Asia
ဂျပန်လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့ အထက်လွှတ်တော်တွင် အမတ်နေရာ ထက်ဝက်ကျော်ဆုံးရှုံး

တိုကျို၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ဇူလိုင် ၂၀ ရက်တွင် ကျင်းပသော ဂျပန် ၂၇ ကြိမ်မြောက် အထက်လွှတ်တော် ရွေးကောက်ပွဲအတွင်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)နှင့် သန့်ရှင်းသောအစိုးရပါတီ (Komeito/CGP) ဖွဲ့စည်းထားသည့် လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့သည် အထက်လွှတ်တော်တွင် အမတ်နေရာထက်ဝက်ကျော်ဆုံးရှုံးခဲ့ကြောင်း ၊ ယင်းမှာ ၁၉၅၅ ခုနှစ် ထူထောင်ချိန်မှစ၍ အောက်လွှတ်တော်၊ အထက်လွှတ်တော် ၂ ရပ်လုံးတွင် ပထမဆုံးအကြိမ် အမတ်နေရာ ထက်ဝက်ကျော် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ဂျပန် NHK သတင်းဌာန၏ ဒေသစံတော်ချိန် ဇူလိုင် ၂၁ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။
ဒေသစံတော်ချိန် ဇူလိုင် ၂၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အထိ ဂျပန်အခြေခံဥပဒေ ဒီမိုကရက်တစ်ပါတီ၊ ဂျပန်ကွန်မြူနစ်ပါတီ၊ ဂျပန် ဆန်းသစ်တီထွင်မှုပါတီ၊ ပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ်ဒီမိုကရက်တစ်ပါတီစသည့် အတိုက်အခံပါတီနှင့် ပါတီစွဲမရှိသော ပုဂ္ဂိုလ်များသည် အမတ်နေရာ ၇၆ နေရာရရှိထားပြီး ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းမဟုတ်သည့် အမတ်နေရာ ၄၈ နေရာ ထပ်မံပေါင်းထည့်ခြင်းဖြင့် အောက်လွှတ်တော်တွင် အမတ်နေရာ စုစုပေါင်း ၂၄၈ နေရာ၏ တစ်ဝက်ဖြစ်သော ၁၂၄ နေရာအထိရရှိခဲ့ကြောင်း၊ LDP နှင့် Komeito တို့မှာမူ စုစုပေါင်း အမတ်နေရာ ၄၆ နေရာရရှိခဲ့ပြီး ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းမဟုတ်သည့် အမတ်နေရာ ၇၅ နေရာထပ်မံပေါင်းထည့်ခြင်းဖြင့် ၁၂၁ နေရာအထိ ရှိလာခဲ့ကြောင်း စာရင်းအင်းများအရ သိရသည်။
ဆန္ဒမဲရေတွက်ခြင်းလုပ်ငန်းမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ကျန်ရှိသော အမတ်နေရာ ၃ ခု၏ ပိုင်ရှင်ကို မသိရသေးသော်လည်း လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့သည် အထက်လွှတ်တော်တွင် အမတ်နေရာ ထက်ဝက်ကျော်ဆုံးရှုံးခဲ့ခြင်းမှာ အတည်ပြုထားသော အချက်ဖြစ်ခဲ့သည်။
ဂျပန် အထက်လွှတ်တော်အမတ် ရာထူးသက်တမ်းမှာ ၆ နှစ်ဖြစ်ပြီး ထက်ဝက်ကျော်ကို ၃ နှစ်တစ်ကြိမ် ပြန်လည်ရွေးကောက်ခြင်းဖြစ်သည်။ ယခုအကြိမ် အထက်လွှတ်တော်ရွေးကောက်ပွဲအတွင်း ကိုယ်စားလှယ်လောင်း ၅၂၂ ဦး က သက်တမ်းကုန်၍ ပြန်လည်ရွေးကောက်သည့် အမတ်နေရာ ၁၂၄ နေရာနှင့် ကြားဖြတ် ရွေးကောက်သည့် အမတ်နေရာ ၁ နေရာ အပါအဝင် အမတ်နေရာ ၁၂၅ ခုကို ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
ယမန်နှစ် အောက်တိုဘာလတွင် ကျင်းပသော အောက်လွှတ်တော်ရွေးကောက်ပွဲအတွင်း လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့သည် အမတ်နေရာ ထက်ဝက်ကျော်ရရှိမှုမရှိခဲ့၍ လူနည်းစုအစိုးရဖြစ်လာခဲ့သည်။ ယခုအကြိမ် အထက်လွှတ်တော်ရွေးကောက်ပွဲတွင်လည်း လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့ ရှုံးနိမ့်ခဲ့ခြင်းက ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာ၏ အာဏာရလမ်းကြောင်းကို ပိုမိုခက်ခဲစေသည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရုံးချုပ်တွင် ရွေးချယ်ခံရသော လွှတ်တော်အမတ်များအား ပန်းပွင့်ကပ်ပေးနေသည်ကို ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Pool)
…………………………………
(Chinese Version)
日本执政联盟丧失参议院过半议席
新华社东京7月21日电(记者陈泽安 李子越)据日本广播协会当地时间21日报道,在20日举行的日本第27届参议院选举中,由自民党和公明党组成的执政联盟丧失参议院过半数议席。这是自民党自1955年成立以来,首次在国会众参两院都未能取得过半数席位。
据统计,截至当地时间21日5时30分,日本立宪民主党、日本共产党、日本维新会、国民民主党、社民党等在野党以及无党派人士已经获得76个议席,加上48个非改选议席,达到参议院248个总议席的一半,即124席。而自民党和公明党共获得46席,加上75个非改选议席,达到121席。
虽然计票工作仍在进行中,剩余3个议席的归属尚不得而知,但执政联盟丧失参议院过半数议席已成既定事实。
日本国会参议员任期6年,每三年改选一半。在本次参议院选举中,522名候选人参与争夺125个议席,包括到期改选的124个议席和1个补选议席。
在去年10月举行的国会众议院选举中,执政联盟未能获得过半数议席,成为少数派政府。此次执政联盟在参议院选举中也失利,令首相石破茂的执政之路更加艰难。(完)
图说1:7月20日,在日本东京自民党总部,日本首相、自民党总裁石破茂回答记者提问。新华社发(Pool图片,弗兰克·罗比雄摄)
图说2:7月20日,在日本东京自民党总部,日本首相、自民党总裁石破茂为当选议员贴花。新华社发(Pool图片,弗兰克·罗比雄摄)