်ဓာတ်ကို အသက်ပေးကာ ဖော်ဆောင်ခဲ့သလို တရုတ်နိုင်ငံနှင့် တန်ဇန်းနီးယားပြည်သူများအကြား နှလုံးသားအားထိမိစေသော ချစ်ကြည်ရေး စာမျက်နှာကို လက်တွေ့ဆက်လက်ရေးသားခဲ့ပေသည်။ (Xinhua)

တန်ဇန်းနီးယားနိုင်ငံ ဒါအက်စ် ဆယ်လန်းမြို့ မိုဟင်ဘီလီအစိုးရဆေးရုံ ခွဲစိတ်ခန်းတွင် အလုပ်လုပ်နေသော ဆရာဝန် ကျန်းကျွင်းချောင် (ယာဘက်) အား ၂၀၂၅ ခုနှစ် မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ ဒါအက်စ် ဆယ်လန်းမြို့ မိုဟင်ဘီလီအစိုးရဆေးရုံ၌ ကျင်းပသော ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အခမ်းအနားတွင် ဆရာဝန် ကျန်းကျွင်းချောင်၏ ရုပ်ကလာပ်အား လာရောက်နှုတ်ဆက်ကြသူများအား ၂၀၂၅ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ ပန်ဘာကျွန်းတွင် ပရဟိတဆေးကုသမှု လုပ်ဆောင်နေစဉ် ဒေသခံကလေးငယ်နှင့်အတူ ဓာတ်ပုံရိုက်ကူးထားသော ဆရာဝန် ကျန်းကျွင်းချောင်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
“生命是我最看重的”——记为救人牺牲的中国援坦桑尼亚医生张军桥
新华社达累斯萨拉姆6月21日电 题:“生命是我最看重的”——记为救人牺牲的中国援坦桑尼亚医生张军桥   新华社记者华洪立
“抛弃所谓的国籍、人种,生命是我最看重的。”2025年6月15日父亲节当天,中国援坦桑尼亚医疗队队长张军桥用生命践行了自己的理念和追求。
15日下午,一名坦桑尼亚民众在达累斯萨拉姆市海边溺水。目击者向记者提供的照片显示,张军桥在海中奋力托举着落水者,不顾自身安危,对其展开施救。不幸的是,在落水者获救上岸后,张军桥因体力透支溺水,虽经抢救,仍不幸离世,年仅38岁。
“必须带人,必须留下东西”
2024年年初,张军桥率第27批中国援坦桑尼亚医疗队抵达达累斯萨拉姆,常驻穆欣比利国立医院,开展麻醉医疗与教学培训工作。
张军桥出事的消息传来,医院医护人员悲痛不已。
“我至今无法相信他已经离开我们了。”麻醉科护士埃利克·姆瓦卡通吉拉哽咽地说,“他是我的同事,也是我的老师。他耐心又温暖,手把手地教我成长。”
穆欣比利国立医院是坦桑尼亚国家级医院,设有多个手术中心,但长期面临麻醉人手短缺难题。张军桥生前接受新华社记者采访时曾表示,这种情况让他意识到,“必须带人,必须留下东西”。
他从教学抓起,组织多场面向本地医护人员和医学生的麻醉技术专项培训。他主导的“超声神经阻滞”培训,被坦方医学专家视为“坦桑医护人员和学生急需掌握的前沿医学知识”。在课堂上,张军桥从不照本宣科,而是反复示范、手把手带教。   在穆欣比利国立医院坦桑医护人员心中,张军桥不仅是中国来的医生,更是他们的“引路人”。
