International Organizations
ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်အား ထိန်းသိမ်းကာကွယ်ရန် တရုတ်ကိုယ်စားလှယ် တိုက်တွန်း

ကုလသမဂ္ဂ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်အား ထိန်းသိမ်းကာကွယ်ရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ”ကုလသမဂ္ဂပဋိညာဉ်စာတမ်း” လက်မှတ်ရေးထိုးခြင်း နှစ် ၈၀ ပြည့် အခမ်းအနား အစည်းအဝေး၌ ဇွန် ၂၆ ရက်က ဆွေးနွေးပြောကြားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၈၀ က ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲက ကြီးမြတ်သည့် အောင်မြင်မှုရရှိခဲ့ရာ ဆန်ဖရန်စစ္စကို ပဋိညာဉ်စာတမ်းရေးဆွဲမှုဆိုင်ရာ အစည်းအဝေးက ”ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ကို တစ်ပြေးညီ အတည်ပြုခဲ့ပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒအတွက် အခြေခံအုတ်မြစ်ချကာ နိုင်ငံတကာဆက်ဆံရေး အခြေခံလမ်းညွှန်ချက်များကို အတည်ပြုခဲ့ကြသလို လူသားမျိုးနွယ်လူမှုအသိုင်းအဝိုင်းအတွက် ရှေ့ဆက်ရန် ဦးတည်ချက်ကို လမ်းညွှန်ပေးကြောင်း၊ နှစ်ပေါင်း ၈၀ ကြာပြီးနောက်ရောက်ရှိလာသော ယနေ့တွင် မိမိတို့သည် ဤနေရာ၌ “ပဋိညာဉ်စာတမ်း” စိတ်ဓာတ်ကို ပြန်လည်အောက်မေ့ခြင်းသည် သမိုင်းမှ လေ့လာသင်ယူရန်၊ အနာဂတ် ဖန်တီးရန်၊ “ပဋိညာဉ်စာတမ်း” ပုံဖော်ထားသော ကြီးမြတ်သော အစီအမံများဖော်ဆောင်ရန် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း၏ ရလဒ်များကို အတူတကွ ကာကွယ်ရမည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းအား ပုံစံပျက်ပြားစေသည့် မည်သည့် မှားယွင်းသော ပြောဆိုမှုနှင့် လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကာ ကုလသမဂ္ဂအား ဗဟိုပြုသော နိုင်ငံတကာ စနစ်၊ နိုင်ငံတကာ ဥပဒေအား အခြေခံသော နိုင်ငံတကာစည်းစနစ်၊ စည်းမျဥ်းစည်းကမ်းများကို အခြေခံသည့် နိုင်ငံစုံ ကုန်သွယ်မှုစနစ်ကို အခိုင်အမာ ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် “ပဋိညာဉ်စာတမ်း” ၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို အတူတကွ လိုက်နာဆောင်ရွက်ကာ နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ သီးခြားရပ်တည်မှု၊ နယ်မြေပိုင်နက်ပြည့်စုံမှုတို့ကို လေးစားကာ ဘုံ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်တည်တံ့မှု ရှိသော လုံခြုံရေးသဘောထားကို လက်ကိုင်ထားပြီး အငြင်းပွားမှုများအား ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းကို အခိုင်အမာ ထိန်းသိမ်းကာ မကြာခဏ လက်နက်အင်အားသုံးခြင်း သို့မဟုတ် လက်နက်အင်အားဖြင့် ခြိမ်းခြောက်မှုများကို ဆန့်ကျင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူတကွ ဖော်ဆောင်ကာ နိုင်ငံတကာရေးရာတွင် ကုလသမဂ္ဂ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းအား ထောက်ခံကြောင်း၊ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဥ် လက်တွေ့ကျ ဖော်ဆောင်ခြင်းကို တွန်းအားပေးကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုမျိုးစုံကို စည်လုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် “ပဋိညာဉ်စာတမ်း” ၌ ပထမဆုံး လက်မှတ်ရေးထိုးခဲ့သောနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံက လက်တွေ့ လုပ်ဆောင်မှုများဖြင့် “ပဋိညာဉ်စာတမ်း” ၏ တည်ကြည်လေးနက်သော ကတိကဝတ်များကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုတိုးတက်ရေးအား ထိန်းသိမ်းကာကွယ်ခြင်း၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတွန်းအားပေးခြင်းအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
中国代表呼吁维护以联合国为核心的国际体系
新华社联合国6月26日电 中国常驻联合国代表傅聪26日在《联合国宪章》签署80周年纪念会议上讲话,呼吁维护以联合国为核心的国际体系。
傅聪说,80年前,世界反法西斯战争取得伟大胜利,旧金山制宪会议一致通过《联合国宪章》,奠定了多边主义的基石,确立了国际关系基本准则,为人类社会指明了前进方向。80年后的今天,我们在此重温《宪章》精神,是为了以史为鉴、开创未来,努力实现《宪章》描绘的宏伟蓝图。
傅聪说,我们要共同捍卫二战胜利成果,反对任何歪曲历史的错误言行,坚定维护以联合国为核心的国际体系,维护以国际法为基础的国际秩序,维护以规则为基础的多边贸易体制。我们要共同遵守《宪章》宗旨和原则,尊重各国主权、独立和领土完整,秉持共同、综合、合作、可持续的安全观,坚持和平解决争端,反对动辄使用武力或以武力相威胁。我们要共同践行真正的多边主义,支持联合国在国际事务中发挥核心作用,推进落实联合国2030年可持续发展议程,团结合作应对各种全球性挑战。
傅聪说,中国是第一个在《宪章》上签字的国家,中方将继续以实际行动履行对《宪章》的庄严承诺,为维护世界和平与发展,推动构建人类命运共同体作出不懈努力。(完)
图说:6月26日,在位于纽约的联合国总部,中国常驻联合国代表傅聪在《联合国宪章》签署80周年纪念会议上讲话。新华社记者 谢锷 摄