Connect with us

Europe

အမေရိကန်နှင့် ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးမှုကို တွန်းအားပေးရန် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုအခွန်ကို ကနေဒါ ဖျက်သိမ်း

အမေရိကန် သမ္မတ ထရမ့်က ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန်သို့ရောက်ရှိလာသော ကနေဒါ ဝန်ကြီးချုပ် မာ့ခ်ကာနီအား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးမှုကို တွန်းအားပေးရန် မူလသတ်မှတ်ထားသည် ဇွန် ၃၀ ရက်တွင် အသက်ဝင်မည့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုအခွန်ကို ဖျက်သိမ်းကြောင်း ကနေဒါ ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၂၉ ရက်တွင် ကြေညာခဲ့သည်။

ကနေဒါ ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် အမေရိကန် သမ္မတ ထရမ့်တို့သည် ဇူလိုင် ၂၁ ရက် မတိုင်မီ သဘောတူညီချက်ရရှိရေး စေ့စပ်ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် နှစ်ဖက်သဘောတူခဲ့ပြီးဖြစ်ကြောင်း ကနေဒါ ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

အမေရိကန်က ကနေဒါ၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုအခွန် ကောက်ခံမည့်အစီအစဉ်ကို အစဉ်အမြဲ ဆန့်ကျင်ပြီး ဖိအားပေးတားဆီးရန် ကြိုးပမ်းလျက်ရှိသည်။ ကနေဒါ ဘဏ္ဍာရေးဝန်ကြီး Francois-Philippe Champagne က ဤအစီအစဉ်ကို ရွှေ့ဆိုင်းမည် မဟုတ်ကြောင်း တစ်ချိန်က ပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်အရ ကနေဒါအစိုးရသည် သိပ္ပံနည်းပညာကုမ္ပဏီများက ကနေဒါ အသုံးပြုသူများကို ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ပံ့ပိုးခြင်း သို့မဟုတ် ကနေဒါ အသုံးပြုသူများထံ အချက်အလက်များရောင်းချခြင်း ဝင်ငွေ၏ ၃ ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ခံမည် ဖြစ်ပြီး ယင်းမှာ သက်ဆိုင်ရာကုမ္ပဏီများ၏ ၂၀၂၂ ခုနှစ် ဝင်ငွေအထိ ကျုံးဝင်မည် ဖြစ်သည်။

အမေရိကန်သိပ္ပံနည်းပညာကုမ္ပဏီများကို ပစ်မှတ်ထားသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် ထုတ်ပြန်ရန် ကနေဒါက အခိုင်အမာဆောင်ရွက်နေခြင်းကြောင့် ကနေဒါနှင့် ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးမှု အားလုံးကို ချက်ချင်းရပ်ဆိုင်းရန် အမေရိကန်က ဆုံးဖြတ်လိုက်ကြောင်း ထရမ့်က ဇွန် ၂၇ ရက် လူမှုကွန်ရက် စာမျက်နှာတွင် ကြေညာခဲ့သည်။ (Xinhua)

———————–
(Chinese Version)
加拿大取消数字服务税以推进对美贸易谈判
新华社渥太华6月29日电(记者林威)加拿大财政部6月29日宣布,将取消原定于6月30日生效的数字服务税,以推进与美国的贸易谈判。
加拿大财政部在一份新闻稿中说,加拿大总理卡尼与美国总统特朗普已同意双方将恢复谈判,以期在7月21日前达成协议。
美国一直反对加拿大征收数字服务税的计划,并试图施压阻止。加拿大财政部长商鹏飞一度称不会推迟这一计划。根据计划,加拿大政府将针对科技公司向加拿大用户提供数字服务或出售加拿大用户数据的收入征收3%的税,并追溯至相关公司2022年的收入。
特朗普6月27日在社交媒体上宣布,由于加拿大坚持推出针对美国科技公司的数字服务税,美国决定立即停止与加拿大的所有贸易谈判。(完)
1. 5月6日,美国总统特朗普(中)在华盛顿白宫迎接到访的加拿大总理卡尼。新华社记者 胡友松 摄