Africa & Middle East
ဆူဒန်နိုင်ငံအနောက်ပိုင်း ဒေသတစ်ခုတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပြတ်တောက်မှုကြောင့် လူပေါင်း သိန်းနှင့်ချီ အသက်အန္တရာယ်ကြုံတွေ့နေရဟု ကုလသမဂ္ဂ ပြောကြား

ကိုင်ရို၊ ဇွန် ၃ ရက် (ဆင်ဟွာ)
ဆူဒန်နိုင်ငံ အနောက်ပိုင်း Kordofan ဒေသတွင် လူသားချင်းစာနာမှုအကူအညီများ ပြတ်လပ်နေပြီဖြစ်ကြောင်း၊ မိုးရာသီ ရောက်ရှိလာသည်နှင့်အမျှ အကယ်၍ အရေးပေါ်၊ လုံခြုံ၍ စဉ်ဆက်မပြတ်ဖြစ်သော လူသားချင်းစာနာမှု အကူအညီများ မရှိပါက ယင်းဒေသရှိ လူပေါင်း သိန်းနှင့်ချီအတွက် အသက်အန္တရာယ် အလွန်များကြောင်း ဆူဒန်အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဇွန် ၂ ရက်တွင် သတိပေးပြောကြားခဲ့သည်။
Kordofan ဒေသ၌ လူသားချင်းစာနာမှုလိုအပ်ချက်များ အဆက်မပြတ်များပြားလာရာ အချို့ဒေသများတွင် ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း အဆိုပါရုံးက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။ သို့သော် ယခုရက်သတ္တပတ်များတွင် Kordofan ဒေသ၌ ဆူဒန်စစ်တပ် (SAF) နှင့် ဆူဒန် Rapid Support Forces (RSF) တို့၏ တိုက်ပွဲများ အရှိန်မြင့်တက်လာခဲ့ခြင်းကြောင့် ယင်းဒေသ အဓိက လူသားချင်းစာနာမှု အကူအညီလမ်းကြောင်း ဖြတ်တောက်ခံခဲ့ရရာ ဒေသတွင်း ဆိုးရွားလှသည့် လူသားချင်းစာနာမှု အကျပ်အတည်းမှာလည်း တစ်ဆင့်တိုး ဆိုးရွားလာခဲ့ကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်မှုနှင့် မလုံခြုံသည့်အခြေအနေများ၏ သက်ရောက်မှုကြောင့် လက်ရှိတွင် အဓိက အရေးကြီး အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသော ထရပ်ကား ၉ စီး သည် North Kordofan ပြည်နယ် မြို့တော် El-Obeid တွင် ပိတ်မိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်တွင် မြို့တော် ခါတွမ်၌ ဆူဒန်စစ်တပ် (SAF) နှင့် ဆူဒန် Rapid Support Forces (RSF) တို့ကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ရာ နောက်ပိုင်းတွင် စစ်မက်မီးလျှံသည် အခြားဒေသများသို့ ပျံ့နှံ့သွားခဲ့သည်။ နှစ်နှစ်ကျော် ကြာမြင့်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဆူဒန်နိုင်ငံတွင် လူပေါင်း ၂၉,၇၀၀ ခန့် သေဆုံးခဲ့ပြီး ၁၂.၃၆ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ (Xinhua)

ဆူဒန်နိုင်ငံ မြို့တော် အွန်ဘာမန်ရှိ ကာလဝမ်းရောဂါ ကွာရန်တင်းစင်တာတွင် ဆေးကုသမှု ခံယူနေသော ကာလဝမ်းရောဂါသည်များအား ၂၀၂၅ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဆူဒန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန)

ဆူဒန်နိုင်ငံ မြို့တော် အွန်ဘာမန်ရှိ ကာလဝမ်းရောဂါ ကွာရန်တင်းစင်တာအား ၂၀၂၅ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဆူဒန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန)
————————————————————————————–
(Chinese Version)
联合国机构:苏丹西部一地区人道援助中断危及数十万人生命
新华社开罗6月2日电(记者张猛)喀土穆消息:联合国人道主义事务协调厅驻苏丹办事处2日警告说,苏丹西部科尔多凡地区人道主义援助已中断。随着雨季来临,如果没有紧急、安全、持续的人道援助,该地区数十万人生命将岌岌可危。
该办事处当天发布声明说,科尔多凡地区人道需求不断增长,部分区域已面临饥荒风险。然而,最近几周,苏丹武装部队与苏丹快速支援部队在科尔多凡地区的战斗升级,导致该地区主要人道援助通道被切断,当地严峻的人道危机进一步加剧。
声明说,受激烈战斗和不安全局势影响,现有9辆载有关键物资的卡车被困于北科尔多凡州首府欧拜伊德。
2023年4月15日,苏丹武装部队与苏丹快速支援部队在首都喀土穆爆发武装冲突,战火随后蔓延至其他地区。持续两年多的武装冲突已造成苏丹约2.97万人丧生、超过1236万人流离失所。(完)
1. 这是5月29日在苏丹首都圈恩图曼市拍摄的一处霍乱隔离中心。新华社发(苏丹卫生部供图)
2. 5月29日,霍乱患者在苏丹首都圈恩图曼市的一处霍乱隔离中心接受治疗。新华社发(苏丹卫生部供图)
3. 这是5月29日在苏丹首都圈恩图曼市拍摄的一处霍乱隔离中心。新华社发(苏丹卫生部供图)