Connect with us

International Organizations

ပင်လယ်နီရေပြင် ရေကြောင်းဘေးကင်းလုံခြုံမှုအား ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ ကာကွယ်ထိန်းသိမ်းရန် တရုတ် တိုက်တွန်း

ပင်လယ်နီ၌ ဖြတ်သန်းသွားလာနေသော ဂရိကုန်တင်သင်္ဘော “Eternity C” ဇူလိုင် ၈ ရက်တွင် တိုက်ခိုက်ခံရပြီးနောက် တိမ်းစောင်းနစ်မြုပ်နေသည်ကို ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်သော ဗီဒီယို၌ တွေ့မြင်ရစဉ် (ဓာတ်ပုံ - ဟူသီမီဒီယာစင်တာ)

ကုလသမဂ္ဂ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့အနေဖြင့် ပင်လယ်နီရေပြင် ရေကြောင်းဘေးကင်းလုံခြုံမှုအား ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဇူလိုင် ၉ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ယီမင်အရေး တံခါးဖွင့်အစည်းအဝေး၌ ဆွေးနွေးပြောကြားခဲ့သည်။
မကြာသေးမီက ပင်လယ်နီရေပြင်တွင် ကုန်တင်သင်္ဘောနှစ်စင်း လက်နက်ကိုင်တိုက်ခိုက်ခံရမှုအပေါ် တရုတ်နိုင်ငံအနေဖြင့် များစွာဂရုပြုစိုးရိမ်ကြောင်း၊ ဟူသီလက်နက်ကိုင်အဖွဲ့အနေဖြင့် နိုင်ငံအသီးသီးမှ ကုန်သည်သင်္ဘောများ နိုင်ငံတကာဥပဒေနှင့်အညီ ပင်လယ်နီရေပြင်၌ ဖြတ်သန်းသွားလာပိုင်ခွင့်အား လေးစားရန်၊ ကူးသန်းရောင်းဝယ်ရေးသင်္ဘောများအား တိုက်ခိုက်မှုကို ရပ်တန့်ရန်၊ ပင်လယ်နီရေပြင် ရေကြောင်းဘေးကင်းလုံခြုံမှုအား ကာကွယ်ထိန်းသိမ်းရန် ထပ်မံတိုက်တွန်းကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဟူသီလက်နက်ကိုင်နှင့် အစ္စရေးတို့ အသစ်တစ်ကြိမ်ပစ်ခတ်မှု၊ အခြေအနေ ဆိုးရွားလာမှု အလားအလာတို့အား စိုးရိမ်ပူပန်မိကြောင်း၊ ဘက်အသီးသီးအနေဖြင့် တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်၍ အခြေအနေအဆင့်မြင့်တက်မှုကို လှုံ့ဆော်ပေးနိုင်သည့် လှုပ်ရှားမှု လုပ်ဆောင်ခြင်းအား ရှောင်ကြဉ်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးက နိုင်ငံရေးဆန္ဒများ ဖော်ပြပြီး တွေ့ဆုံဆွေးနွေးရေးကို မြှင့်တင်ကာ အပြန်အလှန်ယုံကြည်မှုများ တစ်ဆင့်ချင်း စုဆောင်း၍ နောက်ဆုံးတွင် ယီမင်အရေးကိစ္စအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် အခြေအနေဖန်တီးပေးရန် မျှော်လင့်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ယီမင်အပေါ် လူသားချင်းစာနာမှု အကူအညီတိုးချဲ့ကာ ယီမင် လူသားချင်းစာနာမှု အကျပ်အတည်း ပြေလျော့ရေးအတွက် ကူညီပေးရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ယီမင်နှင့် ပင်လယ်နီအရေးကိစ္စအားဖြေရှင်းရာတွင် ဒေသတွင်းအခြေအနေတစ်ရပ်လုံး ပြေလျော့မှုနှင့် တင်းမာသည့်အရှိန်လျော့ကျလာမှုနှင့် ကင်းကွာ၍မရကြောင်း၊ ဂါဇာဒေသ၏ စစ်မီးများကို ဆောလျင်စွာ ငြှိမ်းသတ်ကာ ဂါဇာဒေသ၏ လူသားချင်းစာနာမှု အကျပ်အတည်းအား ဆောလျင်စွာ အဆုံးသတ်သင့်ကြောင်း၊ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အား ဆောလျင်စွာ အကောင်အထည်ဖော်သင့်ကြောင်း၊ အစ္စရေး၊ အမေရိကန်က အီရန်နှင့် ရရှိထားသည့် အပစ်ရပ်စဲရေးသဘောတူညီချက်အား လိုက်နာစောင့်ထိန်းသင့်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသင့်ပြီး “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ၏ ရည်ရွယ်ချက်နှင့် အခြေခံမူအား လိုက်နာသင့်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)

—————————————
(Chinese Version)
中方敦促也门胡塞武装维护红海水域航道安全
新华社联合国7月9日电 中国常驻联合国副代表耿爽9日在安理会也门问题公开会上发言,敦促也门胡塞武装维护红海水域航道安全。
耿爽说,中方对日前两艘货轮在红海水域遭遇武装袭击深表关切,再次呼吁胡塞武装尊重各国商船根据国际法在红海水域的航行权利,停止袭击商业船只,维护红海水域航道安全。中方对胡塞武装和以色列进行新一轮交火、事态发展有恶化趋势感到担忧,呼吁各方保持冷静克制,避免采取刺激紧张局势升级的行动。
耿爽说,中方期待也门冲突各方展现政治意愿,加强对话沟通,逐步积累互信,为最终政治解决也门问题创造条件。中方呼吁国际社会加大对也门的人道援助,帮助缓解也门人道危机。
耿爽说,也门和红海问题的解决离不开地区整体局势的缓和与降温。加沙的战火应该早日平息,加沙的人道灾难应该早日终结,“两国方案”应该早日得到落实。以色列、美国同伊朗达成的停火协议应该得到遵守。一国的主权应该得到尊重,《联合国宪章》的宗旨和原则应该得到遵循。(完)
图说:也门胡塞武装公布的影像显示,7月8日,在红海航行的希腊货轮“永恒C”号遭袭后倾斜下沉。新华社发(胡塞媒体中心供图)