Asia
မလေးရှားနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ကျောင်းသား/ ကျောင်းသူ ၁၅ ဦးသေဆုံး

ကွာလာလမ်ပူ၊ ဇွန် ၉ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ အရှေ့အနောက် အမြန်လမ်းမကြီးပေါ်တွင် ယနေ့နံနက် ၉ နာရီက ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့သည်။ ထို ၁၅ ဦးလုံးမှာ ကျောင်းသား/ကျောင်းသူ များဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များကို ကူညီထောက်ပံ့မှုများ ပေးအပ်ရန် အဆင့်မြင့် ပညာရေးဌာနအား ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
အရှေ့အနောက် အမြန်လမ်းမကြီး၏ Perak ပြည်နယ် Gerik မြို့နယ်နှင့် Kelantan ပြည်နယ် Jeli ခရိုင်ကြား လမ်းအပိုင်းတွင် ခရီးသည် ၄၂ ဦး တင်ဆောင်လာသော ဘတ်စ်ကားနှင့် ဘက်စုံသုံးယာဉ်တစ်စင်းတိုက်မိခဲ့ရာ ဘတ်စ်ကားမှာမူ ဘေးတစ်စောင်းတိမ်းမှောက်ခဲ့ပြီး ဘက်စုံသုံးယာဉ်သည် မြောင်းထဲသို့ ချော်ကျသွားခဲ့ကြောင်း မလေးရှားနိုင်ငံ ဒေသခံမီဒီယာ၏ သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါအခင်းဖြစ်ပွားမှုကြောင့် စုစုပေါင်း သေဆုံးဒဏ်ရာရသူ ၄၈ ဦးရှိခဲ့ရာ ယင်းအနက် ၁၃ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ ဦးမှာ ဆေးရုံရောက်ရှိပြီးနောက် သေဆုံးခဲ့ကြောင်း၊ အခြား ဒဏ်ရာရသူ ၃၃ ဦးရှိကြောင်း ဒေသခံ မီးသတ်ကယ်ဆယ်ရေးသမားများက အတည်ပြုခဲ့သည်။
ဘတ်စ်ကားပေါ်ပါခရီးသည်အများစုသည် ၎င်းတို့၏ဇာတိမြို့၌ Hari Raya Haji ပွဲတော် ဆင်နွှဲပြီးနောက် ကျောင်းသို့ပြန်လာသော ကျောင်းသား/ကျောင်းသူများဖြစ်ကြောင်း၊ လက်ရှိတွင် ထိုအခင်းဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူများမှာ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ယာဉ်နှစ်စင်း တိုက်မှုကြောင့် ကျောင်းသား/ကျောင်းသူ ၁၅ ဦး သေဆုံးခဲ့ကာ ၎င်းအနေဖြင့် သေဆုံးသူ၏ မိသားစုဝင်များအား နှစ်သိမ့်စကား ပြောကြားခဲ့ကြောင်း၊ ထို့အပြင် သေဆုံးသူ ကျောင်းသား/ကျောင်းသူများ၏ မိသားစုဝင်များအား ကူညီထောက်ပံ့မှုများ ပေးအပ်ရန် အဆင့်မြင့် ပညာရေးဌာနအား ညွှန်ကြားခဲ့ကြောင်း လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ (Xinhua)

မလေးရှားနိုင်ငံ အရှေ့အနောက် အမြန်လမ်းမကြီးပေါ်ရှိ Perak ပြည်နယ် Gerik မြို့နယ်နှင့် Kelantan ပြည်နယ် Jeli ခရိုင်ကြား လမ်းအပိုင်း၊ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာကို ဇွန် ၉ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ- မလေးရှား မီးသတ်ကယ်ဆယ်ရေးဌာန)
……………………
(Chinese Version)
马来西亚15名学生在车辆相撞事故中身亡
新华社吉隆坡6月9日电(记者王嘉伟 毛鹏飞)马来西亚高速公路东西大道9日凌晨发生两车相撞事故,造成至少15人死亡。马来西亚总理安瓦尔在社交媒体上表示,15名死者均是学生,已指示高等教育部为他们的家属提供援助。
据马来西亚当地媒体报道,事故发生在东西大道霹雳州宜力—吉兰丹州日里路段上,一辆载有42名乘客的大巴与一辆多用途汽车相撞,大巴发生侧翻,多用途汽车滑入沟渠。当地消防救援人员证实,事故共造成48人死伤,其中13人当场死亡,2人送医后不治身亡,另有33人受伤。
报道说,大巴上多数乘客为在家乡庆祝哈芝节后返校的学生。目前,事故伤员仍在医院救治中。
马来西亚总理安瓦尔在社交媒体上表示,两车相撞造成15名学生死亡,他向遇难者家属表示慰问,并指示马来西亚高等教育部为遇难学生的家属提供援助。(完)
图说1:6月9日,在马来西亚高速公路东西大道霹雳州宜力—吉兰丹州日里路段的车辆相撞事故现场,救援人员运送伤者。新华社发(马来西亚消防救援局供图)
图说2:这是6月9日在马来西亚高速公路东西大道霹雳州宜力—吉兰丹州日里路段拍摄的车辆相撞事故现场。新华社发(马来西亚消防救援局供图)