Connect with us

Latin America

“ကမ္ဘာ့တောင်ဘက်ခြမ်း တိုးတက်လာမှု” ဘာသာစကားမျိုးစုံ အစီရင်ခံစာအား ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ထုတ်ပြန်

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ကျင်းပသည့် BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်တွင် ဧည့်သည်တော်များက “ကမ္ဘာ့တောင်ဘက်ခြမ်း တိုးတက်လာမှု” အစီရင်ခံစာအား ဖတ်ရှုနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင် အဆင့်မြင့်ဖိုရမ်ကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၁၆ ရက်တွင် ကျင်းပခဲ့သည်။ ဖိုရမ်ကျင်းပသည့်ကာလအတွင်း ဆင်ဟွာသတင်းဌာနသည် တရုတ်၊ အင်္ဂလိပ်၊ စပိန်ဘာသာစကားဖြင့် “ကမ္ဘာ့တောင်ဘက်ခြမ်း တိုးတက်လာမှု” အစီရင်ခံစာအား ထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာသည် စုစုပေါင်း စာလုံးရေ တစ်သိန်းခန့်ရှိကာ ဆင်ဟွာသတင်းဌာန၏ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ မိမိကိုယ်ပိုင်ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ခြင်း၏ သုတေသန လေ့လာမှုရလဒ်များကို စုစည်းထားကာ ကမ္ဘာ့တောင်ဘက်ခြမ်းက ကမ္ဘာကြီးပြောင်းလဲမှုအခင်းအကျင်းတွင် အုပ်စုလိုက်တိုးတက်လာမှု၏ ဆန်းသစ်တီထွင်မှု လက်တွေ့ဖော်ဆောင်ခြင်းအား သက်ဝင်လှုပ်ရှားစွာ ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံ၊ အာရှပစိဖိတ် တတ်သိပညာရှင်အဖွဲ့ ဒါရိုက်တာ Wirun Phichaiwongphakdee က “ကမ္ဘာ့တောင်ဘက်ခြမ်း တိုးတက်လာမှု” ဘာသာစကားမျိုးစုံ အစီရင်ခံစာသည် အာဖရိကတိုက်၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ အာရှပစိဖိတ် စသည့်ဒေသ ဖြစ်စဉ်များမှတစ်ဆင့် ကမ္ဘာ့တောင်ဘက်ခြမ်း အုပ်စုလိုက် နိုးထမှုနှင့် အုပ်စုလိုက်တိုးတက်မှုကို ရုပ်လုံးကြွစွာ တင်ဆက်ထားကြောင်း၊ အစီရင်ခံစာတွင် လက်တွေ့နိုင်ငံရေး၊ သမိုင်းအား ပြန်လည်အောက်မေ့မှုနှင့် လူမှုအဖွဲ့အစည်း ယဉ်ကျေးမှု စောင့်ကြည့်လေ့လာမှုတို့ကို ပေါင်းစပ်ထားသောကြောင့် နမူနာများ အမျိုးစုံလင်ကာ အမြင်ကြီးမားကျယ်ပြန့်ကြောင်း သတင်းထောက်ကို ပြောကြားခဲ့သည်။

“‘ဘန်ဒေါင်းစိတ်ဓာတ်၏ ခေတ်ပြိုင်ပဲ့တင်သံ’ အပိုင်းကို ဖတ်ရှုချိန်မှာ ဘန်ဒေါင်းရဲ့ ခေါ်ဆိုသံနဲ့ အင်အားကို ကျွန်တော် နောက်တစ်ကြိမ် နက်ရှိုင်းစွာခံစားရပါတယ်။ ဒါက ကမ္ဘာ့တောင်ဘက်ခြမ်း အတူတကွ ရပ်တည်လာတဲ့ သမိုင်းဝင်အခိုက်အတန့်ပဲဖြစ်ပါတယ်” ၊ “ဘန်ဒေါင်းစိတ်ဓာတ်က သမိုင်းရဲ့ အမှတ်တရ ဖြစ်ရုံသာမက ကမ္ဘာ့တောင်ဘက်ခြမ်းက လက်တွဲပြီး ရှေ့သို့အတူလှမ်းချီမှုအတွက်လည်း တွန်းအား ဖြည့်တင်းပေးခဲ့ပါတယ်” ဟု Wirun Phichaiwongphakdee က ပြောကြားခဲ့သည်။

