Connect with us

China

အီရန်-အစ္စရေး ပဋိပက္ခက အီရန်လုံခြုံရေးကဏ္ဍ၏ “အခြေခံ” ပြဿနာများကို ပေါ်လွင်စေခဲ့ကြောင်း အီရန်သမ္မတ ဆို

အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် အထိမ်းအမှတ် အခမ်းအနား တက်ရောက်နေသော အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
၁၂ ရက်ကြာဖြစ်ပွားခဲ့သော အီရန်-အစ္စရေးပဋိပက္ခက အီရန်လုံခြုံရေးကဏ္ဍတွင် “အခြေခံ” ပြဿနာများရှိနေကြောင်း ဖော်ပြခဲ့ရာ ဆုံးရှုံးမှုများကို လျှော့ချရန် ယိုပေါက်များကို ခွဲခြမ်းစိတ်ဖြာရမည်ဟု အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က မကြာသေးမီရက်က အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က ဇူလိုင် ၁၆ ရက် အစိုးရအဖွဲ့ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အီရန်-အစ္စရေး ပဋိပက္ခအတွင်း အီရန်အစိုးရဌာနအသီးသီး၊ အဖွဲ့အစည်းအသီးသီးနှင့် ပြည်နယ်အစိုးရအသီးသီး၏ လုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ်ခဲ့ကြောင်း၊ ယခုအကြိမ် ပဋိပက္ခက အီရန်လုံခြုံရေးကဏ္ဍ၏ အချို့သော “အခြေခံ” ပြဿနာများကို ပေါ်လွင်စေခဲ့သည်ဟု ၎င်းက ထောက်ပြခဲ့ပြီး နိုင်ငံ၏ ဆုံးရှုံးမှုကို အတတ်နိုင်ဆုံး လျှော့နည်းစေရန်အတွက် ယင်းနှင့် စပ်လျဉ်း၍ အကဲဖြတ်မှု အပြည့်အဝ ပြုလုပ်ရန် ၎င်းက တောင်းဆိုခဲ့ကြောင်း အီရန်သမ္မတအိမ်တော်၏ အဆိုပါနေ့ ကြေညာချက်တွင် ထုတ်ပြန်ခဲ့သည်။

အစ္စရေးက အတင်းအဓ္ဓမပြုသည့် ဤစစ်ပွဲတွင် ပြည်သူများသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြရာ ပြည်သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) နှင့် အခြားသော ပုဂ္ဂလိကနှင့် အများပြည်သူဆိုင်ရာ ဌာနများ၏ ပါဝင်မှုကို အလေးထားရမည်ဖြစ်ပြီး ပြည်သူနှင့် အစိုးရကြား စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရမည်ဟု ပါဇက်ရှ်ကီရမ်က အလေးအနက်ထား ပြောကြားခဲ့သည်။

အစ္စရေးသည် ဇွန် ၁၃ ရက် နံနက်အစောပိုင်းတွင် အီရန်အား ရုတ်တရက်အကြီးအကျယ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အီရန်နျူကလီးယားအဆောက်အအုံနှင့် စစ်ရေးပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို အီရန်အဆင့်မြင့်စစ်ဦးစီးချုပ်များနှင့် နျူကလီးယားသိပ္ပံပညာရှင်များကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ အီရန်သည် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရပြီးနောက် တစ်ဖက်တွင် အစ္စရေးအား တန်ပြန်တိုက်ခိုက်လျက် တစ်ဖက်တွင် ပြည်တွင်းရှိ အစ္စရေးသူလျှိုကွန်ရက်များကို နှိမ်နင်းခဲ့ရာ လူပေါင်း ၇၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ထိုလ ၂၄ ရက်တွင် အီရန်နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲခဲ့သည်။

အီရန်က ဇွန် ၂၆ ရက်တွင် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသော သွေးချင်းအချို့အတွက် နိုင်ငံတော်ဈာပနအခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါနေ့ သဂြိုဟ်ခဲ့သော သေဆုံးခဲ့သူများတွင် အဆင့်မြင့် စစ်ဦးစီးချုပ် ၁၀ ဦးနှင့် သိပ္ပံပညာရှင် ၁၆ ဦးပါဝင်ကြောင်း အီရန်နိုင်ငံရုပ်သံလိုင်း၏ သတင်းဖော်ပြမှုအရ သိရသည်။ (Xinhua)
…………………………………
(Chinese Version)
伊朗总统:伊以冲突暴露伊朗安全领域“根本性”问题
新华社德黑兰7月17日电 伊朗总统佩泽希齐扬日前在政府内阁会议上表示,持续12天的伊以冲突表明伊朗在安全领域存在“根本性”问题,必须分析漏洞以减少损失。
据伊朗总统府16日发表声明,佩泽希齐扬当天主持政府内阁会议,复盘伊朗政府各部门、各机构以及各省政府在伊以冲突中的工作。他指出,这次冲突暴露伊朗在安全领域的一些“根本性”问题。他要求就此进行彻底的评估,以最大限度减少国家受到的损失。
佩泽希齐扬强调,人民在这场遭以色列强加的战争中发挥了至关重要的作用,必须重视人民、非政府组织以及其他私营和公共部门的参与,维系人民与政府的团结一致。
以色列6月13日凌晨突然对伊朗发起大规模空袭,轰炸伊朗核设施和军事目标,并暗杀伊朗高级军事指挥官和核科学家。伊朗遭受严重损失后,一面对以色列发起反击,一面在国内打击以色列间谍网络,逮捕700多人。同月24日,伊以停火。
伊朗6月28日为在以色列袭击中遇难的部分同胞举行国葬。据伊朗国家电视台报道,当天下葬的遇难者包括10名高级指挥官和16名科学家。(完)
图说:7月2日,伊朗首都德黑兰,伊朗总统佩泽希齐扬参加纪念仪式。新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.