Connect with us

China

China-Asean ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့က အမျိုးသားအုပ်စု၊ အမျိုးသမီးအုပ်စု သုံးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု အသီးသီး ဆွတ်ခူး

မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ Men Regu event ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ကစားနေသည်ကို ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)
ဇွန် ၂ ရက်က ကျင်းပသော ၂၀၂၅ ခုနှစ် China-Asean ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့က အမျိုးသားအုပ်စု၊ အမျိုးသမီးအုပ်စု သုံးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု အသီးသီး ဆွတ်ခူးခဲ့ကြသည်။
အဆိုပါနေ့ပြိုင်ပွဲကို တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၊ ချန်နန်ပြည်နယ်ခွဲ၊ ဟွေ့ဆွေခရိုင်ရှိ အားကစားစင်တာ ပိုက်ကျော်ခြင်းအားကစားရုံတွင် ကျင်းပခဲ့ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် စသည့် နိုင်ငံ ၈ နိုင်ငံမှ ပိုက်ကျော်ခြင်းကိုယ်စားလှယ်အဖွဲ့များ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပိုက်ကျော်ခြင်း ဝါသနာရှင်နှင့် ဒေသခံပြည်သူအများအပြားအား ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးရန် ဆွဲဆောင်နိုင်ခဲ့သည်။

အမျိုးသားအုပ်စု (Men Regu event) ဗိုလ်လုပွဲတွင် ဘက်ကင်ကန်ခြင်း၊ ခရိုကန်ခြင်း စသည့် အလွန် ရင်သပ်ရှုမောဖွယ်၊ ပြိုင်ဆိုင်မှုပြည့်ဝသော ကန်ချက်များက ပရိသတ်တို့၏ လက်ခုပ်သံဩဘာသံညံစေခဲ့သည်။ နောက်ဆုံးတွင် မြန်မာအသင်းသည် ၂-၁ မှတ်ဖြင့် မလေးရှားအသင်းကို အနိုင်ရရှိပြီး ချန်ပီယံဖြစ်လာခဲ့သည်။

အမျိုးသမီးအုပ်စု (Women Regu event) ဗိုလ်လုပွဲကို တရုတ်အသင်းနှင့် ဗီယက်နမ်အသင်းကြား ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲစတင်ပြီးနောက် တရုတ်အသင်းနှင့် ဗီယက်နမ်အသင်းတို့ကြား ရမှတ်သည် အကြိတ်အနယ် အလွန်နီးစပ်ခဲ့သော်လည်း ဗီယက်နမ်အသင်း ကန်ချက်က ပိုမိုကျွမ်းကျင်ကာ ချောမွေ့သော တိုက်စစ်၊ ခံစစ် ချိတ်ဆက်ကစားနိုင်မှု၊ ကွင်းအတွင်း လိုက်လျောညီထွေရှိသော ယှဉ်ပြိုင်ကစားနိုင်စွမ်းတို့ကြောင့် နောက်ဆုံးတွင် ၂-၀ အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
တရုတ်အသင်းမှ နံပါတ် ၉ ချန်ယန့်နှင့် နံပါတ် ၆ ကျိုးကြားဝန် နှစ်ဦးလုံးသည် ကွေ့ကျိုးပြည်နယ် ဟွေ့ဆွေခရိုင် ဇာတိများဖြစ်သည်။ “အားကစားကွင်းတစ်ခုလုံး ရပ်ကျေးလူကြီးမိတ်ဆွေ အားလုံးက တရုတ်အသင်းကို အားပေးနေကြတာဟာ ကျွန်မတို့ကို အစွမ်းကုန်ကြိုးစားဖို့ ခွန်အားတွေ ပေးခဲ့တယ်။ ပြန်သွားတဲ့အခါ ကျွန်မတို့ အားနည်းတဲ့အပိုင်းတွေကို အာရုံစိုက်ပြီး လေ့ကျင့်မှုတွေ ပိုပြီး ဖိဖိစီးစီး လုပ်မယ်၊ နည်းပညာပိုင်းနဲ့ နည်းဗျူဟာအဆင့်တွေ မြှင့်တင်မယ်” ဟု ကျိုးကြားဝန်က ပြောခဲ့သည်။

