Connect with us

China

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ယန်းထိုင်ဆိပ်ကမ်းတွင် မော်တော်ကားတင်ပို့ရန် အလုပ်များလျက်ရှိ

တရုတ်နိုင်ငံ ဆန်းတုန်းဆိပ်ကမ်းရှိ ယန်းထိုင်သင်္ဘောဆိပ်တွင် မော်တော်ကားတင်ဆောင်သည့်သင်္ဘောကြီးများပေါ် တင်ပို့မည့် မော်တော်ကားများ တင်နေသည်ကို ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယန်းထိုင် (ဆန်းတုန်း)၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
လတ်တလောရက်များတွင် တရုတ်နိုင်ငံ ဆန်းတုန်းဆိပ်ကမ်းရှိ ယန်းထိုင်သင်္ဘောဆိပ်တွင် တင်ပို့မည့် မော်တော်ကား အမြောက်အမြားအား စုစည်းထားကာ ပို့ဆောင်ထွက်ခွာရန် အဆင့်သင့်ဖြစ်နေသည်။ မော်တော်ကားတင်ဆောင်သည့် သင်္ဘောကြီးများ သွားလာပြေးဆွဲ လှုပ်ရှားနေမှုက စည်ကား အလုပ်များနေသော မြင်ကွင်းကို ဖြစ်ပေါ်စေသည်။
ယခုနှစ် ဇန်နဝါရီမှ မေလအထိ ယန်းထိုင်သင်္ဘောဆိပ်သည် မော်တော်ကား အစီးရေ ၂၉၆,၀၀၀ စီး ပို့ဆောင်မှု ပြီးစီးခဲ့သည်။ လက်ရှိတွင် ယန်းထိုင်သင်္ဘောဆိပ်သည် ကမ္ဘာတစ်ဝန်း ကုန်စည်မော်တော်ယာဉ်များအတွက် အဓိကဆိပ်ကမ်းများအား အပြည့်အဝ လွှမ်းခြုံမှု၊ အပြည့်အဝ ချိတ်ဆက်မှု ဖော်ဆောင်နိုင်ခဲ့ပြီး “ရေကြောင်းခရီးစဉ်များဖြင့် ကုန်စည်များကို ဆွဲဆောင်ပြီး ကုန်စည်များဖြင့် ရေကြောင်းခရီးစဉ်များအား မြှင့်တင်” သည့် ကောင်းမွန်သော စက်ဝန်းကို ဖြစ်ပေါ်စေခဲ့သည်။ (Xinhua)

………………
(Chinese Version)
山东烟台:出口汽车装运忙
新华社照片,烟台(山东),2025年6月29日
连日来,在山东港口烟台港,大批出口车辆集结待发,汽车运输船穿梭往来,一派繁忙景象。今年1-5月,烟台港完成商品车运量29.6万辆。目前,烟台港已实现全球主要商品车码头全覆盖、全联通,形成“以航线带货源、以货源促航线”的良性循环。
图说:6月29日,汽车运输船在山东港口烟台港装运出口汽车(无人机照片)。 新华社发(唐克 摄)