“张医生带给我们的不仅是方法,还有温暖。”医院麻醉科主任丹尼尔·穆努比说,“他是一座桥,连接了两国医生之间的知识、责任和感情。”
如今,张军桥虽然离开了,但他教授的插管手势、他带出的学生,依旧在病房中挽救生命。他的精神留在了这里,他为坦桑尼亚留下一支“带不走的医疗队”。       “挽救每一个生命,是我们的职责使命”
当地时间20日上午,穆欣比利国立医院举办张军桥医生追悼会,300余名医院职工、坦桑民众以及在坦华人前来凭吊。
哀悼会会场中央,鲜花环绕着张军桥的遗照。照片中,他身穿绿色手术服,胸前印着五星红旗,他微笑着,笑容真诚、温暖。
医院医护人员身着统一白衬衫,这些曾与他并肩作战的同事们缓缓上前,鞠躬、告别,默默垂泪。
“他是中国人,也是我们坦桑尼亚人永远的家人。”一位护士哽咽着告诉记者。   追悼会上,坦桑尼亚卫生部、外交与东非合作部代表以及世界卫生组织非洲区域主任相继致辞,向这位中国医生致敬。
在援坦医疗队队员眼中,张军桥对工作始终怀着敬业精神。作为山东第二医科大学附属医院麻醉科副主任医师,自2009年参加工作以来,张军桥先后荣获“潍坊好人”“山东好人”“山东省青年志愿服务先进个人”“潍坊市见义勇为先进个人”“感动潍坊”十大人物等十余项荣誉称号。
张军桥的离世也在坦桑尼亚普通民众中掀起巨大反响。一名当地网友在社交媒体发文说:“我们失去了一位真正的医生,一位选择逆流而上的人。他用自己的生命换回了别人的生命。”这条帖文收获数千点赞与转发,引发强烈共鸣。
“他不是我们国家的人,却为我们国家的人付出了生命。”   “你为我们做的一切,我们不会忘记。”
“愿你在天堂继续行医,那里也一定需要像你这样的人。”
在一段生前拍摄的视频中,张军桥留下了这样的话:“我们想办法尽量挽救每一个生命,或者让他生活得更好,这是我们的职责,这是我们的使命。”       “我这一辈子就是医生,我就要把这个干好”
在坦桑尼亚工作期间,除了日常手术与教学,张军桥还积极组织团队前往该国其他地区开展义诊活动,并经常利用休息时间参加当地公益和志愿服务,将中国医生的大爱传递到非洲大地更多角落。
达累斯萨拉姆郊区一家孤儿院负责人哈桑回忆道,有一次,张军桥为80多名孤儿义诊送药,普及卫生防护知识。“他和孩子们说笑着,动作很轻,却特别认真。孩子们都记住了这位中国医生。”
6月15日是一个周末,张军桥没有穿白大褂,没有站在急救台前,但医生的本能让他义无反顾。在异国他乡,他用生命诠释了“不畏艰苦、甘于奉献、救死扶伤、大爱无疆”的中国医疗队精神。
对张军桥而言,治病救人不是壮举,是日常。他曾叮嘱年轻同事“救一个是一个”,也曾说过“我这一辈子就是医生,我就要把这个干好”。
6月8日,张军桥在朋友圈写道:“为人民服务没有国界。作为一名走出来的中国医生,我很为我的祖国和我的职业骄傲,让坦桑尼亚的同行们感受中国和中国医生的力量。”这是他最后一条朋友圈。
他是救死扶伤的白衣战士,是温暖人心的平凡英雄,更是跨越山海、播撒善意的和平使者。他用生命践行了大爱无疆的精神,也用行动续写着中国和坦桑尼亚人民之间最动人的友谊篇章。(完)
1. 2025年6月15日,在坦桑尼亚达累斯萨拉姆市海边,张军桥(左)营救溺水的当地女子。新华社发
2. 2025年3月21日,张军桥医生(右)在坦桑尼亚达累斯萨拉姆穆欣比利国立医院的手术台上工作。新华社发
3. 2025年6月20日,在坦桑尼亚达累斯萨拉姆穆欣比利国立医院,人们在追悼会上向张军桥医生遗体告别。新华社发
4. 2024年12月8日,张军桥医生在坦桑尼亚奔巴岛参加义诊活动时与当地儿童合影。新华社发