Connect with us

International Organizations

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ရဝန်ဒါ သမ္မတနိုင်ငံတို့ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးမှုအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကြိုဆို

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇွန် ၂၇ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ - ကုလသမဂ္ဂ)

ကုလသမဂ္ဂ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇွန် ၂၇ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ရဝန်ဒါ သမ္မတနိုင်ငံတို့က ထိုနေ့တွင် ဘက်စုံငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုအပေါ် ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်းနှင့် အာဖရိက ရေကန်ကြီးများဒေသ အခြေအနေ ပြေလျော့ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တွန်းအားပေးရေးအား ဦးတည်သည့် အရေးကြီးခြေလှမ်းတစ်လှမ်း လျှောက်လှမ်းလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။ ၎င်းက နှစ်နိုင်ငံအနေဖြင့် ရန်လိုသည့်လှုပ်ရှားမှုများ ရပ်တန့်ခြင်း အပါအဝင် သဘောတူညီချက် အကြောင်းအရာများအား အပြည့်အဝလိုက်နာရန် တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂနှင့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အခြေစိုက် ၎င်း၏ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များ အပါအဝင်တို့က အဆိုပါသဘောတူညီချက်အား အကောင်အထည်ဖော်မှုကို ဘက်စုံကူညီပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ရဝန်ဒါ သမ္မတနိုင်ငံတို့သည် ဇွန် ၂၇ ရက်တွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ ဘက်စုံငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ပေါင်း ၃၀ ကြာသည့် ပဋိပက္ခအား အဆုံးသတ်ကာ အာဖရိက ရေကန်ကြီးများဒေသ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုအား တွန်းအားပေးသွားမည်ဟု ကတိပြုခဲ့ကြသည်။ အဆိုပါသဘောတူညီချက်သည် လက်မှတ်ရေးထိုးပြီးနောက် ချက်ချင်းအသက်ဝင်ခဲ့သည်။ (Xinhua)

———————–
(Chinese Version)
联合国秘书长欢迎刚果(金)与卢旺达签署和平协议
新华社联合国6月27日电(记者尚绪谦)联合国秘书长古特雷斯27日夜发表声明,对刚果(金)与卢旺达当天签署全面和平协议表示欢迎。
声明说,该协议是朝着缓和刚果(金)东部和非洲大湖地区局势、推动地区和平与稳定迈出的重要一步。他敦促两国充分遵守包括停止敌对行动在内的协议内容。声明说,联合国,包括其驻刚果(金)维和部队,全面致力于协助该协议的落实。
刚果(金)与卢旺达27日在美国首都华盛顿签署全面和平协议,承诺结束长达30年的冲突,推动非洲大湖区和平与稳定。协议签署后立即生效。(完)
图说:6月27日,在位于纽约的联合国总部,联合国秘书长古特雷斯举行记者见面会。新华社发(联合国供图/埃瑟金德尔·德贝贝摄)