Connect with us

China

ဟယ်လိဖုန်းနှင့် ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရိဗ်စ်တို့ တွေ့ဆုံဆွေးနွေး

တရုတ်-ဗြိတိန် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲ တရုတ်ဘက် ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက ဗြိတိန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်စဉ်အတွင်း ဆွေးနွေးပွဲ ဗြိတိန်ဘက် ဦးဆောင်သူ၊ ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရိဗ်စ်နှင့် ဒေသစံတော်ချိန် ဇွန် ၈ ရက်၌ လန်ဒန်မြို့တွင် တွေ့ဆုံကာ တရုတ်- ဗြိတိန် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်ဖက်ဘုံဂရုပြုကြသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
တရုတ်-ဗြိတိန် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲ တရုတ်ဘက် ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက ဗြိတိန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်စဉ်အတွင်း ဆွေးနွေးပွဲ ဗြိတိန်ဘက် ဦးဆောင်သူ၊ ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရိဗ်စ်နှင့် ဒေသစံတော်ချိန် ဇွန် ၈ ရက် လန်ဒန်မြို့တွင် တွေ့ဆုံကာ တရုတ်- ဗြိတိန် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်ဖက်ဘုံဂရုပြုကြသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြသည်။

ဟယ်လိဖုန်းက တရုတ်-ဗြိတိန် နှစ်ဖက်အနေဖြင့် သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် ကီယာစတားမာတို့ ရရှိထားသော အရေးကြီးသည့် သဘောတူညီချက်များကို ကောင်းမွန်စွာ လက်တွေ့ဖော်ဆောင်ရန် အတူအတွ ကြိုးပမ်းသင့်ကြောင်း၊ တရုတ်-ဗြိတိန် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲမှ ရလဒ်များကို အကောင်အထည်ဖော်၍အကျိုးသက်ရောက်မှုရှိစေရန် တွန်းအားပေးပြီး စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာနယ်ပယ်အသီးသီး၏ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေကာ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တရုတ်-ဗြိတိန် စီးပွားရေး ဆက်ဆံရေး စဉ်ဆက်မပြတ် ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရေချယ်ရိဗ်စ်က ဗြိတိန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုကို အားဖြည့်ကာ ဗြိတိန်-တရုတ် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲ ရလဒ်များကို လက်တွေ့ဖော်ဆောင်သွားပြီး ဗြိတိန်-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် စွမ်းအင်သစ်များ ဖြည့်တင်းသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)


……………………
(Chinese Version)
何立峰会见英国财政大臣里夫斯
新华社伦敦6月8日电 当地时间6月8日,中英经济财金对话中方牵头人、国务院副总理何立峰访问英国期间在伦敦会见对话英方牵头人、英国财政大臣里夫斯,就中英经济财金合作和双方共同关心的问题深入交换意见。
何立峰表示,中英双方应共同努力落实好习近平主席与斯塔默首相重要共识,推动中英经济财金对话成果落地见效,进一步深化经济财金各领域交流与合作,促进实现互利共赢,保持中英经济关系持续健康稳定发展。
里夫斯表示,英方高度重视对华合作,愿与中方加强沟通,落实好英中经济财金对话成果,为英中经济合作注入新动能。(完)
图说:当地时间6月8日,中英经济财金对话中方牵头人、国务院副总理何立峰访问英国期间在伦敦会见对话英方牵头人、英国财政大臣里夫斯,就中英经济财金合作和双方共同关心的问题深入交换意见。 新华社记者 李颖 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.