Environment, Disasters & Accidents
“ချစ်စဖွယ်” အပြည့်ဖြင့် တရုတ်နိုင်ငံ ချိန်တူးမြို့ ဝေါ့လုံစန်စုဖိန် အခြေစိုက်စခန်းတွင် ပန်ဒါဝက်ဝံများအတွက် အဖွဲ့လိုက်မွေးနေ့ ကျင်းပပေး

ချိန်တူး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပန်ဒါဝက်ဝံ ကာကွယ်ထိန်းသိမ်းရေး သုတေသနစင်တာမှ ကြီးမှူးကျင်းပသော “၂၀၂၅ ခုနှစ် စိမ်းလန်းစိုပြည်သော တောတောင်ရေမြေရှိ နိုင်ငံ့ရတနာ” ပန်ဒါဝက်ဝံ မွေးနေ့ရာသီ အခမ်းအနားကို ဇူလိုင် ၁၇ ရက်တွင် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့ရှိ ဝေါ့လုံစန်စုဖိန် အခြေစိုက်စခန်း၌ စတင်ကျင်းပခဲ့သည်။နှစ်စဉ် ဇူလိုင်လမှ စက်တင်ဘာလသည် မွေးမြူထားသော ပန်ဒါဝက်ဝံများ အဖွဲ့လိုက်သားပေါက်သည့် ရာသီချိန်ဖြစ်သလို ပန်ဒါဝက်ဝံများ၏ မွေးနေ့ရာသီလည်းဖြစ်သောကြောင့် အများပြည်သူ၏ ဂရုပြုခြင်းခံရသည်။ မွေးမြူထားသော ပန်ဒါဝက်ဝံများအတွက် ပိုမိုကောင်းမွန်သည့်ခံစားခွင့်များပေးရန် ပန်ဒါဝက်ဝံစင်တာက ပန်ဒါဝက်ဝံများ အာဟာရကြွယ်ဝရေး သီးသန့်အဖွဲ့ ဖွဲ့စည်းထားပြီး အသက်အရွယ် အပိုင်းအခြား မတူညီသည့် ပန်ဒါဝက်ဝံများအတွက် အာဟာရဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ထားသည်။

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့ရှိ တရုတ်နိုင်ငံ ပန်ဒါဝက်ဝံ ကာကွယ်ထိန်းသိမ်းရေး သုတေသနစင်တာ ဝေါ့လုံစန်စုဖိန် အခြေစိုက်စခန်းတွင် မွေးနေ့ပွဲအတွက် အာဟာရကြွယ်ဝသောအစားအစာများ ပြင်ဆင်ထားပုံကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အခမ်းအနားကျင်းပသည့်နေ့တွင် ပန်ဒါဝက်ဝံ ဖူပေါင်၊ ရှောင်ချီကျိ စသည့် အများပြည်သူ အာရုံစိုက်ခံရသည့် ပန်ဒါဝက်ဝံများ အဖွဲ့လိုက်ပါဝင်ခဲ့ပြီး မုန်လာဥနီအတွဲ၊ ဖရဲသီး စသည့် စားသောက်ဖွယ်ရာများကို စားသုံးခဲ့ကြသည်။ (Xinhua)
———————————————–
(Chinese Version)
前方高“萌”!卧龙神树坪基地举办大熊猫集体生日会
新华社照片,成都,2025年7月17日
当日,中国大熊猫保护研究中心主办的“2025国宝在绿水青山”大熊猫生日季活动在卧龙神树坪基地启动。
每年的7至9月,是圈养大熊猫的集中产崽季,也是大熊猫的生日季,备受公众关注。为了给圈养大熊猫提供更好福利,熊猫中心成立了专门的大熊猫丰容专家团队,针对不同年龄阶段的大熊猫制定丰容计划。
活动当天,大熊猫福宝、小奇迹等备受公众关注的大熊猫集体亮相,享受胡萝卜串、西瓜等美食。
1、7月17日,大熊猫福宝在查看丰容食品。新华社记者 薛晨 摄
2、中国大熊猫保护研究中心卧龙神树坪基地精心准备的生日季丰容(7月17日摄)。新华社记者 薛晨 摄
3、7月17日,大批游客前往卧龙神树坪基地拍照记录大熊猫集体生日。新华社记者 薛晨 摄