Connect with us

China

နွေရာသီကျောင်းပိတ်ရက် “အင်္ဂါဂြိုဟ်ပေါ်” သွားကြမယ်

“သွားကြစို့၊ ‘အင်္ဂါဂြိုဟ်’ သွားတည်ဆောက်ကြမယ်” ခိုင်မာသော သိပ္ပံစိတ်ကူးယဉ်ဖြင့် ဂြိုဟ်များဆိုင်ရာ သိပ္ပံအတွေ့အကြုံပြပွဲတွင် မိဘက ကလေးငယ်အား အဖော်ပြု လေ့လာကြည့်ရှုနေသည်ကို ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
“သွားကြစို့၊ ‘အင်္ဂါဂြိုဟ်’ သွားတည်ဆောက်ကြမယ်” ခိုင်မာသော သိပ္ပံစိတ်ကူးယဉ်ဖြင့် ဂြိုဟ်များဆိုင်ရာ သိပ္ပံအတွေ့အကြုံပြပွဲကို ဇူလိုင် ၁၈ ရက်တွင် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့၏ တရုတ်ဗိသုကာသိပ္ပံနည်းပညာပြတိုက်တွင် ဖွင့်လှစ်ခဲ့သည်။
ယင်းနေရာတွင် အပြန်အလှန်တုံ့ပြန်နိုင်သော ပြပွဲအစီအစဉ် ၁၀ ခုကျော်နှင့် ဥက္ကာခဲ ၃၀ ကျော် ပြသခဲ့ပြီး ပြပွဲကို ၂၀၂၆ ခုနှစ် မတ် ၂၉ ရက်အထိ ပြသသွားမည်ဖြစ်သည်။ ပြပွဲသည် သိပ္ပံနည်းကျအခြေခံမူများနှင့် လက်တွေ့အထောက်အထားများကို အရင်းခံပြီး အာကာသနက် အနာဂတ်၊ အင်္ဂါဂြိုဟ်တည်ဆောက်ရေး၊ အာကာသအနုပညာ ဟူ၍ ခေါင်းစဉ်ကြီး ၃ ခုကို အဓိကအာရုံစိုက် ပြသခဲ့သည်။

အနာဂတ်တွင် အင်္ဂါဂြိုဟ်ပေါ် လူနေမှုဘဝ၏ ခိုင်မာသော သိပ္ပံစိတ်ကူးစိတ်သန်းများကို အမှန်တကယ် အပြန်အလှန်တုံ့ပြန်နိုင်သည့် မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲစေပြီး ပရိသတ်များအား အနာဂတ် အင်္ဂါဂြိုဟ်အခြေစိုက်စခန်း၌ ရောက်ရှိနေသကဲ့သို့ ခံစားစေရကာ အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်ခြင်း၊ တည်ဆောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဖော်ထုတ်ခြင်းနှင့် အင်္ဂါဂြိုဟ်ပေါ်တွင် နေထိုင်ခြင်းလုပ်ငန်းစဉ်တစ်ခုလုံးကို တွေ့ကြုံခံစားနိုင်စေမည်ဖြစ်သည်။ (Xinhua)

“သွားကြစို့၊ ‘အင်္ဂါဂြိုဟ်’ သွားတည်ဆောက်ကြမယ်” ခိုင်မာသော သိပ္ပံစိတ်ကူးယဉ်ဖြင့် ဂြိုဟ်များဆိုင်ရာ သိပ္ပံအတွေ့အကြုံပြပွဲတွင် လေ့လာကြည့်ရှုနေသော ကလေးငယ်အား ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
去“火星” 度暑假
新华社照片,武汉,2025年7月18日
当日,“走!去建设火星”硬科幻行星科学体验展在湖北武汉的中国建筑科技馆开幕,现场展出10余个互动展项、30余块陨石,展期至2026年3月29日。 据了解,展览在遵循科学原理和现实依据的基础上,聚焦深空未来、火星建造、太空艺术三大主题,将未来火星生活的硬核科学畅想转换为真实可互动的场景,让观众仿佛置身未来火星基地,体验登陆、建设、开发及入住火星的全过程。
图说1:7月18日,家长陪伴孩子在“走!去建设火星”硬科幻行星科学体验展上参观。 新华社记者 肖艺九 摄
图四2:7月18日,小朋友在“走!去建设火星”硬科幻行星科学体验展上参观。新华社记者 肖艺九 摄