Connect with us

Europe

တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်သော ဘီလာရုဇ် အမျိုးသား ဘောလုံးအားကစားကွင်း စတင်အသုံးပြု

ဘီလာရုဇ်နိုင်ငံ မြို့တော်မင့်စ်ခ်တွင် တရုတ်နိုင်ငံ အကူအညီဖြင့်တည်ဆောက်သော ဘီလာရုဇ် အမျိုးသား ဘောလုံးအားကစားကွင်းအား ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မင့်စ်ခ်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်သော ဘီလာရုဇ် အမျိုးသား ဘောလုံးအားကစားကွင်းကို ဇွန် ၇ ရက်တွင် တရားဝင် စတင်အသုံးပြုခဲ့ရာ တရုတ်နိုင်ငံနှင့် ဘီလာရုဇ် နိုင်ငံ လူငယ်ဘောလုံးအသင်း ချစ်ကြည်ရေးပြိုင်ပွဲကို ထိုနေ့တွင် အဆိုပါအားကစားကွင်း၌ ကျင်းပခဲ့သည်။ အားကစားကွင်း စတင်အသုံးပြုခြင်း အခမ်းအနားသို့ ဘီလာရုဇ် သမ္မတ လူကာရှန်ကို တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့သည်။ ဘီလာရုဇ် အမျိုးသား ဘောလုံးအားကစားကွင်းသည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ခြင်း၏ အရေးကြီးစီမံကိန်းဖြစ်ပြီး ဘီလာရုဇ်နိုင်ငံ မြို့တော်မင့်စ်ခ် စက်ရုံဇုန်အတွင်း၌ တည်ရှိသည်။ စီမံကိန်းမြေဧရိယာသည် ၁၂.၄၃ ဟက်တာရှိပြီး အဆောက်အဦဧရိယာမှာ စတုရန်းမီတာ ၄၈,၀၀၀ ရှိသည်။ အားကစားကွင်းအတွင်း၌ ပရိသတ်ထိုင်ခုံပေါင်း ၃၃,၁၄၅ ခုံ ထားရှိထားပြီး နိုင်ငံတကာစံချိန်မီသည့် ကျွမ်းကျင်ဘောလုံးအားကစားယှဉ်ပြိုင်ကွင်းနှင့် ပြည်သူတစ်ရပ်လုံး ကိုယ်ကာယ လေ့ကျင့်ရေးအတွက် အားကစားနှင့်ယဉ်ကျေးမှု ပေါင်းစပ်ထားသည့် အဆောက်အဦလည်းဖြစ်ပေသည်။ (Xinhua)

ဘီလာရုဇ်နိုင်ငံ မြို့တော်မင့်စ်ခ်တွင် ဘီလာရုဇ် သမ္မတ လူကာရှန်ကိုက တရုတ်နိုင်ငံ အကူအညီဖြင့်တည်ဆောက်သော ဘီလာရုဇ် အမျိုးသား ဘောလုံးအားကစားကွင်း စတင်အသုံးပြုခြင်း အခမ်းအနား၌ အမှာစကားပြောကြားနေသည်ကို ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘီလာရုဇ်နိုင်ငံ မြို့တော်မင့်စ်ခ်တွင် တရုတ်နိုင်ငံ အကူအညီဖြင့်တည်ဆောက်သော ဘီလာရုဇ် အမျိုးသား ဘောလုံးအားကစားကွင်းအား ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘီလာရုဇ်နိုင်ငံ မြို့တော်မင့်စ်ခ်တွင် ဘီလာရုဇ် သမ္မတ လူကာရှန်ကို (အရှေ့ လက်ဝဲ) က ဘီလာရုဇ် အားကစားသမား ကိုယ်စားလှယ်ထံ တရုတ်နိုင်ငံ အကူအညီဖြင့်တည်ဆောက်သော ဘီလာရုဇ် အမျိုးသား ဘောလုံးအားကစားကွင်း စီမံကိန်း ကိုယ်စားပြု “သော့တံ” အား လွှဲပြောင်းပေးနေသည်ကို ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
中国援白俄罗斯国家足球体育场正式启用
新华社照片,明斯克,2025年6月8日
中国援白俄罗斯国家足球体育场7日正式启用,中国和白俄罗斯国家青年足球队友谊赛当天在这里举行。白俄罗斯总统卢卡申科出席启用仪式并观赛。白俄罗斯国家足球体育场是共建“一带一路”重点工程,坐落于白俄罗斯首都明斯克市工厂区。项目占地面积12.43公顷,建筑面积4.8万平方米,设有33145个观众坐席,是国际水准的专业足球竞技场和全民健身体育文化综合体。
1、3: 这是6月7日在白俄罗斯首都明斯克拍摄的中国援白俄罗斯国家足球体育场。 新华社发(任科夫摄)
2.:6月7日,在白俄罗斯首都明斯克,白俄罗斯总统卢卡申科在中国援白俄罗斯国家足球体育场启用仪式上致辞。新华社发(任科夫摄)
4:6月7日,在白俄罗斯首都明斯克,白俄罗斯总统卢卡申科(前左)向白俄罗斯运动员代表移交象征中国援白俄罗斯国家足球体育场项目的“钥匙”。新华社发(任科夫摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.