“ဗီယက်နမ်နဲ့ တရုတ်တို့က နက်ရှိုင်းတဲ့ ချစ်ကြည်ရေးရှိကြပြီး ကွေ့ကျိုးပြည်သူတွေရဲ့ စိတ်အားထက်သန်မှုက ကျွန်တော်တို့ စိတ်ထဲမှာ အရမ်းကို နွေးထွေးစေပါတယ်။ ဒီနေရာမှာ ပိုက်ကျော်ခြင်းနဲ့ပတ်သက်ပြီး ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လူသိများလာတာ အလွန်ဝမ်းမြောက်ဖွယ်ပါပဲ” ဟူ၍ ဗီယက်နမ် အဖွဲ့ခေါင်းဆောင် ချန်စိဝေက ပြောခဲ့သည်။

“အသင်းသားတွေရဲ့ အားကစားရုံထဲမှာ ကစားခဲ့တဲ့ စွမ်းဆောင်ရည်က ပုံမှန်အတိုင်းပါပဲ၊ ဒါပေမဲ့ အဓိကကျတဲ့ ခြင်းလုံးကန်ချက်တွေကို ကိုင်တွယ်နိုင်စွမ်း အားနည်းတယ်” ဟူ၍ တရုတ်နိုင်ငံ အမျိုးသမီး ပိုက်ကျော်ခြင်းအဖွဲ့ နည်းပြချုပ် ထောင်ကျုက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအသင်းသည် ဇူလိုင် ၂၀ ရက်တွင် ကျင်းပမည့် ကမ္ဘာ့ပိုက်ကျော်ခြင်းချန်ပီယံရှစ်ပြိင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်ရန် ဇွန် ၂၀ ရက်တွင် တရုတ်နိုင်ငံ ကျဲ့ကျန်းသို့သွားရောက်၍ စုပေါင်းလေ့ကျင့်မည်ဖြစ်ကြောင်း ၎င်း၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။

China-Asean ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲကို တရုတ်နိုင်ငံ အားကစားအဖွဲ့ချုပ် ဘောလုံး အားကစားအထွေထွေစီမံခန့်ခွဲရေးဌာနနှင့် ကွေ့ကျိုးပြည်နယ် အားကစားဗျူရိုတို့မှ ကြီးမှူးကျင်းပပြီး သုံးယောက်တွဲပြိုင်ပွဲ နှင့် လေးယောက်တွဲပြိုင်ပွဲများ ပါဝင်မည်ဖြစ်၍ အုပ်စုငယ်ပွဲစဉ်များကို အလှည့်ကျစနစ်နှင့် ဗိုလ်လုပွဲအဆင့်ကို ရှုံးထွက်ယှဉ်ပြိုင်စနစ် ကျင့်သုံးမည်ဖြစ်သည်။ (Xinhua)

………………………..
(Chinese Version)
中国-东盟藤球邀请赛缅甸队和越南队分获男、女单组赛冠军
新华社贵阳6月2日电(记者齐健)2025年中国-东盟藤球邀请赛2日产生两项冠军,缅甸队和越南队分别摘得男子、女子单组赛桂冠。
当日的比赛在贵州省黔南州惠水县体育中心藤球场举行,来自中国、柬埔寨、菲律宾等8个国家的藤球代表队亮相,吸引了不少藤球爱好者和市民到场观赛助威。
男子单组赛决赛中,倒钩扣球、腾空转体抽射等极具观赏性和竞技性的动作引来观众的阵阵掌声。最终缅甸队2:1战胜马来西亚队,获得冠军。
女子单组赛决赛在中国队和越南队之间进行。比赛开始后,中国队与越南队的比分一度咬得很紧,然而越南队技高一筹,凭借更流畅的攻守衔接和临场应变能力,最终以2:0取得胜利。
中国队的9号陈艳和6号周佳雯都是土生土长的贵州惠水县人。“全场父老乡亲都在给中国队加油,给了我们拼搏的动力。回去我们将针对不足地方强化训练,提高技战术水平。”周佳雯说。
“越南和中国有着深厚的友谊,贵州人的热情让我们内心很温暖,很高兴看到这里的藤球普及度越来越高。”越南队领队陈氏维说。
“队员们在场上发挥正常,但对关键球的把握欠佳。”中国国家女子藤球队主教练陶铸介绍,国家队6月20日将赴浙江集训,备战7月20日举行的世界藤球锦标赛。
2025年中国-东盟藤球邀请赛由国家体育总局小球运动管理中心、贵州省体育局主办,设单组赛和四人赛,采用小组赛单循环、决赛阶段交叉淘汰赛制进行。(完)
图说:6月2日,缅甸队与马来西亚队在男子单组赛比赛中。新华社记者 齐健 摄