China
ပထမအကြိမ် ကက်စပီယံပင်လယ် ဖြတ်ကျော် တရုတ်-ဥရောပ ရထား ပေကျင်းမှ ထွက်ခွာ

ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
ပထမအကြိမ် တရုတ်နိုင်ငံ ပေကျင်းမြို့မှ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့သို့ ပြေးဆွဲသော ကက်စပီယံပင်လယ်ဖြတ်ကျော် တရုတ်-ဥရောပ ရထားသည် ပေကျင်းမြို့ ဖောင်ဆန်းခရိုင်မှ ဇွန် ၃၀ ရက်တွင် ထွက်ခွာလာခဲ့သည်။ ရထားသည် “ရထားလမ်း-ပင်လယ်ရေကြောင်း-ရထားလမ်း” ဟူသော ပုံစံစုံ ပူးတွဲပို့ဆောင်ရေးဖြင့် ကီလိုမီတာ ၈,၀၀၀ ကျော်ကို ကျော်ဖြတ်သွားမည် ဖြစ်ပြီး ပို့ဆောင်ရေးလမ်းခရီးကြာချိန်မှာ ၁၅ ရက်ဝန်းကျင်ဖြစ်သည်။ အဆိုပါရထား ဖွင့်လှစ်ပြေးဆွဲခြင်းသည် တရုတ်နှင့် ဥရောပနိုင်ငံများ၊ ဗဟိုအာရှဒေသတွင်းနိုင်ငံများ ကုန်သွယ်စီးပွားရေး ဆက်သွယ်မှုကို တစ်ဆင့်တိုး အားဖြည့်ပေးရန် အထောက်အကူပြုသည်။ (Xinhua)
…………………………..
(Chinese Version)
新华全媒+丨北京发出首趟跨里海中欧班列
新华社照片,北京,2025年6月30日
当日,首趟北京至阿塞拜疆巴库的跨里海中欧班列在北京市房山区发出。班列采用“铁—海—铁”多式联运模式,跨越8000多公里,在途运行时间15天左右。班列的开通有助于进一步加强中国与欧洲及中亚地区的经贸联系。
图说:6月30日,北京至阿塞拜疆巴库的跨里海中欧班列停靠在位于北京市房山区的北京国际陆港等待发车(无人机照片)。 新华社记者 张晨霖 摄