“Diario El Salvador” သတင်းစာ အယ်ဒီတာချုပ် Luis Lainez ၏အမြင်တွင် “ကမ္ဘာ့တောင်ဘက်ခြမ်း တိုးတက်လာမှု” ဘာသာစကားမျိုးစုံ အစီရင်ခံစာသည် နားလည်မှုကိုမြှင့်တင်ပေးသော ပေါင်းကူးတံတား တစ်စင်း တည်ဆောက်ပေးလိုက်သဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ မိမိကိုယ်ကိုဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရန်အတွက် အစဉ်အမြဲ ကြိုးပမ်းမှု၊ တိုးတက်မှုအတွက် လမ်းကြောင်းအား အဆက်မပြတ် စူးစမ်းရှာဖွေမှုကို ပိုမိုများပြားသည့်လူများ နားလည်သိရှိလာနိုင်ရန် ကူညီပေးလိုက်ကြောင်း ယူဆသည်။

“Diario El Salvador” သတင်းစာက အစီရင်ခံစာပါ “အတိတ်သမိုင်းမှ နိုးထလာသော ပိုတိုစီ” အပိုင်းအား ပြန်လည်ဖော်ပြခဲ့ဖူးရာ ၎င်းတွင် ဘိုလီးဗီးယားနိုင်ငံ ပိုတိုစီမြို့၏ သတ္တုတွင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်နှင့် အဆိုပါမြို့က သမိုင်းကြောင်းတွင် ထိုးနှက်မှုခံရပြီးနောက် လုပ်ဆောင်ခဲ့သော အသွင်ပြောင်းမှုနှင့် စဉ်ဆက်မပြတ် ကြိုးပမ်းမှုများအကြောင်း တင်ဆက်ဖော်ပြထားသည်။ Luis Lainez က ယင်းသည် ကိုယ်စားပြုနိုင်စွမ်းရှိသော အကြောင်းအရာပုံပြင်တစ်ခုဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက ပြုပြင်ပြောင်းလဲမှုအား ဖော်ဆောင်လိုသည့် ကြံ့ကြံ့ခံနိုင်သောစိတ်ဓာတ်ကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြထားသည်ဟု ယူဆသည်။

ထွန်းသစ်စဈေးကွက်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစုအဝေးအနေဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် ကမ္ဘာ့စီးပွားရေး၏ ၄၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအစီအစဉ်အား နက်ရှိုင်းစွာ ပြောင်းလဲရေးသားနေပြီး နိုင်ငံတကာ စည်းစနစ် ပြုပြင်ပြောင်းလဲမှု၏ အဓိကအင်အားဖြစ်လာလျက်ရှိပေသည်။ (Xinhua)

———————-
(Chinese Version)
《南方崛起》多语种报告在巴西里约热内卢发布
新华社里约热内卢7月16日电(记者李欣 蒋彪)金砖国家媒体智库高端论坛16日在巴西里约热内卢举行。论坛期间,新华通讯社以中、英、西文对外发布《南方崛起》多语种报告。
报告全文共计约10万字,汇集了新华通讯社2024年以来关于全球南方国家自立自强、发展振兴的调研成果,生动展现了全球南方在世界大变局中群体性崛起的创新实践。
泰国亚太智库主任威伦·披差翁帕迪对记者说,《南方崛起》多语种报告通过非洲、拉美、中东、亚太等地区的案例,立体展现了全球南方的集体觉醒与群体性崛起。报告融合了现实政治、历史回溯和社会文化观察,案例丰富、视野宏大。
“阅读《万隆精神的时代回响》一文,我再次深深感受到万隆的呼唤和力量。这是全球南方共同站立起来的历史时刻。”威伦表示,“万隆精神不仅是历史的记忆,也为全球南方继续携手前行注入动力。”
在《萨尔瓦多日报》总编辑路易斯·莱内斯看来,《南方崛起》多语种报告搭建起一座促进理解的桥梁,可以帮助更多人认识到,全球南方国家始终在为实现自主发展而努力,不断探索进步的路径。
《萨尔瓦多日报》曾转载报告中的《波托西从历史中醒来》,讲述了玻利维亚城市波托西的矿业发展历程,以及这座城市在经历历史创伤后所进行的转型与持续奋斗。莱内斯认为,这是一则富有代表性的故事,生动体现了全球南方国家追求变革的坚韧精神。
作为新兴市场国家和发展中国家的集合体,全球南方国家占世界经济比重已超过40%,正在深刻改写世界政治经济文化版图,成为国际秩序变革的关键力量。(完)
图说:7月16日,在巴西里约热内卢,嘉宾在金砖国家媒体智库高端论坛上阅读《南方崛起》。新华社记者 李梦馨 摄