North America
အမေရိကန်တွင် အသေးစားလေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူ ၆ ဦး သေဆုံး

ချီကာဂို၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် ဟော်လန်မြို့ အနီးတစ်ဝိုက်၌ ဇွန် ၂၉ ရက်တွင် အသေးစားလေယာဉ်တစ်စင်းသည်ပျက်ကျခဲ့ပြီး လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ Cessna 441 အသေးစားလေယာဉ်သည် ဒေသစံတော်ချိန် ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် ရမ်းစ်တောင်းဒေသ လေဆိပ်မှ စတင်ထွက်ခွာပျံသန်းပြီး ၇ မိနစ်အကြာတွင် နေအိမ်တစ်အိမ် အနောက်ဘက်ခြမ်း၌ ပျက်ကျခဲ့ကြောင်း၊ အဆိုပါပျက်ကျမှုကြောင့် လေယာဉ်ဝန်ထမ်း ၂ ဦးနှင့် ခရီးသည် ၄ ဦး သေဆုံးခဲ့ကြောင်း၊ လေယာဉ်ပေါ်တွင် အသက်ရှင်ကျန်ရစ်သူမရှိကြောင်း အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ဟော်လန်မြို့ မီးသတ်ဌာန တာဝန်ခံ Raymond Pace က ယင်းသည် ဒေသတွင်း၌ သေဆုံးသူ လူဦးရေအများဆုံး လေယာဉ်ပျက်ကျမှုဖြစ်သည်ဟု ဆိုသည်။
အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှုအဖွဲ့ (NTSB) က အဆိုပါလေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်သည်။ (Xinhua)
———————
(Chinese Version)
美国一轻型飞机坠毁6人死亡
新华社芝加哥6月30日电 一架轻型飞机29日在美国俄亥俄州豪兰镇附近坠毁,造成6人死亡。
据美国媒体报道,这架塞斯纳441轻型飞机当地时间29日早从扬斯敦地区机场起飞7分钟后,坠毁在一座房屋后。事故造成2名机组成员和4名乘客死亡,机上无人生还。
豪兰镇消防部门负责人雷蒙德·佩斯说,这是当地死亡人数最多的坠机事故。
美国国家运输安全委员会已对这一事故展开调查。(完)