North America
ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်သည့် အမိန့်တစ်ရပ် ထရမ့် လက်မှတ်ရေးထိုး

ဟူစတန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်သည့် အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ထရမ့်က ဇွန် ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန် အိမ်ဖြူတော်က ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
အဆိုပါအမိန့်အရ အမေရိကန်သည် ဆီးရီးယားသို့ တင်ပို့သော အချို့ကုန်စည်ပစ္စည်းများ၏ စီမံထိန်းချုပ်မှုကို ဖြေလျှော့မည် ဖြစ်ပြီး ပြည်ပအကူအညီအချို့ ဆီးရီးယားလက်ခံနိုင်သည့် ကန့်သတ်ချက်ကို ပယ်ဖျက်ပေးမည် ဖြစ်ကြောင်း သိရသည်။ ထိုမတိုင်မီ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆီးရီးယားအာဏာပိုင်၊ ဆီးရီးယားဗဟိုဘဏ်နှင့် နိုင်ငံပိုင်လုပ်ငန်းများနှင့်ဆက်စပ်သော သွားလာဆောင်ရွက်ခွင့်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရက်ပေါင်း ၁၈၀ ကြာ ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့်ကို ထုတ်ပြန်ခဲ့သည်။
အမေရိကန်အနေဖြင့် ဆီးရီးယားတည်ငြိမ်ရေးနှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးကို ထောက်ခံအားပေးကြောင်း၊ ဆီးရီးယား၏ “အရေးကြီး ဦးစားပေးကိစ္စရပ်များ” ၏ တိုးတက်မှုကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော် ကြေညာချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်ပင် အမေရိကန်အနေဖြင့် ISIS အစွန်းရောက်အဖွဲ့နှင့် ၎င်းလက်အောက်ခံအဖွဲ့အစည်းများ၊ “အီရန်ပရောက်စီ” များကို ဆက်လက်ပိတ်ဆို့အရေးယူသွားမည် ဖြစ်ပြီး “အကြမ်းဖက်ဝါဒအားပေးနိုင်ငံများ” စာရင်းတွင် ဆီးရီးယားကို ဆက်လက်ထည့်သွင်းရမည်၊ မရမည်အပေါ် သုံးသပ်သွားမည် ဖြစ်ပြီး ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်ရန် ကုလသမဂ္ဂအား တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နှစ် ဒီဇင်ဘာလက ဆီးရီးယားအခြေအနေ ရုတ်ခြည်းပြောင်းလဲခဲ့သည်။ အမေရိကန်က လက်ရှိတွင် ဆီးရီးယား အာဏာပိုင်အကြီးအကဲ Ahmed al-Sharaa ကို “နိုင်ငံတကာ အကြမ်းဖက်သမား” အမည်စာရင်းတွင် ထည့်သွင်းထားဆဲဖြစ်ပြီး ၎င်း ဦးဆောင်သည့် ဆီးရီးယား Hayat Tahrir al-Sham လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။ ထို့အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်ရန် အမေရိကန် သမ္မတ ထရမ့်က အမိန့်ကြေညာချက်တွင် ညွှန်ကြားထားကြောင်း အိမ်ဖြူတော်၏ ဇွန် ၃၀ ရက် ကြေညာချက်အရ သိရသည်။ (Xinhua)
———————
(Chinese Version)
特朗普签署行政令解除对叙利亚制裁
新华社休斯敦6月30日电(记者徐剑梅)美国白宫30日发表声明说,美国总统特朗普当天签署行政令,解除对叙利亚的制裁。
根据行政令,美国将放宽对某些商品出口叙利亚的管制,并免除对叙利亚接受某些外国援助的限制。美国财政部此前已发布涉及叙利亚当局、叙中央银行和国有企业的往来许可,美国国务院也发布了为期180天的制裁豁免。
白宫声明说,美国将支持叙利亚稳定和打击恐怖主义,监督叙“关键优先事项”进展。与此同时,美国将继续维持对极端组织“伊斯兰国”和其附属组织以及“伊朗代理人”的制裁,评估是否继续把叙利亚列入“支持恐怖主义国家”名单,并推动联合国解除对叙制裁。
去年12月,叙利亚局势发生剧变。美国目前仍把叙政权领导人艾哈迈德·沙拉列为“国际恐怖分子”,并把他领导的“叙利亚沙姆解放武装”认定为恐怖组织。根据白宫30日的声明,特朗普在行政令中指示美国国务院对此进行重新评估。(完)
1. 6月27日,美国总统特朗普在华盛顿白宫出席记者会。新华社记者 胡友松 摄