Connect with us

Europe

တရုတ်ဘားကျွမ်းဆပ်ကပ်အဖွဲ့က ရုရှားနိုင်ငံ၌ ရွှေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိ

ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် “IDOL-2025” ကမ္ဘာ့ဘားကျွမ်းဆပ်ကပ်အနုပညာပွဲတော်တွင် တရုတ်ဆပ်ကပ်အဖွဲ့က “လေဟုန်ခွင်း - အမျိုးသားအဖွဲ့လိုက် စက်ဘီးစီးပညာတင်ဆက်မှု” အစီအစဉ်အား တင်ဆက်ဖျော်ဖြေနေသည်ကို ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
“IDOL-2025” ကမ္ဘာ့ဘားကျွမ်းဆပ်ကပ်အနုပညာပွဲတော် ဆုအသီးသီးအကဲဖြတ်မှုရလဒ်ကို ဇူလိုင် ၂၀ ရက် ညပိုင်းတွင် ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ အမျိုးသားဆပ်ကပ်ရုံတွင် ထုတ်ပြန်ကြေညာခဲ့ရာ တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင်အဖွဲ့နှစ်ဖွဲ့က ရွှေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

တရုတ်နိုင်ငံဆပ်ကပ်အဖွဲ့၏ “လေဟုန်ခွင်း – အမျိုးသားအဖွဲ့လိုက် စက်ဘီးစီးပညာတင်ဆက်မှု” အစီအစဉ်သည် ကျွမ်းကျင်ဒိုင်လူကြီးအဖွဲ့ IDOL ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဆပ်ကပ်အနုပညာဇာတ်ရုံမှ “နွေဦးပျိုးပင် ပြဇာတ်အလှ” အစီအစဉ်သည် ကျွမ်းကျင်ဒိုင်လူကြီးအဖွဲ့ IDOL ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင်သောအစီအစဉ်သည် ဆန်းသစ်တီထွင်သောအိုင်ဒီယာများ အပြည့်ဖြစ်ပြီး ပြိုင်ဝင်များ၏ ဖျော်ဖြေတင်ဆက်မှုမှာ လူကိုအံ့အားသင့်စေကြောင်း မော်စ်ကိုဆပ်ကပ်အဖွဲ့ကြီး ခေါင်းဆောင် ဇက်ဖာ့ရှ်နီက သတင်းထောက်အား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက “IDOL” ကမ္ဘာ့ဘားကျွမ်းဆပ်ကပ်အနုပညာပွဲတော်တွင် ပါဝင်ရန် နှစ်စဉ် အဆင့်မြင့်ပြိုင်ပွဲဝင်များ စေလွှတ်လေ့ရှိပြီး ရုရှား စသည့်နိုင်ငံများနှင့် ဘားကျွမ်းဆက်ကပ်အနုပညာ ကူးလူးဖလှယ်မှုအတွက် တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ရုရှားနှင့် တရုတ်နိုင်ငံသည် ဆပ်ကပ်ကဏ္ဍတွင် ပိုမိုများပြားသော ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“IDOL-2025” ကမ္ဘာ့ဆပ်ကပ်အနုပညာပွဲတော်တွင် ကျွမ်းကျင်သူ၊ အများပြည်သူမီဒီယာနှင့် ပွဲတက်ဧည့်သည်တော်များဟူ၍ ဒိုင်လူကြီးအဖွဲ့ ၃ ဖွဲ့ထားရှိထားရာ ၎င်းအနက် ကျွမ်းကျင်ဒိုင်လူကြီးအဖွဲ့က စုစုပေါင်း ရွှေတံဆိပ်ဆု ၃ ဆု၊ ငွေတံဆိပ်ဆု ၃ ဆု နှင့် ကြေးတံဆိပ်ဆု ၅ ဆု အကဲဖြတ်ချီးမြှင့်ကြာင်း သိရသည်။

“IDOL” ကမ္ဘာ့ဆပ်ကပ်အနုပညာပွဲတော်ကို ၂၀၁၃ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ကမ္ဘာပေါ်တွင် လွှမ်းမိုးမှုအရှိဆုံး ဆပ်ကပ်ယဉ်ကျေးမှုအခမ်းအနားကြီးများအနက် တစ်ခုဖြစ်သည်။ ယခုအကြိမ် အနုပညာပွဲတော်ကို ဇူလိုင် ၁၇ ရက်မှ ၂၀ ရက်အထိ ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပခဲ့ပြီး ရုရုား၊ တရုတ်၊ အမေရိကန်၊ ဟန်ဂေရီ၊ ချီလီ၊ အီသီယိုးပီးယား၊ မြောက်ကိုရီးယား စသည့် နိုင်ငံနှင့်ဒေသပေါင်း ၁၅ ခုမှ လုပ်ငန်းနယ်ပယ်ကပုဂ္ဂိုလ်ပေါင်း ၂၀၀ နီးပါး တက်ရောက်ရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် “IDOL-2025” ကမ္ဘာ့ဘားကျွမ်းဆပ်ကပ်အနုပညာပွဲတော်တွင် တရုတ်ဆပ်ကပ်အဖွဲ့က “လေဟုန်ခွင်း – အမျိုးသားအဖွဲ့လိုက် စက်ဘီးစီးပညာတင်ဆက်မှု” အစီအစဉ်အား တင်ဆက်ဖျော်ဖြေနေသည်ကို ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် “IDOL-2025” ကမ္ဘာ့ဘားကျွမ်းဆပ်ကပ်အနုပညာပွဲတော်တွင် ကျွမ်းကျင်ဒိုင်လူကြီးအဖွဲ့ IDOL ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသော တရုတ်ဆပ်ကပ်အဖွဲ့က စင်မြင့်ထက်၌ ဆုလက်ခံရယူနေသည်ကို ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
中国杂技在俄罗斯摘金夺铜
新华社莫斯科7月20日电(记者刘恺 孟菁)“偶像-2025”国际马戏艺术节各奖项评选结果20日晚在俄罗斯首都莫斯科国家大马戏剧院揭晓。来自中国的两个参赛队分获金奖和铜奖。
来自中国杂技团的《驭风凌霄——男子集体车技》获得专业评委会金偶像奖。来自湖南省杂技艺术剧院的《戏韵春苗》获得专业评委会铜偶像奖。
莫斯科大马戏团团长扎帕什内对记者说,中国参赛节目创意十足,选手表演令人惊叹。他表示,中国每年都派出高水平选手参加“偶像”国际马戏艺术节,为推动与俄罗斯等国的马戏艺术交流发挥了积极作用,希望俄罗斯和中国在马戏领域开展更多交流合作。
“偶像-2025”国际马戏艺术节共设专业、大众媒体和现场观众三个评委会,其中专业评委会共评出三个金奖、三个银奖和五个铜奖。
“偶像”国际马戏艺术节于2013年首次举办,是世界最有影响力的马戏文化盛会之一。本届艺术节于17日至20日在莫斯科举办,吸引了来自俄罗斯、中国、美国、匈牙利、智利、埃塞俄比亚、朝鲜等15个国家和地区的近两百名业界人士参加。(完)
1、2:7月20日,在俄罗斯莫斯科,中国杂技团演员表演《驭风凌霄——男子集体车技》。新华社记者 孟菁 摄
3:7月20日,在俄罗斯莫斯科,获得专业评委会金偶像奖的中国杂技团演员在台上领奖。新华社记者 孟菁 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.