China
တရုတ်နိုင်ငံ ရှီးအန်းမြို့တွင် တောရိုင်းငှက်မျိုးများ သဘာဝအတွင်း ပြန်လွှတ်ပေး

ရှီးအန်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
လတ်တလောတွင် တရုတ်နိုင်ငံ ရှီးအန်းမြို့ တောရိုင်းငှက်မျိုးများ ထိန်းသိမ်းစောင့်ရှောက်ရေး အထူးလှုပ်ရှားမှုက တောရိုင်းငှက်မျိုး အကောင် ၄,၀၀၀ ကျော်ကို ကူညီကယ်ဆယ်ခဲ့ကြောင်း သတင်းထောက်က ရှီးအန်းမြို့ သက်ဆိုင်ရာဌာနများမှ သိရှိခဲ့သည်။
ဤတောရိုင်းငှက်မျိုးများအား ကောင်းမွန်စွာ ကိုင်တွယ်နိုင်ရန်၊ ဒေသတွင်း ဂေဟပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် ဇွန် ၂၉ ရက်တွင် ရှီးအန်းမြို့ ဌာနအများအပြားက တောရိုင်းငှက်မျိုးများ သဘာဝအတွင်း ပြန်လွှတ်ပေးရေး လှုပ်ရှားမှုများ ပူးတွဲလုပ်ဆောင်ခဲ့ကြရာ စုစုပေါင်း ငှက်လှောင်အိမ် ၂၆၃ အိမ်၊ တောရိုင်းငှက် ၈၅၉ ကောင်အား သဘာဝအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း၊ အနာဂတ်တွင် ကူညီကယ်ဆယ်ထားသော ကျန်ရှိသေးသည့် ငှက်မျိုးများကိုလည်း ဖြည်းဖြည်းချင်း ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးအန်မြို့ရှိ တောရိုင်းတိရစ္ဆာန်နှင့် အပင် ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးစခန်းမှ ဝန်ထမ်းက တောရိုင်းငှက်မျိုးများအား ပြန်လည် လွှတ်ပေးနေသည်ကို ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(Chinese Version)
西安:放飞野生鸟类回归自然
新华社照片,西安,2025年6月29日
记者从西安市有关部门了解到,近期西安市保护野生鸟类专项行动已救助4000余只野生鸟类。为妥善处置这些野生鸟类,维护区域生态环境和生物多样性,6月29日,西安市多部门联合开展野生鸟类放归活动,帮助共计263笼、859只野生鸟回归大自然。未来还会逐步放飞其余被救助的鸟类。
图说1:6月29日,在西安浐灞国家湿地公园,西安市野生动植物保护管理站的工作人员查看准备放归的野生鸟类。 新华社记者 邹竞一 摄
图说2:6月29日,西安市野生动植物保护管理站的工作人员在放归野生鸟类。新华社记者 邹竞一 摄