Connect with us

Africa & Middle East

ကမ္ဘာ့တောင်ဘက်ခြမ်း၏ အင်အားကို စုစည်းရာတွင် မီဒီယာက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဟု အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nebiat Getachew ပြောကြား

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပသော BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ် အခမ်းအနားအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဒစ် အာဘာဘာ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

BRICS နိုင်ငံများ စည်းလုံးညီညွတ်မှုကို မြှင့်တင်ခြင်းနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက် အားကောင်းလာရေးကို အထောက်အပံ့ပြုရာတွင် မီဒီယာက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ရာ ကမ္ဘာ့တောင်ဘက်ခြမ်း ပိုမို နီးကပ်စွာ သွေးစည်းညီညွတ်မှုဖြင့် အတူရှိကြရန် နိုင်ငံအသီးသီးအနေဖြင့် မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ထောက်ခံအားပေးသင့်ကြောင်း အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nebiat Getachew က မကြာမီရက်ပိုင်းက ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်ကို မကြာမီရက်များက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်သို့ BRICS အဖွဲ့ဝင်နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့၊ အစိုးရအဖွဲ့အစည်း၊ ကုမ္ပဏီလုပ်ငန်းနှင့် ဗဟိုအမေရိကန်လွှတ်တော် စသည့် ဒေသအဖွဲ့အစည်း ၁၅၀ နီးပါးမှ ကိုယ်စားလှယ် ၂၅၀ ဦးကျော် ပါဝင်တက်ရောက်ခဲ့ကြပြီး ကမ္ဘာ့အပြောင်းအလဲများကြားက BRICS မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့များ၏ တာဝန်နှင့် ဝတ္တရားကို အတူတကွ ဆွေးနွေးပြောကြားခဲ့ကြသည်။

Nebiat Getachew က အီသီယိုးပီးယားနိုင်ငံ ကိုယ်စား ယင်းဖိုရမ်သို့ တက်ရောက်ခဲ့သည်။
BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် တစ်ကမ္ဘာလုံးအတိုင်းအတာအနက် ဧရာမကြီးမားသည့် အလားအလာကို သိသာထင်ရှားစွာ ဖော်ပြနေကြောင်း၊ အထူးသဖြင့် ကမ္ဘာက ထိရောက်မှုမြင့်မား၍ တရားမျှတသည့် နိုင်ငံစုံစနစ် တည်ဆောက်ရန်အတွက် တွန်းအားပေးရာတွင် အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

“BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ယန္တရားက အပြန်အလှန်အကျိုးဖြစ်ထွန်းပြီး ဘုံအကျိုးစီးပွားကို ဖော်ဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ အခြေခံသလို တရားမျှတစွာ စီမံခန့်ခွဲမှုကို တွန်းအားပေးတဲ့ အရေးကြီးအင်အားလည်းဖြစ်တယ်။ BRICS နိုင်ငံတွေက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အားဖြည့်ရာမှာ ဧရာမကြီးမားတဲ့ အလားအလာရှိတယ်” ဟု Nebiat Getachew က ပြောကြားခဲ့သည်။

ဥတုရာသီပြောင်းလဲမှု၊ အဆုံးစွန် ဆင်းရဲနွမ်းပါးမှု၊ အကြမ်းဖက်ဝါဒ စသည့် ကြီးမားသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် BRICS နိုင်ငံများ၏ တူညီသည့်သန္နိဋ္ဌာန်နှင့် လက်တွေ့လှုပ်ရှားမှုများကို မီဒီယာများက ကောင်းမွန်စွာ ဖြန့်ချိတင်ဆက်ရန် တာဝန်ရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။
“BRICS နိုင်ငံများကြား ယဉ်ကျေးမှု၊ အနုပညာ၊ အားကစား စတဲ့ ကဏ္ဍ ဆက်စပ်မှုကို အားဖြည့်ဖို့အတွက်၊ မီဒီယာပလက်ဖောင်းက အပြုသဘောအခန်းကဏ္ဍက ပါဝင်လို့ရတယ်” ဟု Nebiat Getachew က ဆိုသည်။

BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်တွင် အမှာစကားပြောကြားရာ၌ Nebiat Getachew က BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်သည် အရေးကြီး အတွေးအခေါ်ဖလှယ်ရေးပလက်ဖောင်းကို ပေါင်းကူး တည်ဆောက်ပေးခြင်းဖြစ်ရာ BRICS နိုင်ငံများနှင့် ကြီးမားကျယ်ပြန့်လှသည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ မီဒီယာ၊ တတ်သိပညာရှင်များအကြား နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တည်ဆောက်မှုကို ထိရောက်စွာ အထောက်အပံ့ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အီသီယိုးပီးယားနိုင်ငံအစိုးရက BRICS နိုင်ငံတွေနဲ့ ၎င်းရဲ့မီဒီယာအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့အားဖြည့်သွားလိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပိုမို နီးကပ်သွေးစည်းညီညွတ်စွာ အတူရပ်တည်ရေးအတွက် နိုင်ငံအသီးသီးအနေဖြင့် မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန် Nebiat Getachew က တိုက်တွန်းခဲ့သည်။ (Xinhua)

———————-
(Chinese Version)
专访|媒体为凝聚全球南方力量发挥重要作用——访埃塞俄比亚外交部发言人内比亚特·格塔丘
新华社亚的斯亚贝巴7月21日电 专访|媒体为凝聚全球南方力量发挥重要作用——访埃塞俄比亚外交部发言人内比亚特·格塔丘   新华社记者刘方强
埃塞俄比亚外交部发言人内比亚特·格塔丘日前在接受新华社记者专访时说,媒体在加强金砖国家团结以及助力全球南方发展壮大方面发挥重要作用,各国应支持媒体间加强合作,让全球南方更加紧密地团结在一起。
金砖国家媒体智库高端论坛近日在巴西里约热内卢举行。来自包括金砖成员国及伙伴国在内的36个国家近150家媒体、智库、政府机构和企业以及中美洲议会等地区组织的250余名代表出席论坛,共话金砖国家媒体智库在世界变局中的责任与担当。
格塔丘代表埃塞俄比亚出席此次论坛。他表示,金砖国家合作机制在全球范围内彰显巨大潜力,尤其在推动世界建立高效且公平的多边体系方面具有重要意义。
“金砖国家合作机制是基于互利共赢的合作,也是推动公平治理的重要力量,金砖国家在强化多边主义方面有巨大潜力。”格塔丘说。
他还指出,媒体有责任宣传好金砖国家在应对气候变化、极端贫困、恐怖主义等重大全球性挑战方面的共同决心和切实行动。
“为加强金砖国家之间在文化、艺术、体育等方面的联系,媒体平台可以发挥积极作用。”格塔丘说。
在金砖国家媒体智库高端论坛上发言时,格塔丘表示,金砖国家媒体智库高端论坛搭建重要思想交流平台,将有效助力金砖国家以及广大全球南方国家媒体智库之间建立紧密合作伙伴关系。
“埃塞俄比亚政府愿意扩大并加强与金砖国家及其媒体机构在相关领域的合作。”格塔丘呼吁各国加强媒体间合作,让全球南方国家更加紧密团结在一起。(完)
1. 这是7月16日在巴西里约热内卢拍摄的金砖国家媒体智库高端论坛现场。新华社记者王天聪摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.