Asia
နိုင်ငံရေးတည်ငြိမ်မှုအား ထိန်းသိမ်းရန်အတွက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်ဟု ရှိဂဲရု အီရှီဘာ ဆို

တိုကျို၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက ဇူလိုင် ၂၁ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အထက်လွှတ်တော် ရွေးကောက်ပွဲအတွင်း ရှုံးနိမ့်မှုအတွက် တောင်းပန်ပါကြောင်း၊ သို့သော် ဂျပန်နိုင်ငံသည် လက်ရှိတွင် ဂျပန်-အမေရိကန် စည်းကြပ်ခွန် ညှိနှိုင်းဆွေးနွေးမှု၊ ကုန်ဈေးနှုန်းမြင့်မားမှု စသည့် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုအား ထိန်းသိမ်းရန်အတွက် မိမိအနေဖြင့် ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယမန်နှစ် အောက်တိုဘာလက ကျင်းပသည့် ဂျပန်နိုင်ငံ အောက်လွှတ်တော် ရွေးကောက်ပွဲအတွင်း အာဏာရညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်အမတ်နေရာ ထက်ဝက်ကျော် ဆုံးရှုံးသွားခဲ့သည်။ ယခုလ ၂၀ ရက်တွင် ကျင်းပသည့် ဂျပန်နိုင်ငံ ၂၇ ကြိမ်မြောက် အထက်လွှတ်တော် ရွေးကောက်ပွဲအတွင်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ခိုမေတိုပါတီတို့ဖြင့် ဖွဲ့စည်းထားသော အာဏာရညွန့်ပေါင်းအဖွဲ့သည် အထက်လွှတ်တော်၏ လွှတ်တော်အမတ်နေရာ ထက်ဝက်ကျော် ဆုံးရှုံးသွားသဖြင့် ရှိဂဲရု အီရှီဘာ၏ အုပ်ချုပ်ရေးလမ်းကို ပိုမိုခက်ခဲသွားစေမည်ဖြစ်သည်။
အာဏာရညွန့်ပေါင်းအဖွဲ့က အဘယ်ကြောင့် အထက်လွှတ်တော် ရွေးကောက်ပွဲအတွင်း ရှုံးနိမ့်ရခြင်းနှင့် စပ်လျဉ်း၍ ရှိဂဲရု အီရှီဘာက အကြောင်းရင်းတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ကုန်ဈေးနှုန်း မြင့်မားမှု စသည့် ပြဿနာများပါဝင်ကြောင်း၊ အမြန်ဆုံး ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်း၏အနာဂတ် အုပ်ချုပ်ရေးလမ်းကြောင်းတွင် “ဆူးငြှောင့်ခလုတ်များ” နှင့် ပြည့်နှက်နေကြောင်း၊ အခြားနိုင်ငံရေးပါတီများနှင့် ပိုမိုအသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီသည် ခိုမေတိုပါတီနှင့် ဆက်လက် ပူးတွဲအုပ်ချုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အာဏာရညွန့်ပေါင်းအဖွဲ့အား တိုးချဲ့ရန် ဆန္ဒမရှိကြောင်း ရှိဂဲရု အီရှီဘာက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
石破茂:将继续担任日本首相以保持政治稳定
新华社东京7月21日电(记者陈泽安 李子越)日本首相石破茂21日在记者会上表示,对参议院选举失利表示歉意,但日本当下面临日美关税谈判、物价上涨等问题,为使政治保持稳定,自己将继续担任首相。
在去年10月举行的日本国会众议院选举中,执政联盟失去众议院过半数议席。在本月20日举行的日本第27届参议院选举中,由自民党和公明党组成的执政联盟丧失了参议院过半数议席,这令石破茂的执政之路更加艰难。
对于执政联盟为何在此次参议院选举中失利,石破茂说原因包括政治改革、物价上涨等问题,并表示将尽快进行分析。
石破茂表示,其今后的执政道路充满“荆棘”,将更为细致地与其他政党进行讨论。他还说,自民党将继续与公明党联合执政,目前无意扩大执政联盟。(完)
图说:7月21日,在日本东京,日本首相石破茂在记者会上发言。新华社/共同社