Africa & Middle East
အရှေ့အလယ်ပိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် ပါလက်စတိုင်း သမ္မတ ဗီဒီယိုအစည်းအဝေး ကျင်းပ

အမ်မန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ အီဂျစ်၊ ဂျော်ဒန်နိုင်ငံ လေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်တို့ဖြင့် ဖွဲ့စည်းထားသည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁ ရက်တွင် ဂျော်ဒန်နိုင်ငံ မြို့တော်အမ်မန်၌ ပါလက်စတိုင်း သမ္မတ Mahmoud Abbas နှင့် ဗီဒီယိုအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအပေါ် ကျူးကျော်မှုအား တားဆီးရေးအတွက် ဆက်လက်ကြိုးပမ်းပြီး လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာမှု ဘေးအန္တရာယ်များကို အဆုံးသတ်သွားမည်ဖြစ်ကြောင်း၊ ပါလက်စတိုင်း ပြည်သူများက မိမိမြေယာပေါ်တွင် လွတ်လပ်သော အချုပ်အခြာအာဏာရှိသည့်နိုင်ငံ တည်ဆောက်ရေး လုပ်ပိုင်ခွင့်ကို ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့တွင်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
မကြာမီကျင်းပတော့မည့် “နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” အကောင်အထည်ဖော်ရေး နိုင်ငံတကာ အစည်းအဝေးတွင် လက်တွေ့ကျသော ရလဒ်များ ရရှိရေးကို အာမခံပေးနိုင်ရန်အတွက် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပါလက်စတိုင်းနိုင်ငံအား ပိုမိုများပြားသည့်နိုင်ငံများ အသိအမှတ်ပြုလာစေရေး ကြိုးပမ်းတိုက်တွန်းမှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့အနေဖြင့် လူသားချင်းစာနာမှု အကူအညီနှင့် ဆေးကုသရေး အကူအညီများ ဂါဇာကမ်းမြောင်ဒေသသို့ အဆက်မပြတ် ပြည့်ဝစွာဝင်ရောက်ရေးကို အစ္စရေးဘက်က ချက်ချင်းခွင့်ပြုရန်၊ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) စသည့် နိုင်ငံတကာအဖွဲ့အစည်းများက ဂါဇာကမ်းမြောင်ဒေသအသီးသီးသို့ အကူအညီများ ပို့ဆောင်ရေးအားခွင့်ပြု၍ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း၌ အန္တရာယ် အဆင့်မြှင့်တင်သည့် လှုပ်ရှားမှုများ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။
Mahmoud Abbas က ကိုယ်စားလှယ်အဖွဲ့၏ ဂါဇာဒေသစစ်ပွဲရပ်တန့်ရေး၊ ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာမှု အကျပ်အတည်း အဆုံးသတ်ရေး၊ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” ဖော်ဆောင်မှု တွန်းအားပေးရန်အတွက် ကြိုးပမ်းမှုများကို တန်ဖိုးထားချီးကျူးကြောင်း၊ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အကောင်အထည်ဖော်ဆောင်ရေး နိုင်ငံတကာအစည်းအဝေး အောင်မြင်မှုရရှိရန် မျှော်လင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
Mahmoud Abbas က ပါလက်စတိုင်းအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက ယင်းအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးကဏ္ဍဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးရန် မျှော်လင့်ကြောင်း အလေးထားပြောကြားခဲ့ပြီး တစ်ချိန်တည်းတွင် အစ္စရေးက ၎င်းထိန်းသိမ်းထားသည့် ပါလက်စတိုင်းအရင်းအနှီးငွေအား ထုတ်ပေးရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။
အကြမ်းဖက်မှုနှင့် အရပ်သားပြည်သူများအား ဦးတည်သည့် တိုက်ခိုက်မှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း Mahmoud Abbas က အလေးအနက်ပြောကြားခဲ့ပြီး အာရပ်နိုင်ငံများနှင့် အခြားနိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းကာ ဒေသတွင်းလုံခြုံရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် မလျှော့ဇွဲဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံလေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်တို့ဖြင့် ဖွဲ့စည်းထားသည့် ကိုယ်စားလှယ်အဖွဲ့သည် မူလက မေ ၃၁ ရက်တွင် အမ်မန်မြို့သို့ ရောက်ပြီးနောက် ညှိနှိုင်းအစည်းအဝေးကျင်းပကာ ဇွန် ၁ ရက်တွင် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမြို့ ရာမာလာသို့ သွားရောက်၍ Mahmoud Abbas နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခဲ့သည်။ သို့သော် အစ္စရေးဘက်က ၎င်းတို့ထိန်းချုပ်သည့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဝေဟင်မှတစ်ဆင့် ကိုယ်စားလှယ်အဖွဲ့ ရာမာလာသို့ သွားရောက်မှုအား ငြင်းပယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် Ahmed Aboul-Gheit ၊ ဘာရိန်း နိုင်ငံခြားရေးဝန်ကြီး Abdullatif bin Rashid Al Zayani ၊ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီး Ayman Safadi ၊ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud နှင့် အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty (လက်ယာမှ လက်ဝဲအထိ) တို့က ဇွန် ၁ ရက်တွင် ဂျော်ဒန်နိုင်ငံ မြို့တော်အမ်မန်၌ ပါလက်စတိုင်း သမ္မတ Mahmoud Abbas နှင့် ဗီဒီယိုအစည်းအဝေး ကျင်းပပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
中东国家外长与巴勒斯坦总统举行视频会议
新华社安曼6月1日电(记者何奕萍)由沙特阿拉伯、巴林、埃及、约旦四国外长和阿拉伯国家联盟秘书长组成的代表团1日在约旦首都安曼与巴勒斯坦总统阿巴斯举行视频会议。
约旦外交部当天发表声明说,代表团强调继续努力和采取行动制止以色列对加沙地带的侵略,结束因侵略造成的人道主义灾难,努力实现巴勒斯坦人民在自己的土地上建立独立主权国家的权利。
代表团强调,将加大努力敦促更多国家承认巴勒斯坦国,确保即将召开的落实“两国方案”的国际会议能够取得切实成果。代表团要求以色列立即允许人道主义援助及医疗援助充足、持续地进入加沙地带,允许联合国近东巴勒斯坦难民救济和工程处等国际组织向加沙地带各地运送援助,并停止在约旦河西岸的危险升级行动。
声明说,阿巴斯赞赏代表团为停止加沙战争、结束加沙地带人道主义灾难、推动实施“两国方案”所作努力,期待落实“两国方案”的国际会议能够取得成功。
阿巴斯强调,巴勒斯坦政府将致力于推动改革,期待国际社会为此提供政治、经济、安全方面的支持,他同时要求以色列发放其扣留的巴勒斯坦资金。阿巴斯重申反对暴力和针对平民的袭击,表示将与阿拉伯国家和其他国际伙伴合作,为实现地区安全与和平作出不懈努力。
由四国外长和阿盟秘书长组成的代表团原定于5月31日晚抵达安曼后召开协调会议,并于次日前往约旦河西岸城市拉姆安拉与阿巴斯举行会晤,但以色列拒绝代表团通过其控制的约旦河西岸领空前往拉姆安拉。(完)
图说:6月1日,在约旦首都安曼,阿拉伯国家联盟秘书长盖特、巴林外交大臣扎耶尼、约旦外交大臣萨法迪、沙特外交大臣费萨尔和埃及外长阿卜杜勒阿提(自右至左)与巴勒斯坦总统阿巴斯举行视频会议后召开联合新闻发布会。新华社发(穆罕默德·阿布·古什摄)