Asia
နိုင်ငံတကာမီဒီယာများအနေဖြင့် “အတည်မပြုရသေးသော သတင်းများ” တင်ဆက်ဖော်ပြမှုကို ရှောင်ကြဉ်ရန် အိန္ဒိယ လေကြောင်းမတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးဗျူရို တိုက်တွန်း

နယူးဒေလီ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် အချို့သောမီဒီယာများက ယခုနှစ် ဇွန်လ၌ Air India လေကြောင်း ကုမ္ပဏီ၏ ခရီးသည်တင်လေယာဉ် ပျက်ကျမှုအား စုံစမ်းစစ်ဆေးချက်အပေါ် သတင်းဖော်ပြမှုနှင့်စပ်လျဉ်း၍ လက်ရှိတွင် ခရီးသည်တင်လေယာဉ်ပျက်ကျမှု အကြောင်းရင်းအပေါ် တိကျသည့်ကောက်ချက်ချမှု မှန်သမျှသည် အချိန်စောလွန်းသေးကြောင်း၊ အချို့သော နိုင်ငံတကာမီဒီယာများက စုံစမ်းစစ်ဆေးမှု တရားမျှတမှုအား ထိခိုက်မှုဖြစ်စေသည့် “မတိကျသော ပြောဆိုချက်များ” ဖြန့်ချိတင်ဆက်မှုကို ရှောင်ကြဉ်သင့်ကြောင်း အိန္ဒိယ လေကြောင်းမတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (ABI) က ဇူလိုင် ၁၇ ရက်တွင် ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။ခရီးသည်တင်လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးမှုသည် “တင်းကျပ်၍ ကျွမ်းကျင်မှု အရှိဆုံးနည်းလမ်း” ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း၊ သို့သော် အချို့သောနိုင်ငံတကာမီဒီယာများက “ရွေးချယ်မှုရှိကာ အတည်မပြုရသေးသည့် သတင်းတင်ဆက်မှုများ” ထပ်ခါတလဲလဲ လုပ်ဆောင်နေကြောင်း၊ ထိုကဲ့သို့လုပ်ရပ်များသည် တာဝန်ယူမှုမရှိကြောင်း၊ အထူးသဖြင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲ အခြေအနေတွင်ဖြစ်ကြောင်း ကြေညာချက်၌ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ မဇ္ဈိဒေသပြည်နယ် ဘိုပေါမြို့၌ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများအတွက် ဖယောင်းတိုင်မီးထွန်း၍ ဆုတောင်းပေးနေသူများကို ၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
လက်ရှိတွင် အိန္ဒိယလေကြောင်းလုပ်ငန်း၏ ဘေးကင်းလုံခြုံမှုအပေါ် အများပြည်သူ၏ ပူပန်မှု သို့မဟုတ် စိုးရိမ်မှုများကို မဖန်တီးသင့်ကြောင်းလည်း ကြေညာချက်၍ အလေးထား ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ ပျံသန်းသည့် Air India လေကြောင်းလိုင်းကုမ္ပဏီ၏ ဘိုးရင်း 787-8 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဇွန် ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Ahmedabad လေဆိပ်မှ စတင်ပျံသန်းထွက်ခွာပြီး မကြာမီ ပျက်ကျခဲ့သည်။ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် စုစုပေါင်း လူ ၂၇၄ ဦး သေဆုံးခဲ့ရပြီး ၎င်းအနက် မြေပြင်မှ ၃၃ ဦးပါဝင်ကြောင်း အိန္ဒိယမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါ မတော်တဆဖြစ်မှုတွင် ပါဝင်သည့် ခရီးသည်တင်လေယာဉ်သည် စတင်ပျံသန်းပြီးနောက် မကြာမီတွင် အင်ဂျင်နှစ်လုံး လောင်စာဆီပံ့ပိုးမှု ပြတ်တောက်သွားခဲ့သည်ဟု အိန္ဒိယ လေကြောင်းမတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (ABI) က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည့် ကနဦး စုံစမ်းစစ်ဆေးချက် အစီရင်ခံစာ၌ ဖော်ပြထားသည်။
အထက်ပါကြေညာချက်တွင် မည်သည့်မီဒီယာများက “ရွေးချယ်မှုရှိကာ အတည်မပြုရသေးသည့် သတင်းတင်ဆက်မှုများ” လုပ်ဆောင်ခဲ့သည်ကို မဖော်ပြထားသော်လည်း အချို့သော အိန္ဒိယမီဒီယာများက ထိုနေ့၌ အဆိုပါကြေညာချက်အား သတင်းဖော်ပြရာတွင် အမေရိကန် “The Wall Street Journal” ၏ ဇူလိုင် ၁၆ ရက် သတင်းဖော်ပြမှုကို ထည့်သွင်းဖော်ပြထားသည်။ ပျက်ကျမှုဖြစ်ခဲ့သည့် ခရီးသည်တင်လေယာဉ်၏ မောင်းနှင်ခန်း အသံဖိုင်မှတ်တမ်းအရ လေယာဉ်မှူးသည် အင်ဂျင်နှစ်လုံး၏ လောင်စာဆီပံ့ပိုးမှု အဖွင့်အပိတ်ခလုတ်အား ပိတ်လိုက်သည်ဟု သံသယရှိကြောင်း “The Wall Street Journal” ၏ သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
——————————————
(Chinese Version)
印度航空事故调查局敦促国际媒体避免发布“未经核实报道”
新华社新德里7月17日电 针对一些媒体近日对今年6月印度航空公司客机失事调查的报道,印度航空事故调查局17日发表声明说,目前就客机失事原因得出任何明确结论还为时过早,某些国际媒体应避免传播可能损害调查公正性的“不成熟说法”。
声明说,对客机失事原因的调查正在“以严格且最专业的方式”进行。但某些国际媒体一再进行“选择性的和未经核实的报道”。这种行为是不负责任的,尤其是在调查仍在进行的情况下。
声明还强调,现在不应制造公众对印度航空业安全的焦虑或不安。
6月12日,一架从印度飞往英国的印度航空公司波音787-8型客机从印度古吉拉特邦艾哈迈达巴德机场起飞后不久坠毁。据印度媒体报道,坠机事故共造成274人遇难,其中包括33名地面人员。印度航空事故调查局7月12日发布的初步调查报告显示,涉事客机起飞后不久,两台发动机即失去燃油供应。
这份声明没有点名哪些媒体作出了“有选择性的和未经核实的报道”,但一些印度媒体当天在报道该声明时提及了美国《华尔街日报》16日的报道。《华尔街日报》的报道称,失事客机的驾驶舱语音记录表明,机长疑似关闭了两台发动机的燃油开关。(完)
图说1:6月13日,在印度古吉拉特邦艾哈迈达巴德,几名男子站在客机残骸旁。新华社发
图说2:6月13日,在印度中央邦首府博帕尔,人们点燃蜡烛哀悼坠机事故遇难者。新华社发